လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 15, 2013

အတူတူတွဲ မအိပ်သင့်တဲ့အရာ - (၅)မျိုး

Photo: အတူတူတွဲ မအိပ်သင့်တဲ့အရာ - (၅)မျိုး

post By Myawady News, on July 15, 2013

ကျန်းမာရေးဟောပြောပွဲ တစ်ခုမှာ ကျွန်တော်ကြားသိခဲ့ရတာ လေးတစ်ခုပါ။ ဟောပြောသွားတဲ့ သူကလည်း Blog တစ်ခုမှာဖတ်ဖူးတာလို့ပြောပါတယ်။ ဘယ်သူ့ Blog လို့ပြောမသွားတဲ့အတွက် မူရင်းရေးသူကို ကျွန်တော်လဲမသိပါဘူး။ ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေအတွက်ကျွန်တော်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ နာရီဝတ်ပြီးမအိပ်ပါနဲ

နာရီဟာရေဒီယို သတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး
အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်အိပ်တဲ့
အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။

၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္) ၀တ်ပြီးမအိပ်ပါနဲ့

အမေရိကန်မှ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများဟာ (၁၂)နာရီထက် ကျော်လွန်ပြီး
အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ ဒါကြောင့်သက်တောင့်သက်သာနဲ့ လဲအိပ်ရ၊ ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ် အိပ်ပါ။

၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီး အိပ်ခြင်ဟာလဲ မကောင်းပါဘူး။ တစ်ချို့က ဖုန်း
ကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာ ထားတတ်ပါတယ်။ အဲဒီလိုအသုံးပြူခြင်တယ် ဆိုရင်လဲ မိမိ
အခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာ ထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့
လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြ
ပါတယ်။ အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။
ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။

၎။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့

ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့ မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် မိပ်ကပ်တွေဟာ အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီးမှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင်သစ်ပြီးမှ အိပ်ပါ။ မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး(တောင်နံကြီး၊ရှင်မတောင်) ကို ခပ်ပါးပါးလေး သွေးလိမ်းနိုင်ပါတယ်။

၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသော
လင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။ အဲလိုအိပ်မိလျှင် သင့်အတွက် သေလောက်အောင် အရှက်ရစေနိုင်ပါတယ်။ လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံးသွားရပါလိမ့်မယ်။ အဲလိုတစ်ခါအိပ်မိယုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်တော့မှပြန်လည်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပါ။ ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အသက်ရှည်၊ကျန်းမာပြီး အိမ်မက်လှလှတွေနှင့်အတူ နှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ.................

Ei Ei Thin
ကျန်းမာရေးဟောပြောပွဲ တစ်ခုမှာ ကျွန်တော်ကြားသိခဲ့ရတာ လေးတစ်ခုပါ။ ဟောပြောသွားတဲ့ သူကလည်း Blog တစ်ခုမှာဖတ်ဖူးတာလို့ပြောပါတယ်။ ဘယ်သူ့ Blog လို့ပြောမသွားတဲ့အတွက် မူရင်းရေးသူကို ကျွန်တော်လဲမသိပါဘူး။ ဒါပေမယ့် မသိသေးတဲ့ မိတ်ဆွေအတွက်ကျွန်တော်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ နာရီဝတ်ပြီးမအိပ်ပါနဲနာရီဟာရေဒီယို သတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်။ နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး
အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်အိပ်တဲ့
အခါနာရီကို ချွတ်ပြီးအိပ်ကြပါ။

၂။ အမျိုးသမီးများ ဘရာ(အတွင်းခံအကျီင်္) ၀တ်ပြီးမအိပ်ပါနဲ့

အမေရိကန်မှ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများဟာ (၁၂)နာရီထက် ကျော်လွန်ပြီး
အတွင်းခံအကျီ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်များပါတယ်။ ဒါကြောင့်သက်တောင့်သက်သာနဲ့ လဲအိပ်ရ၊ ကျန်းမာရေးအတွက်ပါ အတွင်းခံအကျီ(ဘရာ)ချွတ် အိပ်ပါ။

၃။ ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာနံဘေး(သို့) အနီးအနားမှာထားပြီး အိပ်ခြင်ဟာလဲ မကောင်းပါဘူး။ တစ်ချို့က ဖုန်း
ကို နိုးစက်အနေနဲ့ အသုံးပြုဖို့ဖုန်းကို ခေါင်းအုန်းဘေးမှာ ထားတတ်ပါတယ်။ အဲဒီလိုအသုံးပြူခြင်တယ် ဆိုရင်လဲ မိမိ
အခန်းထဲက အိပ်ရာနဲ့နည်းနည်းဝေးတဲ့နေရာမှာ ထားပါ။ သုတေသနပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့
လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်တွေဟာ သံလိုက်လှိုင်းတွေကိုထုတ်လွှင့်နေကြောင်း သက်သေပြခဲ့ကြ
ပါတယ်။ အဲဒီသံလိုက်လှိုင်းတွေဟာ လူတွေရဲ့ အာရုံကြောတွေကို ထိခိုက်စေပါတယ်။
ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားမအိပ်ပါနဲ့။

၎။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့

ညအိပ်ရာဝင်တဲ့အခါ လိမ်းထားတဲ့ မိတ်ကပ်များကို မဖျက်ဘဲအိပ်တတ်သူတွေဟာ ရေရှည်မှာ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် မိပ်ကပ်တွေဟာ အရေပြားပေါ်ရှိ ချွေးပေါက်တွေကို ပိတ်ဆို့စေးပြီးမှဲ့ခြောက်၊၀က်ခြ၊ံတင်းတိပ် အစရှိတဲ့ မျက်နှာအရေပြားပေါ်မှာဖြစ်တတ်တဲ့ရောဂါ တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို စင်ကြယ်အောင်သစ်ပြီးမှ အိပ်ပါ။ မျက်နှာပြောင်နဲ့မအိပ်တတ်ရင်တော့ သနပ်ခါး(တောင်နံကြီး၊ရှင်မတောင်) ကို ခပ်ပါးပါးလေး သွေးလိမ်းနိုင်ပါတယ်။

၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခကတော့ကျန်းမာရေးနဲ့မဆိုင်ပေမယ့်လူမှုရေးအရ အရေးကြီးပါတယ်။ အဲဒါကတော့ မယားရှိသော
လင် နှင့် လင်ရှိသောမယား တွေနဲ့အတူတူမအိပ်ပါနဲ့။ အဲလိုအိပ်မိလျှင် သင့်အတွက် သေလောက်အောင် အရှက်ရစေနိုင်ပါတယ်။ လူမှုရေးနဲ့ပတ်ဝန်းကျင် နယ်ပယ်ထဲမှာ သင်ဟာအလိုလိုနေရင်း ကျရှုံးသွားရပါလိမ့်မယ်။ အဲလိုတစ်ခါအိပ်မိယုံနဲ့ သင်ဟာ အသက်ရှင်နေပေမယ့် ဘ၀ကတော့သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်တော့မှပြန်လည်ရှင်သန်နိုင်လိမ့်မည်မဟုတ်ပါ။ ဒါကြောင့် ကာမပိုင်ရှိသော ယောင်္ကျား(သို့)မိန်းမ နဲ့အတူတူမအိပ်မိပါစေနှင့်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အသက်ရှည်၊ကျန်းမာပြီး အိမ်မက်လှလှတွေနှင့်အတူ နှစ်ခြိုက်စွာအိပ်နိုင်ကြပါစေ.................

Ei Ei Thin
156

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..