ကျေးလက်ဒေသရှိ ကိုယ်ပိုင်ခြံဝင်းတစ်ခုအတွင်းမှ
၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များအတွင်း မွေးဖွားခဲ့သည့် ကလေးသူငယ်များကို ယင်းအိမ်ပိုင်ရှင် မိသားစု များက ၎င်းတို့ခြံဝင်းအတွင်း လျှို့ဝှက်ထိန်းသိမ်းထားကြောင်း
ဘရစ် စဘိန်းမြို့ အနောက်မြောက်ဘက် မိုင် ၂၃၀ ကျော်အကွာ ဂျင်ဂျင်ကျေးရွာအနီးရှိ အိမ်တစ်အိမ်ကို ရဲတပ်ဖွဲ့ ၀င်များက စီးနင်းဝင်ရောက်ခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မွေးဖွားလာသော ကလေးသူငယ်များကို အဆိုပါခြံဝင်းအတွင်း လျှို့ဝှက်ဖျောက်ဖျက်ခဲ့ကြောင်း
လျှို့ဝှက်သင်္ချိုင်းအတွင်း ကလေးသူငယ်အလောင်း မြောက်မြားစွာ တွေ့ရှိခဲ့ကြောင်း ဘရစ်စဘိန်းမြို့တွင် ဖြန့်ဝေသည့် ကူရီယာသတင်းစာတွင် ဖော်ပြရေးသားခဲ့ကြသော်လည်း စုံစမ်းစစ်ဆေးရေးမှူး မိုက်ဒိုဝီက အရေအတွက် အတိအကျကို မပြောခဲ့ပေ။ ယင်းကိစ္စများကို ပါဝင်ပတ်သက်နေသည့် မိသားစု တစ်စုရှိ ကြောင်း ဒိုဝီက ပြောကြားခဲ့သော်လည်း ၎င်းမိသားစုက ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ရှိ မရှိကိုမူ မဖော်ပြထားပေ။
ရုပ်အလောင်းများမှာ အလွန်သေးငယ်ပြီး ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် တူးဖော်ရှာဖွေရေး လုပ် ငန်းများမှာ အလွန်အသေးစိတ်ကြောင်း ၎င်းအရာရှိက ပြောဆိုခဲ့သည်။ လူဦးရေ တစ်ထောင်ပင် မပြည့် သည့် ကျေးရွာလူထုမှာ များစွာတုန်လှုပ် ချောက်ချားခဲ့ရကြောင်း ဂျင်ဂျင်ရွာသူကြီး ၀ိန်းအော်နာက ပြောခဲ့ သည်။
Mizzima - News in Burmese

No comments:
Post a Comment