“ ဗုဒ္ဓသာသနာသည်၅၅၂ ခုနှစ်၌ ကိုရီးယားမှ ဂျပန်ကျွန်းသို့ ရောက်လာ၍ မင်းသားကြီးရှိတိုကုတိုင်းရှိ၏ လက်ထက်၌ထွန်းကားလာ၏၊ မင်းသားကြီးသည် တရုတ်နိုင်ငံသို့ ရဟန်း
တော်များ စေလွှတ်၍ ဟော်ယူဂျီအရပ်၌ စေတီပုထိုးနှင့် ၀ိဟာရကျောင်းများ တည်ဆောက်၏ ၊ သာသနာကို အားပေး၍ မဟာယာနသုတ် သုံးခုကို ဖွင့်ဆိုရေးသား၏၊
ဂျပန်နိုင်ငံ၌ မဟာယာနဂိုဏ်းပေါင်း ၆၀ ကျော်ရှိ၍ ထင်ရှားသောဂိုဏ်းများမှာ - တင်ဒေ, ရှင်ဂုန် နီချီရင် ဂျိုဒိုရှင်ရှု နှင့် ဇင်ဂိုဏ်းများဖြစ်၏။
တင်ဒေဗုဒ္ဓဘာသာဂိုဏ်း
--------------------------
တင်ဒေဂိုဏ်းသည် လူတိုင်း၏ စိတ်သန္တာန်၌ ဗောဓိဥာဏ်မျိုးစေ့
ကိန်းဝပ်နေသည်။ (၀ါ ) လူတိုင်း ဘုရားဖြစ်နိုင်သည်ဟု ဟော၏၊
ရှင်ဂုန်ဂိုဏ်း၏ ခံယူချက်မှာ အိန္ဒိယသားတို့၏ ပရမတ္တ၀ါဒနှင့် များစွာ
မခြားနားချေ၊ အိန္ဒိယယောဂနှင့် တန္တရကျင့်ထုံးများကို လက်ခံ၍
ဂါထာမန္တရား အင်းအိုင်လက်ဖွဲ့များကိုလည်း အားပေးသော
ကြောင့် ထင်ရှား၏၊
နီချီရင်ဗုဒ္ဓဘာသာဂိုဏ်း
--------------------------
နီချီရင်ဂိုဏ်းသည် ဗုဒ္ဓ၀ါဒနှင့် နိုင်ငံအစိုးရ ပေါင်းစည်းရေးကို
ရှေးရှုသောဂိုဏ်းသည် အမိတာဘ ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်
မှုကိုသာ ၎င်း၏တစ်ခုတည်းသော ကျင့်စဉ်အဖြစ် အသိအမှတ်ပြု၏၊
ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာနှင့် အပြိုင်ဖြစ်ခဲ့သော ဘာသာမှာ
ရှေးပဝေသဏီကစ၍ ရှိခဲ့သော ရှင်တိုဘာသာ ဖြစ်၏၊ ဗုဒ္ဓ၀ါဒီတို့သည်
မူလအစ၌ ရှင်တိုဝါဒီတို့နှင့် ပဋိပက္ခ ဖြစ်သော်လည်း ရှင်တိုနတ်
များကို ဘုရားလောင်း ပြုလုပ်လိုက်ခြင်း ဖြင့် ၎င်းတို့၏ အနှောင့်
အယှက်မှ ကင်းလွတ်ခဲ့၏၊ ရှင်တိုဘာသာသည် ဒုတိယကမ္ဘာစစ်
မဖြစ်မီ ဂျပန်နိုင်ငံ၌ စစ်ဝါဒထွန်းကားစဉ်က နိုင်ငံအစိုးရ၏
အားပေးမှုကို ရရှိခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဘာသာလောက်
အရှိန်အ၀ါ မကြီးမားတော့ချေ။
- ဆရာတော်အရှင်တိက္ခဥာဏာလင်္ကာရ
Dhamma Danã Source ►
youngbuddhistassociation

No comments:
Post a Comment