လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 19, 2014

ခြင်ဆေးခွေထွန်းရာမှ ရွှေစက်တော်ဘုရားဖူး အထူးတည်းခိုဆောင်များ နံနက်စောစောမီးလောင်

Photo: ခြင်ဆေးခွေထွန်းရာမှ ရွှေစက်တော်ဘုရားဖူး အထူးတည်းခိုဆောင်များ နံနက်စောစောမီးလောင်
Wednesday, March 19, 2014

မန်းရွှေစက်တော်ဘုရားပွဲကွင်းရှိ(နမ္မဒါ)အဆောင်(၅) အခန်း(၆)တွင်တည်းခိုသူ ထွန်းညှိထားသောခြင်ဆေးခွေမှတစ်ဆင့် မတ်လ(၁၉)ရက်နံနက်(၂း၂၀)နာရီတွင်မီးလောင်ကျွမ်းခဲ့သည်။
လောင်ခဲ့သောမီးကြောင့်တည်းခိုဆောင်(၁၄)ဆောင်၊
ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းသုံးဆယ်နှင့် သုံးသောင်းခန့်ရှိခဲ့သည်ဟုမင်းဘူးမီးသတ်ဦးစီးမှထုတ်ပြန်ခဲ့သည်။
မီးကိုနံနက်(၃)နာရီတွင် မန်းစက်တော်ရာမီးသတ်ဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်လျှက် မင်းဘူး၊ငဖဲ
မီးငြိးသတ်ယာဉ်များနင့် သန္တေ(၂၇)ဦး၊အရန်(၃၆)ဦးတို့ပူးပေါင်းပါဝင်ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါတည်းခိုဆောင်များမှာ နမ္မဒါကွင်းတွင်သီးသန့်ဆောက်လုပ်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာတည်းခိုဆောင်များနှင့် အလွန်နီး
ကပ်သော်လည်း မီးကူးဆက်လောင်ကျွမ်းခြင်းမရှိဟုသိရသည်။
"အားလုံးတော့လန့်ဖြတ်ကုန်တာပေါ့ဗျာ၊ထူးခြားတာကမီးက ကွင်းထဲတင်ဝေ့လောင်နေတာဗျ၊တခြားကိုမကူးဖူး" ဟု မျက်မြင်ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးမှ
ပြောပြခဲ့သည်။
ယခုအခါမီးလောင်ကွင်းကိုစက်ကြီးများဖြင့်ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး ဘုရားဖူးများပြန်လည်တည်းခိုနိုင်ရန်အားခြင်းဆောက်လုပ်သွားမည်ဟု
သိရသည်။
မီးစတင်လောင်ကျွမ်းရာတည်းခိုဆောင်နေဦး---(၄၅)နှစ်အား(ပ)၂၅/၁၄၊ပုဒ်မ၂၈၅ဖြင့်စကုရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

ဦးမင်း
Popular Myanmar News Journal
မန်းရွှေစက်တော်ဘုရားပွဲကွင်းရှိ(နမ္မဒါ)အဆောင်(၅) အခန်း(၆)တွင်တည်းခိုသူ ထွန်းညှိထားသောခြင်ဆေးခွေမှတစ်ဆင့် မတ်လ(၁၉)ရက်နံနက်(၂း၂၀)နာရီတွင်မီးလောင်ကျွမ်းခဲ့သည်။
လောင်ခဲ့သောမီးကြောင့်တည်းခိုဆောင်(၁၄)ဆောင်၊
ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းသုံးဆယ်နှင့် သုံးသောင်းခန့်ရှိခဲ့သည်ဟုမင်းဘူးမီးသတ်ဦးစီးမှထုတ်ပြန်ခဲ့သည်။
မီးကိုနံနက်(၃)နာရီတွင် မန်းစက်တော်ရာမီးသတ်ဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်လျှက် မင်းဘူး၊ငဖဲမီးငြိမ်းသတ်ယာဉ်များနှင့် သန္တေ(၂၇)ဦး၊အရန်(၃၆)ဦးတို့ပူးပေါင်းပါဝင်ငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါတည်းခိုဆောင်များမှာ နမ္မဒါကွင်းတွင်သီးသန့်ဆောက်လုပ်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာတည်းခိုဆောင်များနှင့် အလွန်နီး
ကပ်သော်လည်း မီးကူးဆက်လောင်ကျွမ်းခြင်းမရှိဟုသိရသည်။
"အားလုံးတော့လန့်ဖြတ်ကုန်တာပေါ့ဗျာ၊ထူးခြားတာကမီးက ကွင်းထဲတင်ဝေ့လောင်နေတာဗျ၊တခြားကိုမကူးဖူး" ဟု မျက်မြင်ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးမှ
ပြောပြခဲ့သည်။
ယခုအခါမီးလောင်ကွင်းကိုစက်ကြီးများဖြင့်ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး ဘုရားဖူးများပြန်လည်တည်းခိုနိုင်ရန်အားခြင်းဆောက်လုပ်သွားမည်ဟု
သိရသည်။
မီးစတင်လောင်ကျွမ်းရာတည်းခိုဆောင်နေဦး---(၄၅)နှစ်အား(ပ)၂၅/၁၄၊ပုဒ်မ၂၈၅ဖြင့်စကုရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဦးမင်း
Popular Myanmar News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..