တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘော နှစ်စင်း တိုက်မိမှုကြောင့် တရုတ် သင်္ဘောသား တစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့သည်။စတီးခွေများကို သယ်ဆောင်လာသော တန်ချိန် ၁၂၆၃၀ ရှိသည့် ပနားမား
အလံလွှင့်ထူထားသည့် Beagle III သင်္ဘောသည် တောင်ကိုရီးယား မှတ်ပုံ တင်ထားသော
Pegasus Prime သင်္ဘောသည် Uraga ရေလမ်းကြောင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။
တန်ချိန် ၇၄၀၆ တန်ရှိသည့် Pegasus Prime သင်္ဘောပေါ်တွင်မူ တောင်ကိုရီးယား
သင်္ဘောသားခြောက်ဦးနှင့် မြန်မာ သင်္ဘောသား ရှစ်ဦး ပါဝင်ကြောင်း သိရသည်။ ]
ယင်းသင်္ဘောတွင် တောင်ကိုရီးယား နှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်မှ လွဲပြီး ထိခိုက်မိသူ မရှိကြောင်းသိရသည်။ ထိုအချိန်က Beagle III သင်္ဘော ပေါ်တွင် လိုက်ပါလာသော တရုတ်သင်္ဘောသား ၂၀ အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကိုမူ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အခြားပျောက်ဆုံးနေသူ ရှစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့မှ ရဟတ် ယာဉ်နှစ်စင်း၊ လေယာဉ်တစ်စင်းအပြင် ကင်းလှည့်သင်္ဘော တစ်စင်းတို့ကို လည်း ပို့လွှတ်ခဲ့သည်။ သင်္ဘောနှစ်စင်းတိုက်မိချိန်က ပင်လယ်ပြင် အခြေ အနေသည် ကြမ်းတမ်းနေဖွယ်မရှိဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ သည်။
တိုကျိုပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ သွားလာမှုအများဆုံး ရေကြောင်း လမ်းဖြစ်ပြီး တစ်နေ့လျှင် ဖြတ်သန်းသွားသည့် သင်္ဘောစင်းရေ ၅၀၀ ရှိကြောင်း သိရသည်။
Eleven

![Photo: မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊ ရှစ်ဦး ပျောက်ဆုံးနေ
တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘော နှစ်စင်း တိုက်မိမှုကြောင့် တရုတ် သင်္ဘောသား တစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြား ခဲ့သည်။
စတီးခွေများကို သယ်ဆောင်လာသော တန်ချိန် ၁၂၆၃၀ ရှိသည့် ပနားမား အလံလွှင့်ထူထားသည့် Beagle III သင်္ဘောသည် တောင်ကိုရီးယား မှတ်ပုံ တင်ထားသော Pegasus Prime သင်္ဘောသည် Uraga ရေလမ်းကြောင်းတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ တန်ချိန် ၇၄၀၆ တန်ရှိသည့် Pegasus Prime သင်္ဘောပေါ်တွင်မူ တောင်ကိုရီးယား သင်္ဘောသားခြောက်ဦးနှင့် မြန်မာ သင်္ဘောသား ရှစ်ဦး ပါဝင်ကြောင်း သိရသည်။ ]
ယင်းသင်္ဘောတွင် တောင်ကိုရီးယား နှစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်မှ လွဲပြီး ထိခိုက်မိသူ မရှိကြောင်းသိရသည်။ ထိုအချိန်က Beagle III သင်္ဘော ပေါ်တွင် လိုက်ပါလာသော တရုတ်သင်္ဘောသား ၂၀ အနက် ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးကိုမူ သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့၏ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အခြားပျောက်ဆုံးနေသူ ရှစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာသို့ ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့မှ ရဟတ် ယာဉ်နှစ်စင်း၊ လေယာဉ်တစ်စင်းအပြင် ကင်းလှည့်သင်္ဘော တစ်စင်းတို့ကို လည်း ပို့လွှတ်ခဲ့သည်။ သင်္ဘောနှစ်စင်းတိုက်မိချိန်က ပင်လယ်ပြင် အခြေ အနေသည် ကြမ်းတမ်းနေဖွယ်မရှိဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ သည်။
တိုကျိုပင်လယ်အော်သည် ဂျပန်နိုင်ငံ၏ သွားလာမှုအများဆုံး ရေကြောင်း လမ်းဖြစ်ပြီး တစ်နေ့လျှင် ဖြတ်သန်းသွားသည့် သင်္ဘောစင်းရေ ၅၀၀ ရှိကြောင်း သိရသည်။
Eleven](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc1/t1.0-9/s403x403/1001556_136477693189230_1021137996_n.jpg)
No comments:
Post a Comment