လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, September 22, 2012

ဂက်(စ်)အိုး အရောင်းဆိုင်များ ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ဖွင့်ခွင့်ပိတ်ပင်

ဂက်(စ်)အိုးနှင့် ပေါက်ကွဲစေတတ်သောပစ္စည်း ရောင်းချသည့် ဆိုင်များအား ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဆက်လက်ဖွင့်လှစ် ရောင်းချခွင့်များ ပေးသွားတော့မည် မဟုတ်ဟု သက်ဆိုင်ရာမှ သတင်းရရှိသည်။ အဆိုပါ ပစ္စည်းများ ရောင်းချခြင်းကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရပြီး မီးလောင်မှု ဖြစ်ပွားပါကလည်း ပတ်ဝန်းကျင်ကို အန္တရာယ်များစွာ ရှိစေခြင်းကြောင့်
ကန့်သတ်တားမြစ်ရခြင်း ဖြစ်သည်ဟုလည်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အရောင်းဆိုင်များကို မြို့တွင်း ခြောက်မြို့နယ်တွင် ရောင်းချခွင့် မပြုတော့သော်လည်း ဘုရင့်နောင်လမ်းရှိ သတ်မှတ်နေရာများတွင် ရောင်းချသွားစေမည်ဟုလည်း သိရသည်။ လမ်းမတော်မြို့နယ်တွင် စက်တင်ဘာ ၇ ရက်က အိမ်သုံး ဂက်စ်ပစ္စည်းဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ အဆိုပါ မီးလောင်မှုမှာ ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် အန္တရာယ်အရှိဆုံး မီးလောင်မှုဟု သတ်မှတ်မှုများ ပင်ရှိခဲ့ပါသည်။ အဆိုပါ မီးလောင်မှုမှာ အချိန် ၂ နာရီကြာမျှ ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုယ်တိုင် သွားရောက်ကြည့်ရှု ညွှန်ကြားမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ ဂက်(စ်)အိုး ရောင်းချသော ဆိုင်များအနေဖြင့် အိုးအလွတ် သပ်သပ်ရောင်းချပါက အန္တရာယ် မရှိနိုင်သော်လည်း ဂက်စ်ငွေ့များ ဖြည့်တင်းရောင်းချမှုများ ရှိလာသောကြောင့် အန္တရာယ်ရှိသည့် အနေအထားရှိနေကြောင်း မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက မှတ်ချက်ပြုပြောကြားသွားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ကနောင်သားလေးဇင်အောင် 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..