ပြင်းထန်သော တိုက်ခိုက်မှုများ မပြုလုပ်မီ ဒေသခံများ အနေဖြင့် ထွက်ပြေးရန် မြောက်ကိုရီးယား နိုင်ငံက သတိပေးမှု ပြုလုပ်ခဲ့သော်လည်း တင်းမာ မှု ဖြစ်ပေါ်နေသော ပင်လယ်ပြင်နှင့် အနီးဆုံး ကျွန်းပေါ်ရှိ ဒေသခံများက အဆိုပါ သတိပေးချက်အား အရေးစိုက်ခြင်း မရှိကြောင်း တောင်ကိုရီးယား အရာရှိ တစ်ဦးက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ နယ်စပ်ဒေသ ပဋိပက္ခသည် စစ်ပွဲအတွင်းသို့
ကူးပြောင်း သွားပါက ပြင်းထန်သော အကျိုးဆက်များအား ရှောင်လွဲနိုင်ရေး အတွက် တောင်ပိုင်း နယ်စပ် ဒေသရှိ ကျွန်း ၅ ကျွန်းမှ ဒေသခံများအား ထွက်ခွာသွားရန် မြောက်ကိုရီးယား အစိုးရ ဝဘ်ဆိုဒ် တစ်ခုဖြစ်သည့် Uriminzokkiri ၌ ဖော်ပြထား ပါသည်။ Baengnyeong နှင့် Yeonpyeong ကဲ့သို့သော နယ်စပ်ဒေသရှိ ကျွန်း ၅ ကျွန်းမှ ဒေသခံများအတွက် လက်ရှိအချိန်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကောင်းဆုံး အချိန် ဖြစ်ကြောင်း အဆိုပါ ဝဘ်ဆိုဒ်တွင် ဖော်ပြပါရှိ ပါသည်။
MWD
No comments:
Post a Comment