လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, April 21, 2014

ဒေါက်တာဦးထွန်းလွင် ရဲ့ မိုးလေ၀သ သတိပြုရန်လိုအပ်ကြောင်း အသိပေးပြောကြားချက်-----

Photo: ဒေါက်တာဦးထွန်းလွင် ရဲ့ မိုးလေ၀သ သတိပြုရန်လိုအပ်ကြောင်း အသိပေးပြောကြားချက်-----

မိုးကြိုကာလတွင် မိုးတိမ်တောင်ကြောင့်ဖြစ်သော မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မုန်တိုင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လို

မိုးကြိုကာလတွင် မုန်တိုင်းအန္တရာယ်နှင့် မိုးတိမ်တောင်ကြောင့်ဖြစ်သော မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်ပွားနိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က အသိပေးပြောကြားသည်။

“ဧပြီ ၁၅ ထဲကတည်းက မိုးကြိုကာလ ရောက်နေပြီ။ အဲဒီကာလက မိုးတိမ်တောင်တွေဖြစ်ပြီးတော့ မိုးကြိုးပစ်တာတွေ၊ လေပြင်းတိုက်တာတွေ၊ လျှပ်တစ်ပြပ်ရေကြီးတာတွေ ဖြစ်တယ်။ နောက်ထပ်တစ်ခုက မုန်တိုင်းဖြစ်ပွားနိုင်တယ်။ မိုးကြိုးပစ်လို့သေတာတွေ ဖြစ်နေပြီ။ သိတဲ့စာရင်းအရ မိုးကြိုးပစ်လို့သေတာ နေပြည်တော်အနီးကရွာမှာ ခုနစ်နှစ်အရွယ် ကျောင်းသားလေးတစ်ဦး သေသွားတယ်။ လေဆင်နှာမာင်းက အင်းလေးက ဒုတိယဖြစ်တာ။ ပထမတစ်ကြိမ် ဖြစ်ပြီးသွားပြီ။ မိုးသက်လေပြင်း တိုက်တာကတော့ များတယ်။ အထက်အညာမှာ ပိုများတယ်။ မိုးတိမ်တောင်အန္တရာယ်က တစ်လနီးပါးလောက် ကျန်သေးတယ်။ ပြီးတော့ အခုကာလက မုန်တိုင်းကာလလို့ ပြောပေမယ့် မုန်တိုင်းဖြစ်မယ်လို့ ကျိန်းသေပြောတာ မဟုတ်ဘူး။ မုန်တိုင်းက ဖြစ်ရင်လည်းဖြစ်မယ် မဖြစ်ရင်လည်း မဖြစ်ဘူး။ အခြေအနေတွေက အမြဲစောင့်ကြည့်နေရတယ်” ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နွေရာသီကာလအတွင်း မိုးတိမ်တောင်များ ဖြစ်ပွားခြင်းသည် ပူပြင်းခြောက်သွေ့သောလေများ အပေါ်သို့တက်ကာ တိမ်တိုက်များတစ်ခုနှင့်တစ်ခု ပေါင်းစပ်ဖြစ်ပွားလာခြင်း ဖြစ်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

“နွေရာသီ ပူနွေးတဲ့အချိန်မှာ လေကအပေါ်ကို တက်သွားတယ်။ အပေါ်မှာ တိမ်တိုက်တွေ တစ်ခုနဲ့တစ်ခု ဆက်ပြီးတော့ မိုးတိမ်တောင်တွေ ဖြစ်သွားတယ်။ မိုးတိမ်တောင်တွေက ရေကြောင်းသွားလာရေးနဲ့ လေကြောင်းသွားလာရေးမှာ အခက်အခဲတွေ ဖြစ်နိုင်တယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံ အနှံ့တွင် မုတ်သုံမ၀င်မီ မိုးကြိုကာလအတွင်း အပူချိန်များ မြင့်တက်ရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး ၎င်းမိုးတိမ်တောင်များ သွားရာလမ်းတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပွားနိုင်ပြီး လေပြင်းတိုက်ခတ်ပါက တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မုန်တိုင်း သတိပေးချက် အနေဖြင့်လည်း မိုးကြိုကာလသည် မုန်တိုင်းရာသီ ဖြစ်သည့်အတွက် မုန်တိုင်းသတိပေးချက်များ ရရှိပါက မုန်တိုင်းသတင်းများ နားထောင်ခြင်း၊ ရေလမ်းခရီးနှင့် ငါးဖမ်းထွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စားနပ်ရိက္ခာနှင့် လိုအပ်သောဆေးဝါးများ စုဆောင်းထားခြင်း၊ ရေလွှမ်းမိုးနိုင်သော မြေနိမ့်ပိုင်းနေရာများမှ အမြန်ဆုံး ထွက်ခွာမှုများ ပြုလုပ်သင့်ကြောင်းကိုလည်း သတိပေးထားသည်။

ယခုအချိန်တွင် မိုးကြိုမိုးသည် အထိုက်အလျောက်သာ ရွာသွန်းနေပြီး မိုးရာသီ ရောက်ရှိရန်အတွက် အနောက်တောင် မုတ်သုံလေ မ၀င်ရောက်သေးသည့် ကာလအတွင်း မိုးနည်းပါးသည့်အတွက် ဒေသအချို့တွင် ရေအခက်အခဲ ရင်ဆိုင်နေရကြောင်း သိရသည်။

သစ်ပင်သစ်တော နည်းပါးလာခြင်းသည် ရာသီဥတုကို ပိုမိုပူပြင်း ခြောက်သွေ့သည့် ရာသီဥတုကို ဖြစ်ပွားစေခြင်းကြောင့် ကာဗွန်ကို စုပ်ယူပေးသည့် သစ်ပင်သစ်တော နည်းပါးလာခြင်းက ပတ်ဝန်းကျင်တွင် အပူဒဏ်ကို ပိုမိုခံစားလာရသလို ဖြစ်လာစေသည်။

တစ်ဖက်တွင် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုအဖြစ် မိုးရေချိန် ကျဆင်းခြင်းက တွဲစပ်လိုက်သောအခါ ခံစားရသော အပူရှိန်သည် နွေကာလဖြစ်စေ၊ မိုးကာလ မိုးနည်းပါးချိန်တွင်ဖြစ်စေ သိသိသာသာ ခံစားလာခြင်းဖြစ်ကြောင်းကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက ထောက်ပြကြသည်။

မိုးကြိုကာလသည် ဧပြီ ၁၅ ရက်မှ မေ ၁၅ ရက်အထိဖြစ်ပြီး မုတ်သုံမကျရောက်မည့် အချိန်အထိ မိုးတိမ်တောင်အန္တရာယ်သည် သတိပြုရန်လိုအပ်ကြောင်း သိရသည်။

Credit : EMG
photo: Myanmar Weather Map

Weather Forecast Monday 21 Apr 5:30am IST

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..