လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 19, 2014

မြို့မဈေး ဆိုင်ကယ် Taxi များ နေရာသတ်မှတ်

Photo: မြို့မဈေး ဆိုင်ကယ် Taxi များ နေရာသတ်မှတ်

မတ် ၁၅ ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော် မြို့မဈေးရှိ ဈေးတာဝန်ခံ ရုံးခန်း၌ ဆိုင်ကယ် Taxi များ စနစ်တကျရှိစေရေးအတွက် နေပြည်တော် နယ်မြေရဲစခန်းမှူး ရဲအုပ်နေမျိုးသူရိန်၊ နေပြည်တော် မြို့မဈေးရဲကင်းမှူး ဒုရဲအုပ်ခင်မောင်ရီ၊ မြို့မဈေး ဈေးတာဝန်ခံ လက်ထောက်ညွှန်မှူး ဦးမြင့်စန်း တို့က ဆိုင်ကယ် Taxi မောင်းနှင်သူ ၇ဝ အား တွေ့ဆုံ၍ ကားဆင်းခရီးသည် များ စိတ်အနှောင့်အယှက် မဖြစ်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ခရီးသည်များ၏ပစ္စည်းများ ပျောက်ဆုံးမှု မရှိစေရေးနှင့် ဆိုင်ကယ်ကယ်ရီ အချင်းချင်း ခိုက်ရန်ဒေါသမဖြစ်စေရန် ရည်ရွယ်ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဆိုင်ကယ် Taxi များအတွက် မြို့မဈေးအရှေ့ဘက် ကားရပ်နား သည့် ကားပါကင်၌ စနစ်တကျ နေရာသတ်မှတ်ပေးခဲ့ကြောင်းနှင့် ကားဆင်း ခရီးသည် များအနေဖြင့်လည်း ဆိုင်ကယ် Taxi များအား နေရာသတ်မှတ် ပေးခဲ့သည့် ကားဝင်းအပြင်ဘက် ကားပါကင်တွင် သွားရောက်စီးနင်းကြရန် အသိပေး ဗီနိုင်းဆိုင်းဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။

The Mirror Daily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..