လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, March 25, 2013

မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန် တောင်ကိုရီးယား အတည်ပြု

Photo: မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် အကူအညီပြန်ပို့ရန်
တောင်ကိုရီးယား အတည်ပြု
Monday, March 25, 2013

မြောက်ကိုရီးယား၏ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် ဒုံးပျံလွှတ်တင်မှုနှင့် ယခု နှစ်၊ မတ်တွင် တတိယ အကြိမ်မြောက် မြေအောက် အဏုမြူဗုံး
ဖောက်ခွဲမှုတို့ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှု အလွန်အမင်း
မြင့်တက်ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားထံ ပထမဆုံးအကြိမ်အဖြစ် အကူအညီပြန်ပေးရန် မတ် ၂၂ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအတွက် ၀မ် ၆၇၈ သန်း (အမေရိကန်ဒေါ်လာ ၆၀၅၀၀) တန်ဖိုးရှိ တီဘီရောဂါ ကာကွယ်ဆေးများကို သင်္ဘောဖြင့်ပေးပို့ရန်
တောင်ကိုရီးယား အကူအညီပေးရေးအဖွဲ့ Eugene Bell အား ခွင့်ပြုချက် ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယား
ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအတည်ပြုမှုမှာ လူသားချင်း အကူအညီပေးရေးအတွက်ဟုသာ မှတ်ယူရမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ မကြာသေးမီက ပြုမူခဲ့သော ရန်စသည့်လုပ်ရပ်များကို ခွင့်လွှတ်လိုက်သည်ဟု မမှတ်ယူစေလိုကြောင်း ယင်းဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကင်ယွန်ဆပ်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်ဆန်းပိုင်းတွင် သမ္မတဟောင်း လီမြောင်ဘတ်၏ ကွန်ဆာဗေးတစ်အစိုးရ တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာနှင့် မြေသြဇာများကို သင်္ဘောများဖြင့် ပေးပို့ခြင်းအား ရပ်ဆိုင်းခဲ့သည်။ သို့သော် အရပ်ဘက်အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှု အကူအညီပေးခြင်းတို့အား ခွင့်ပြုပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် သင်္ဘောဖြင့် ပေးပို့ထားခဲ့ခြင်း
ဖြစ်သည်။

Ref:AFP
Eleven

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..