လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, April 21, 2014

Facebook ကနေတဆင့် သူငယ်ချင်းတွေ ဘယ်မှာရောက်နေတယ်ဆိုတာ သိနိုင်ပြီ

Photo: Facebook ကနေတဆင့် သူငယ်ချင်းတွေ ဘယ်မှာရောက်နေတယ်ဆိုတာ သိနိုင်ပြီ

မိမိရောက်ရှိနေသော နေရာ၏ မိုင်ဝက် ဧရိယာအတွင်းတွင် ရှိနေသည့် မိမိ၏သူငယ်ချင်းများ ဘယ်မှာရောက်ရှိနေသည်ဆိုတာကို ဖော်ပြပေးမည့် ဝန်ဆောင်မှုအသစ်ကို Facebook က ပြီးခဲ့သည့် ကြာသပတေးနေ့တွင် မိတ်ဆက်လိုက်ကြောင်း သိရသည်။
Facebook new service
ယခုမိတ်ဆက်လိုက်သော ဝန်ဆောင်မှုအသစ်ကို သုံးသည့် မိမိ၏သူငယ်ချင်းတိုင်းဟာ မိမိရောက်ရှိနေသော နေရာ၏ မိုင်ဝက် ဧရိယာအတွင်းတွင် မည်သည့်နေရာကနေ ယင်းဝန်ဆောင်မှု အသုံးပြုနေတယ်ဆိုတာကို သိရမှာပါ။
Facebook new service
ဒါ့အပြင် ၎င်းတို့နှင့် အတူချိန်းချက် ဆုံတွေ့နိုင်ဖို့ မိမိ၏ Facebook  သူငယ်ချင်းထဲမှ ဘယ်သူတွေကိုသာ မိမိဘယ်မှာရာက်ရှိနေသည် ဆိုတာကို ထိုဝန်ဆောင်မှုအသစ်က ရွေးချယ်အသိပေးနိုင်ကြောင်းလည်း သိရသည်။
ဒီ့အတွက်ကြောင့်မို့ ကိုယ်ဘယ်နေရာ ရောက်နေတယ်ဆိုတာကို သူငယ်ချင်းတွေ အားလုံးတွေ့အောင် တမင် ဖော်ပြပေးနေစရာ မလိုတော့ဘူးလို့ သိရပါတယ်။
smartphone’s GPS စနစ်ကို အသုံးပြုပြီး မိမိရောက်ရှိနေသည့် နေရာကို ဖော်ပြပေးခြင်းအား ဆက်လက် အသုံးပြုနိုင်သလို ယခုဝန်ဆောင်မှုအသစ်ကို အသုံးပြုပြီးတော့လည်း မိမိဘယ်နေရာရောက်နေတယ်လို့ သူငယ်ချင်းများ သိနိုင်တော့မည်ဖြစ်ကြောင်း ၊ ထို့အတူ မိမိကလည်း မိုင်ဝက်ဧရိယာအတွင်း ၎င်းတို့ ဘယ်မှာရှိနေသည်ဆိုတာကို သိရတော့မည် ဖြစ်သည်။
သို့ပေမယ့် Facebook အသုံးပြုသူ အများစုဟာ ထိုဝန်ဆောင်မှုအသစ်ကို လက်ရှိတွင် မြင်ရဦးမည်မဟုတ်ဘဲ ရက်သတ္တပတ် အနည်းငယ်အကြာ ၊ သို့မဟုတ် လအနည်းငယ်အကြာမှ ထိုဝန်ဆောင်မှုကို မြင်ရမည်ဖြစ်သည်။
အသက်(၁၈)နှစ်အောက် Facebook အသုံးပြုသူ လူငယ်လူရွယ်တွေကမူ ထိုဝန်ဆောင်မှုအသစ်က အသုံးပြုခွင့်ရမည် မဟုတ်ကြောင်းလည်း သိရသည်။

1

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..