လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 27, 2013

“ လူမိုက်နည်း မကျင့်သုံးနဲ့ ”

Photo: “ လူမိုက်နည်း မကျင့်သုံးနဲ့ ”
••••••••••••••••••••••

“ လူတစ်ယောက် သတ္တိရှိတယ်ဆိုတာ 
တစ်ဖက်သားကို လက်သီးနဲ့ထိုးမှ၊ တုတ်နဲ့ချမှ 
မဟုတ်ဘူး။ ဒါက လူမိုက်တို့ရဲ့ အမူအရာပဲ။ 
အမှန်က အခုလို သည်းခံခြင်းတရားနဲ့ ပြည့်စုံ
ပြလိုက်မှသာ သတ္တိအစစ်၊ သူတော်ကောင်း
တို့ရဲ့သတ္တိ မှတ်ထားကြစမ်းပါ။

ဒေါသရှေ့ထားပြီးမခံချင်တရားနဲ့ တုံ့ပြန်လိုက်ရင် 
အဲဒါ ကိုယ့်ဘက်က အပြတ်အသတ် ရှုံးတော့တာပဲ။ 
ဘုရားဟောလည်းရှိသည်ပဲ။ 
- “ ရန်ကို ရန်ချင်း မတုံ့လျဉ်းနဲ့ ”တဲ့၊
- “ ဆဲရေးလာသူကို ကိုယ်က ပြန်၍ မဆဲခြင်းဖြင့်
အောင်နိုင်ရာ၏ ” တဲ့။
- အဲဒါတွေ အသုံးပြုကြစမ်းပါ။ ဘုရားရှင်ကိုယ်တော်
မြတ်ကြီးက ကျင့်သုံးစေလို့သာ ဟောထားတာ၊
ဒါကြောင့် လူတစ်ဦးရဲ့သတ္တိဟာ “ သည်းခံခြင်းတရား ”
လို့ ပီပီသသကြီး မှတ်သားထားလိုက်ကြစမ်းပါ။ ”

- ( ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ )

Young Buddhist's Association

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..