လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, April 21, 2014

“မြန်မာ့သတ္တိကမ္ဘာသိစေခဲ့သောစခန်း(သို့မဟုတ်) အို-7 (သို့မဟုတ်) ငါမသေငါ့စခန်းမကျစေရ”

Myanmar Forward's photo.

(O-7) ဒီစခန်းနာမည်ကြားတာနဲ့ ကျတော်ကြက်သီးထမိတယ်။ မြန်မာဆိုတာဘာလဲလို့ လက်ခမောင်းခတ်ပြခဲ့
တဲ့စခန်း၊ တပ်မတော်သားတွေသွေးနဲ့ ခြံစည်းရိုးခတ်ခဲ့တဲ့စခန်း၊
ကိုယ့်မြေကိုယ့်ရေတစ်လက်မကို အသက်မကချစ်ခဲ့ကြသူတွေနေခဲ့တဲ့စခန်း၊ ဘု၇င့်နောင် နဲ့ အလောင်းမင်းတရားတို့ ရဲ့မျိုးဆက်တွေစစ်မှန်ကြောင်းသက်သေပြနိုင်ခဲ့တဲ့စခန်း၊ ကျတော့်ကိုတပ်မတော်သားတစ်ယောက်ဖြစ်စေခဲ့သည်အထိ ကျတော်လေးစားခဲ့၇တဲ့စခန်း။
နယ်မြေအခြေအနေ
မြန်မာ့တပ်မတော်မှတရုတ်ဖြူအားတိုက်ခိုက်စဉ်ထိုတောင်ကုန်းအား(OBJECTIVE-7)ဟုသတ်မှတ်ရာမှအို-7 ဟုခေါ်တွင်ခဲ့သည်။ စခန်းကုန်း၏ အရှေ့မြောက်(၂၅၀၀)ကိုက်အကွာတွင်တဘက်နိုင်ငံမယ်ဆိုင်မြို့ ရှိပီးလမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ပါသည်။

တိုက်ပွဲတွင်ပါဝင်ခဲ့သောတပ်များ
ရန်သူ- ယိုးဒယားတပ် တိုင်း(၃)လက်အောက်ခံ ခြေလျင်တပ်အင်အား(၄၀၀)၊ M-60 MBT (၃)စီး၊
Stringary ligt tank (၂)စီး၊ Commando သံချပ်ကာယာဉ်(၅)စီး ၊ MLRS (၃)စီး၊ ၁၂၀မမ
စိန်ပြောင်း(၅)လက်၊ ၆၀မမ စိန်ပြောင်း(၄)လက်၊ RPG တင့်ဖျက်လောင်ချာ(၁၂)လက်၊ ပွိုင့် 5 စက်သေနက်ကြီး (၆)လက်ပါရှိပါသည်။

မိမိ- ခမရ(၃၅၉) မှစစ်ကြောင်း(၂) တပ်စု(၈)စု
၈၁မမစိန်ပြောင်း(၂)လက် ၊ MA-7 (၂)လက်BA-103 လောင်ချာ(၂)လက်၊MG-3
စက်လက်(၂)လက်နှင့်ပစ်ကူအနေဖြင့်အမှတ်(၀၇၉)အမြောက်တပ်ခွဲမှ
(၁၂၀)မမစိန်ပြောင်း(၃)လက် ၊ နမ့်စန်လေတပ်စခန်းဌာနချုပ်မှSUPER GALAP
G-4 မြေပြင်တိုက်ခိုက်ရေး လေယာဉ်(၄)စီးပါဝင်ခဲ့ပါသည်။

ကွပ်ကွဲမှု
ရန်သူ- ယိုးဒယားတပ်မတော်မှအမှတ်(၃) စစ်တိုင်းမှူး
ဒုတိယဗိုလ်ချုပ်ကြီး ၀ပ်တနာချိုင်ချိုင်းမြွန်ဝုန်သည်မယ်ဆိုင်တွင်အခြေပြုကွပ်ကဲခဲ့သည်။

မိမိ- တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သိန်းစိန်(ယခုနိုင်ငံတော်သမ္မတကြီး) ကျိုင်းတုံတွင်အခြေပြု၍ အနီးကပ်ကွပ်ကဲခဲ့သည်။

တိုက်ပွဲဖြစ်ပွားရသောအကြောင်းအရင်း

အမှတ်(၃၅၉)ခြေမြန်တပ်ရင်းမှဒုအရာခံဗိုလ်ကျော်ဌေးဦးစီး
အင်အား(၁၀)ဦးနေ၇ာယူထားသော(အို-၇)တောင်ကုန်းအား ယိုးဒယား
တပ်မှတပ်ကြပ်ကြီးအဆင့်ရှိသူဦးစီး (၂၀)ဦးခန့်မှနေရာယူတပ်စွဲရန်လာရောက်စဉ်မိမိတပ်မတော်မှ
မြန်မာ့ပိုင်နက်ဖြစ်ကြောင်း
ဒီမြေသည် ငါတို့ မြေ ဖြစ်ကြောင်း
မည်သည့်နည်းဖြင့်မျှဆုတ်ခွာပေးလိမ့်မည်မဟုတ်ကြောင်း
သတ္တိရှိလျှင်တပ်ချင်းရင်ဆိုင်နိုင်ကြောင်း
ငါတို့ သေမှ ဒီစခန်းရမည်ဖြစ်ကြောင်း
ပြန်လည်ပြောဆိုမောင်းထုတ်ရာမှပြန်မဆုတ်ပဲစခန်းကုန်းရှေ့
ကိုက်(၂၀၀)ခန့်တွင်တပ်စွဲထားပြီး(၇-၁-၂၀၀၁)ရက်နေ့တွင်ယိုးဒယားတပ်မှဗိုလ်ကြီး
ယိုးထင်ဦးစီးအင်အား(၄၀) ယောက်မှေ၇ာက်ရှိပီး ကုန်းမှဖယ်ပေးရန်ပြောကြားမှုကြောင့်
ခမရ(၃၅၉) တပ်ခွဲ(၂) တပ်စု(၄)အားဖြည့်တင်း လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။ ယိုးဒယား
တပ်မတော်မှခြေလျင်စစ်သည်(၁၀၀) COMMANDO သံချပ်ကာ(၂)စီးM-60 တင့်၎စီး
၁၂၀ မမယာဉ်တင်စိန်ပြောင်း၂ လက်ထပ်မံရောက်ရှိလာမှုကြောင့်နှစိနိုင်ငံနယ်ခြားပြသနာ
စတင်ဖြစ်ပွားခဲ့ရပါသည်။

ယိုးဒယားတပ်မတော်သည် ၂၀၀၁ ခုနှစ်ဖေဖော်ဝါရီလ(၂၄) ရက်နေ့  နံနက် ၅ နာရီခန့် တွင်စတင်ရန်စကျုးကျော်တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်မတော်မှ အို-7 စခန်းမှုး ဗိုလ်ကြီးစောနိုင်ဦးစီးသော တပ်ခွဲမှ လက်နက်ငယ်များဖြင့် မဆုတ်တန်း ခုခံပစ်ခတ်ကြသည်။
ရန်သူမှအင်အားအလုံးအရင်းဖြင့် လက်နက်ငယ်လက်နက်ကြီးများဖြင့် တရစက် တိုက်ခိုက်ခဲ့ကြသော်လည်း
တပ်ခွဲမှုးနှင့်တကွ တပ်မတော်သားအားလုံးသည် အသက်ကိုမမှု ကိုယ့်မြေကိုယ့်ရေကာကွယ်ရန်အတွက်သာ
သံဓိဌာန်ချ ခုခံတိုက်ခိုက်ခဲ့ကြသည့်အတွက် ရန်သူမှ နောက်လန်၍ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ တိုက်ပွဲသတင်းကြားသည်နှင့် ခမရ(၃၅၉) မှ ဒုတပ်ရင်းမှုးဦးစီး စစ်ကြောင်း(၂) နှင့် တပ်ခွဲတစ်ခွဲ အားဖြည့်
စေခဲ့သည်။ နံနက် ၉နာရီခန့် တွင်ရန်သူ့ တပ်မှ သံချပ်ကား(၅)စီး အပါအ၀င် ၁၂၀မမ စိန်ပြောင်းတင် ထရပ်ကားများ၊ တင့်ကားများနှင့်အတူ ထရပ်ကားများဖြင့်သယ်ဆောင်လာသော ရိန်းဂျားစစ်သည်(၂၀၀) ဦးခန့် ထပ်မံရောက်ရှိလာခဲ့သည်။ ထို့ အပြင် အရှေ့ တောင်ဘက်တွင်လည်း တင့်ကား(၃) စီးနှင့် ရိန်းဂျားစစ်သည် (၆၀) ဦးခန့် ထပ်မံရောက်ရှိလာခဲ့လေသည်။ တိုက်ပွဲသတင်းအား အထက်သို့ တင်ပြခဲ့ရာ
မြန်မာ့တပ်မတော်မှ နမ့်စမ်လေတပ်စခန်းဌာနချုပ်တွင် G-4 တိုက်လေယာဉ် လေးစီး အသင့်ပြင်ဆင်ထားရှိစေခဲ့သည်။

နေ့ လည် ၁ နာရီခန့် တွင် ယိုးဒယားတပ်မှစတင်၍ အမြောက်များလက်နက်ကြီးများ တင့်ကားများ သံချပ်ကားများဖြင့်စတင်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်ကြီးစောနိုင်ဦးနှင့် ဗိုလ်စောဝင်းတင် တို့ ခံစစ်နေရာယူထားသောနေရာများကို များစွာကျရောက်ပေါက်ကွဲကာ တပ်မတော်သား တော်တော်များများ ကျဆုံး ဒဏ်ရာရရှိ ခဲ့သည်။ တစ်ဆက်တည်းမှာပင်ရန်သူ ရိန်းဂျားစစ်သည် (၁၀၀) ခန့် သည် ဗိုလ်နေမျိုး၏ ရှေ့ ခံစစ်စည်းမှနေ၍ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြသည်။ ဗိုလ်နေမျိုးဦးစီးသောတပ်စုမှ စစ်သည်များသည်
စွန့် လွှတ်စွန့်စားသောစိတ်၊ လှေခွက်ချည်းကျန်အောင်လံမလှဲသည့်စိတ်ဓါတ်တို့ ဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံကြသည်။ ဗိုလ်နေမျိုး နှင့်စစ်သည်များ၏ ပါးစပ်မှလည်းတစ်ဖွဖွဖြင့်အော်ဟစ်ပြောဆိုပစ်ခတ်သည်။

ငါမသေ ငါ့စခန်းမကျစေရ ဘူးကွ
ယိုးဒယားတွေ ကြိုက်တဲ့ကောင်တက်ခဲ့စမ်း
အလောင်းမင်းတရားမျိုးဆက်တွေကွ
မြန်မာကွ ငါတို့ မြေကိုလိုချင်ရင် ငါတို့ ကိုအရင်သတ်နိုင်မှရမယ် ။
အစရှိသည်ဖြင့်အော်ဟစ်ပြောဆိုပစ်ခတ်ကြသည်။ အင်အားချင်းမမျှတသော်လည်း မြန်မာ့တပ်မတော်သား များ၏ ရဲဝံ့စွန့် စားသော ခုခံမှုတို့ ကြောင့် ယိုးဒယားတပ်များဟာ စခန်းခံစစ်စည်းကိုမဖောက်နိုင်ခဲ့ကြပေ။ ထို့ ပြင် ဗိုလ်နေမျိုးနှင့်သူ၏စစ်သည်များ၏သတ္တိမှာ အံ့မခန်းခဲ့ပါ။ စခန်းကုန်းမှဆင်း၍ ရန်သူကိုတန်ပြန်တိုက်စစ်ဆင်နွှဲကာ ကျားထိုး၍ လုံးထွေးသတ်ပုတ်ကြသဖြင့် ရန်သူမှာ ကြောက်လန့် ပြီး
အနောက်ဘက်ရှိ လိုင်ချီး ခင်းဘက်သို့ ထွက်ပြေးခဲ့ရသည်။ ထိုအချိန်မှစ၍ ရန်သူသည် စခန်းအား ခြေလျင်တပ်ဖြင့်လာရောက်တိုက်ခိုက်ခြင်းမပြုတော့ပေ။ ရင်ဆိုင်ကုန်းပေါ်မှနေ၍ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်တော့သည်။ မြန်မာ့တပ်မတော်မှလည်း ရန်သူ့ လက်နက်ကြီးနေရာများကို (၁၅၁၅) အချိန်မှစ၍ အချက်(၁၀၀) ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ထို့ ပြင် ရန်သူ့ လက်နက်ကြီးအခြေခံနေရာများနှင့် ကွပ်ကဲမှုနေရာများအား မြန်မာ့တပ်မတော်(လေ)မှ G-4 တိုက်လေယာဉ် (၄) စီးဖြင့်ပစ်ခတ်ချေမှုန်းခဲ့သဖြင့်
ယိုးဒယားတပ်မတော်သည် ၁၉၀၀ ချိန်တွင် အပြီးတိုင်ဆုတ်ခွာထွက်ပြေးခဲ့ရပြီး တိုက်ပွဲအဆုံးသတ်ခဲ့သည်။

တိုက်ပွဲအပြီးတွင် မြန်မာ့တပ်မတော်မှ တပ်မတော်သား(၁၅) ဦးတိုင်းပြည်အတွက်အသက်စတေးခဲ့ရပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကာ ရန်သူ့ ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့ မှ ပြည်သူ(၃)ဦးအသက်ဆုံးရှုံးကာ(၁၅)ဦးဒဏ်ရာရရှိခဲ့
သည်။ ထိုင်းတပ်မတော်မှ စစ်သည်(၆၀)ဦးအလောင်းရရှိခဲ့ပြီး လက်နက်များနှင့် ဆက်စပ်ပစ္စည်းများပါ ဖမ်းဆီးရရှိခဲ့သည်။ တိုက်ပွဲတွင် မြန်မာ့တပ်မတော်မှ
ကြည်း ၂၆၈၅၉ ဗိုလ်ကြီး စောနိုင်ဦး
ကြည်း ၃၁၂၇၈ ဗိုလ်နေမျိုး
အမှတ်၉၅၇၃၁၅ တပ်သားမောင်စိုး တို့ အား နိုင်ငံတော်မှ သူရဘွဲ့ ချီးမြှင့်ခဲ့ပြီး အရာရှိ(၂)ဦးနှင့်အခြားအဆင့်စစ်သည် (၇) ဦးတို့အား သူရဲကောင်းမှတ်တမ်းဝင်လက်မှတ်ချီးမြှင့်ခဲ့သည်။

ဤသို့ ဖြင့် အို-7 တောင်ကုန်းမှ မြန်မာ့သတ္တိကို ကမ္ဘာကိုပြသခဲ့သည်။ မြန်မာတွေသွေးဘယ်လောက်ရဲကြောင်း
ဖောက်ပြခဲ့ကြသည်။ ကိုယ့်မြေကိုယ့်ရေဟူသောစိတ်တစ်ခုတည်းဖြင့် တပ်မတော်သားတို့ သေမင်းကိုအံတုခဲ့ကြသည်။
ဒီတိုက်ပွဲဖြစ်စဉ်တုန်းက ကျတော်ဟာ ၇ တန်း ၈ တန်းသာသာပဲရှိသေးတယ်။ ဒါပေမယ့် တိုက်ပွဲအကြောင်း တစ်စွန်းတစ်စကြားခဲ့ရယုံဖြင့် ကျတော့်သွေးတွေပွက်ခဲ့တယ်။ မျိုးချစ်စိတ်တို့ တစ်ဟုန်းဟုန်းတောက်လောင်ခဲ့တယ်။ တပ်မတော်သို့ ဝင်ရောက်လိုစိတ်အရမ်းပြင်းပြခဲ့တယ်။
ထိုင်းဘုရင်ကို သူ့ သားက မြန်မာပြည်ကိုသိမ်းဘို့ အစီစဉ်တင်ပြရာမှာ ရန်ကုန်ကို သုံးနှစ်နဲ့ အရောက်တိုက်မယ်လို့ ပြောခဲ့တယ်။ မြန်မာ့တပ်မတော်သားတွေက ဘန်ကောက်ကို သုံးလနဲ့ အရောက်ချီတက်မယ်လို့ ကြိမ်းဝါးပြခဲ့ကြတယ်။ထိုင်းဘုရင်ကအဲဒီကြိမ်းဝါးချက်ကို
အပြည့်အ၀ယုံကြည်ခဲ့တယ်လို့ ကျတော်ကြားဘူးတယ်။
တစ်ချိန်က အို-7 တောင်ကုန်းထိပ်က ကျဆုံးသွားခဲ့သော ၊ မကျဆုံးခဲ့သော စစ်သည်များ
တိုင်းပြည်အတွက် အရာခပ်သိမ်းပေးဆပ်ခဲ့သော စစ်သည်များကို ဒီနေရာကနေ လေးစားစွာ
အလေးပြုလိုက်ပါတယ်။ အခုတော့ အို-7 တောင်ထိပ်မှာ ဆိုင်းဘုတ်ကြီးတစ်ခု ဟာ မြန်မာ-ထိုင်း
နှစ်ဘာသာဖြင့် ယိုးဒယားဘက်ကိုလှည့်ပြီး ခန့် ထည်စွာ စိုက်ထူထားပါတယ်။ဆိုင်းဘုတ်မှာရေးထားတာက

“ ငါမသေ ငါ့စခန်းမကျစေရ “ တဲ့။

“ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့် လွှတ်ရန် အဓိဌာန်ပြုပါ၏ “

ထူးဝေ
 Myanmar Forward's photo.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..