လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 19, 2014

ယူကရိန်း အကျပ်အတည်းကြောင့် ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒများ ဖြစ်ပေါ်လာမည်ကို ကယ်ရီမှ သတိပေး

Photo: ယူကရိန်း အကျပ်အတည်းကြောင့် ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒများ ဖြစ်ပေါ်လာမည်ကို ကယ်ရီမှ သတိပေး
Wednesday, March 19, 2014

ဥရောပမှနေ၍ ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒများ ယူကရိန်း အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမည်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီမှ သတိပေး ပြောဆိုခဲ့သည်။

ယူကရိန်း၏ ခရိုင်းမီးယားဒေသနှင့် ပူးပေါင်းရေးဆီသို့ ဦးတည်နေသော ရုရှား၏ လှုပ်ရှားမှုများကို ပြစ်တင်ရှုံချခဲ့ပြီး အလွန်အမင်း အန္တရာယ် ကြီးမားသော လမ်းများသို့ ဦးတည်နိုင်သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိကြောင်း၊ လုပ်နိုင်စရာ ရှိသည်ကတော့ ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပွားစေခဲ့သည့် သမိုင်းအား ပြန်လည် ဖတ်ရှုရန်နှင့် ၎င်းကဲ့သို့ ပြင်းထန်သည့် အမျိုးသားရေး ဝါဒကို ဖြစ်ပေါ်စေသော ခံစားမှုများကို ပြန်လည် လေ့လာကြရန် ပြောဆိုခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ကောလိပ် ကျောင်းသားများအား ဟောပြောခဲ့သည့် ကယ်ရီသည် ယူကရိန်းရှိ နှစ်ဘက်စလုံးအား ဒုတိယ ကမ္ဘာစစ်ကာလက ဝန်ရိုးစွန်း နိုင်ငံများကဲ့သို့ ပြုမူနေကြောင်းကို ခေတ္တမျှ ပြောဆိုခဲ့သေးသည်။

ခရိုင်းမီးယားကို ထိန်းချုပ်ရန် ရုရှား၏ လုပ်ဆောင်မှုများသည် မှန်ကန်မှု မရှိဘဲ သူ၏ အမြင်တွင် နိုင်ငံတကာ တရားဥပဒေကို ချိုးဖောက်လျက် ရှိကြောင်း ပြောဆိုသွားသည်။

“ စစ်အေးကာလ အဆုံးသတ်ကို ဒါမှမဟုတ် ဆိုဗီယက် ယူနီယံ အဆုံးသတ်ကို ဒေါသထွက်လို့ ဘာတွေပဲ ဖြစ်ဖြစ် ခင်ဗျား လိုချင်လို့ ယူလိုက်တယ် ဆိုတာ တရားဝင်မှု မရှိပါဘူး။ တကယ်လို့ ခရိုင်းမီးယားက ရုရှားနဲ့ ပူးပေါင်းချင်တယ်လို့ ယုံကြည်ခဲ့တယ် ဆိုရင် နေရာကို သေနတ်နဲ့ သိမ်းပိုက်တာထက် လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ပြည်သူ့ ဆန္ဒခံယူပွဲကို ပြုလုပ်ရမှာပါ ”

မော်စကို အနေဖြင့် ခရိုင်းမီးယားနှင့် ပူးပေါင်းရန် ရည်ရွယ်မှုကို ရုရှား သမ္မတ ဝလာဒီမာပူတင်မှ ပြောဆိုခဲ့ပြီးနောက် ကယ်ရီမှ ၎င်းကဲ့သို့ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

REF: LA Times
မြန်မာ့ခေတ်
ဥရောပမှနေ၍ ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပေါ်စေခဲ့သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒများ ယူကရိန်း အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမည်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီမှ သတိပေး ပြောဆိုခဲ့သည် ယူကရိန်း၏ ခရိုင်းမီးယားဒေသနှင့် ပူးပေါင်းရေးဆီသို့ ဦးတည်နေသော ရုရှား၏ လှုပ်ရှားမှုများကို ပြစ်တင်ရှုံချခဲ့ပြီး အလွန်အမင်း အန္တရာယ် ကြီးမားသော လမ်းများသို့ ဦးတည်နိုင်သည့် ပြင်းထန်သော အမျိုးသားရေး ဝါဒ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိကြောင်း၊ လုပ်နိုင်စရာ ရှိသည်ကတော့ ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပွားစေခဲ့သည့် သမိုင်းအား ပြန်လည် ဖတ်ရှုရန်နှင့် ၎င်းကဲ့သို့ ပြင်းထန်သည့် အမျိုးသားရေး ဝါဒကို ဖြစ်ပေါ်စေသော ခံစားမှုများကို ပြန်လည် လေ့လာကြရန် ပြောဆိုခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ကောလိပ် ကျောင်းသားများအား ဟောပြောခဲ့သည့် ကယ်ရီသည် ယူကရိန်းရှိ နှစ်ဘက်စလုံးအား ဒုတိယ ကမ္ဘာစစ်ကာလက ဝန်ရိုးစွန်း နိုင်ငံများကဲ့သို့ ပြုမူနေကြောင်းကို ခေတ္တမျှ ပြောဆိုခဲ့သေးသည်။

ခရိုင်းမီးယားကို ထိန်းချုပ်ရန် ရုရှား၏ လုပ်ဆောင်မှုများသည် မှန်ကန်မှု မရှိဘဲ သူ၏ အမြင်တွင် နိုင်ငံတကာ တရားဥပဒေကို ချိုးဖောက်လျက် ရှိကြောင်း ပြောဆိုသွားသည်။

“ စစ်အေးကာလ အဆုံးသတ်ကို ဒါမှမဟုတ် ဆိုဗီယက် ယူနီယံ အဆုံးသတ်ကို ဒေါသထွက်လို့ ဘာတွေပဲ ဖြစ်ဖြစ် ခင်ဗျား လိုချင်လို့ ယူလိုက်တယ် ဆိုတာ တရားဝင်မှု မရှိပါဘူး။ တကယ်လို့ ခရိုင်းမီးယားက ရုရှားနဲ့ ပူးပေါင်းချင်တယ်လို့ ယုံကြည်ခဲ့တယ် ဆိုရင် နေရာကို သေနတ်နဲ့ သိမ်းပိုက်တာထက် လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ ပြည်သူ့ ဆန္ဒခံယူပွဲကို ပြုလုပ်ရမှာပါ ”

မော်စကို အနေဖြင့် ခရိုင်းမီးယားနှင့် ပူးပေါင်းရန် ရည်ရွယ်မှုကို ရုရှား သမ္မတ ဝလာဒီမာပူတင်မှ ပြောဆိုခဲ့ပြီးနောက် ကယ်ရီမှ ၎င်းကဲ့သို့ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

REF: LA Times
မြန်မာ့ခေတ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..