လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, July 15, 2013

မန်မာနိုင်ငံ ၏ အနှိုင်းမဲ့ကျေးဇူးရှင်…“အရှင်အရဟံ”

Photo: မြန်မာနိုင်ငံ ၏ အနှိုင်းမဲ့ကျေးဇူးရှင်…“အရှင်အရဟံ”

ရဟန္တာအရှင်သူမြတ်“အရှင်အရဟံ”သည် “အနော်ရထာမင်း”တည်ထောင်တော်မူသော ပထမမြန်မာနိုင်ငံ (ပုဂံပြည်)သို့သက်တော်(၂၀)ကျော်အရွယ်တွင်ကြွရောက်တော်မူကာဘုရင်မင်းမြတ်မှအစပြည်သူများကိုးကွယ်သော“မိစ္ဆာဋ္ဌိ-အရည်းကြီးများ”ကိုဖယ်ရှား၍“ထေရ၀ါဒဗုဒ္ဓသာသနာတော်”ကိုထွန်းလင်းစေခဲ့ပါသည်။

အရှင်အရဟံမထေရ်မြတ်သည် “အနော်ရထာမင်း၊စောလူးမင်း၊ကျန်စစ်သားမင်း၊အလောင်းစည်သူမင်း၊” စသော မင်း(၄)ဆက်တိုင်တိုင်နှစ်ပေါင်း(၆၀)တိုင်အောင် ပုဂံပြည်တွင်သာသနာပြုသွားသောမထေရ်မြတ်ကြီးဖြစ်ပါသည်။
ယနေ့ “ထေရ၀ါဒဗုဒ္ဓဘာသာ(၅)နိုင်ငံ” တွင် “ထေရ၀ါဒဗုဒ္ဓသာသနာအထွန်းလင်းဆုံး”နိုင်ငံအဖြစ်“မြန်မာနိုင်ငံ” ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းမှာ မြန်မာနိုင်ငံမှမိစ္ဆာအယူကိုဖယ်ရှားပြီးထေရ၀ါဒဗုဒ္ဓသာသနကိုတည်ထောင်ပေးသွားသော ဤ မထေရ်မြတ်ကြီး၏ကျေးဇူးကြောင့်ပင်ဖြစ်လေသည်။

သထုံပြည်ကျေးရွာတစ်ရွာ၌သီတင်းသုံးလျက်ရှိသော“အရှင်သီလဗုဒ္ဓိ”အမည်ရှိမထေရ်ကြီးတစ်ပါးသည်“သုနာပရန္တတိုင်း၊တမ္ပဒီပတိုင်း”ဟူသော မြန်မာတိုင်းဌာနတို့တွင် ဗုဒ္ဓသာသနာ တော် ခိုင်ခံ့စွာ မတည်ဆောက်နိုင်သေးသည်ကို သိမြင်တော်မူသဖြင့်တာဝတိံသာနတ်ပြည်၊သိကြားမင်းထံကြွရောက်လျက်သာသနာတော်ကိုချီးမြှင့်စွမ်းနိုင်သော“နတ်သား”တစ်ပါးကိုတောင်းခံ၍ လူ့ပြည် ၌ ပဋိသန္ဓေယူစေခဲ့ပါသည်။

အရှင်သီလဗုဒ္ဓိမထေရ်ကြီးသည်အရှင်အရဟံအားကြီးပြင်းလာသည်အထိစောင့်ရှောက်တော်မူပြီးနောက်ရှင်ရ
ဟန်းပြုချိန်တန်သော်ရှင်ရဟန်းပြုပေးတော်မူပါသည်။ရှင်အရဟံသည်ထူးခြားမြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ပေရာဘုရားစကား
တော်ပိဋကတ်သုံးပုံကိုအလွန်လျင်မြန်စွာလိမ္မာတတ်ကျွမ်းတော်မူ၏။ရဟန္တာအဖြစ်သို့လည်းရောက်တော်မူ၏၊“အရဟန္တအရဟံ”ဟု ကျော်စောထင်ရှားတော်မူ၏။

အရှင်အရဟံသည်“သထုံပြည်”မှ“အရိမဒ္ဒနပုဂံပြည်”သို့ကြွတော်မူကာဒေသအရပ်ရပ်၌သာသနာပြုတော်မူ၏။
အရှင်အရဟံ သည် ဦးစွာ ပုဂံပြည်ရှိ“တော”တစ်တော၌သီတင်းသုံးနေထိုင်တော်မူစဉ် “မုဆိုး”တစ်ဦးနှင့်တွေ့၏။မုဆိုးသည် အရှင်အရဟံလိုပုဂ္ဂိုလ်မျိုးကိုမမြင်ဖူးသဖြင့်“ဤသူကားလူမဟုတ်တန်ရာ၊ဘီလူးသာဖြစ်တန်ရာ၏၊လူဆိုလျင်လည်းတကယ့်လူရိုင်းမျိုးသာ ဖြစ်တန်ရာ၏”ဟုတွေးကာ ဘုရင်မင်းမြတ်ထံသို့ခေါ်ဆောင်သွား၏။
ဘုရင်မင်းမြတ်နှင့်တွေ့သောအခါ…….
“ငါသည် လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းတို့၏ပူဇော်အထူးကိုခံယူတော်မူသော သမ္မာသမ္ဗုဒ္ဓ
မြတ်စွာဘုရားရှင်၏ တပည့်သာဝက ရဟန်းတစ်ပါးဖြစ်ပေသည်“
ဟူ၍မြွက်ကြားတော်မူသည်။
ထိုအခါ အနော်ရထာမင်းသည် ကြည်ညိုစိတ်များဖြစ်ပေါ်လျက်…
“အရှင်ဘုရား၏ဆရာ သမ္မာသမ္ဗုဒ္ဓဟောတော်မူသောတရားတော်ကို အကျွန်ုပ်အား
ဟောတော်မူပါ” ဟုလျှောက်ထားတောင်းပန်သည်။
အရှင်အရဟံ က မင်းတို့နှင့်သင့်တော်သော..
“အပ္ပမာဒသုတ္တန်”ဒေသနာတော်ကိုဟောကြားတော်မူသောအခါ အလွန့်အလွန်ကြည်ညို၍..
“အရှင်၏ဆရာ မြတ်စွာဘုရားသည် အဘယ်၌သီတင်းသုံးနေထိုင်တော်မူပါသနည်း၊
ထိုဘုရားရှင်ဟောကြားတော်မူသောတရားကား အဘယ်မျှလောက်ရှိပါသနည်း၊ထိုမြတ်စွာ
ဘုရား၏တပည့်သာဝကတွေ အဘယ်မျှလောက်ရှိပါသနည်း၊အရှင်ဘုရားတစ်ပါးတည်းပဲလား။
အခြားရှိသေးလား”
ဟု ဆက်လက်လျှောက်ထားပြန်သည်။

ထိုအခါ အရှင်အရဟံမထေရ်က ဤသို့ပြန်လည်အမိန့်ရှိတော်မူသည်။
“မြတ်သောမင်းကြီး…
ငါ၏ဆရာမြတ်စွာဘုရားကား ယခုသက်တော်ထင်ရှားမရှိတော့၊ပရိနိဗ္ဗာန်စံတော်မူပြီ..
ထိုမြတ်စွာဘုရား အသွေးတော်၊အသားတော် စသည်တို့မှဖြစ်သော “ဓာတ်တော်”တို့
သာလျင်ရှိတော့၏။
ထိုမြတ်စွာဘုရား ဟောကြားအပ်သောတရားတော်တို့ကား“ရှစ်သောင်းလေးထောင်”
ပမာဏ ရှိ၏။ထိုတရားတော်တို့လည်း ထင်ရှားရှိပါသေး၏။
တပည့်သာဝကအနေဖြင့်လည်း ငါမှတစ်ပါး ပရမတ္ထသံဃာ၊သမုတိသံဃာအားဖြင့်
တပည့်သာဝကရဟန်းသံဃာတို့များစွာရှိနေပါသေးသည်”
အရှင်အရဟံမထေရ်က ထိုသို့မြွက်ကြားသော် မင်းကြီး က သဒ္ဓါတရားပိုမိုဖြစ်ထွန်း
လာလျှက်..“အရှင်ဘုရား၊ဤပုဂံပြည်၌အရှင်ဘုရားမှတစ်ပါး တပည့်တော်၏ယုံကြည်ကိုးကွယ်
အားထားရာမရှိတော့ပါဘုရား၊ယနေ့မှစ၍ အသက်ထက်ဆုံးတိုင်တပည့်တော်၏ကိုးကွယ်
ဆည်းကပ်ရာဖြစ်တော်မူပါဘုရား။အရှင်ဘုရားသည် တပည့်တော်အားဆုံးမသည့် ဆရာ ဖြစ်
တော်မူပါဘုရား” ဟု လျှောက်၏။
အနော်ရထာမင်းသည် အရှင်အရဟံအား သင့်လျော်သောအရပ်၌ ကျောင်းသင်္ခမ်း
ဆောက်လုပ်ကိုးကွယ်သည်။ထို့နောက် ပုဂံပြည်၌ “ဗုဒ္ဓသာသနာတော်”ထွန်းကားစေခြင်းငှာ
ရှေးမင်း အဆက်ဆက်တို့ ကိုးကွယ်ခဲ့သော ရဟန်းတု၊ရဟန်းယောင်၊ရှင်တု၊ရှင်ယောင် များဖြစ်
သော(အရည်းကြီး)တို့အား သုတ်သင်ရှင်းလင်း၏။ဗုဒ္ဓသာသနာ၌ သက်ဝင်ကြည်ညိုသူတို့အား
ရှင်၊ရဟန်းပြုစေ၍ သာသနာတော်ကိုချီးမြှောက်တော်မူ၏။
ထိုစဉ်က ပုဂံပြည်၌ ပရိယတ္တိသာသနာဖြစ်သော ပိဋကတ်သုံးပုံလည်းမရှိသေးချေ။
ဘုရားရှင်၏ဓာတ်တော်၊မွေတော်များလည်းမရှိသေးချေ။ထို ပိဋကတ်တော်များနှင့်ဘုရားရှင်၏
ဓာတ်တော်၊မွေတော်များမှာ“သုဝဏ္ဏဘုမ္မိပြည်”၌ရှိသည်။ထို့ကြောင့်“သထုံမနူဟာမင်း”ထံ လက်ဆောင်ပဏ္ဏာများ ဆက်သလျက် ပိဋကတ်သုံးပုံနှင့်တကွဓာတ်တော်၊မွေတော်များကို
“ပုဂံပြည်”သို့ပင့်ရန် “အရှင်အရဟံ”က“အနော်ရထာမင်း”အားမိန့်တော်မူ၏။
“သထုံပြည်”မှ မင်းအဆက်ဆက်တို့ကိုးကွယ်ခဲ့ကြသော“ဓာတ်တော်”များနှင့်တကွ
“ပိဋကတ်သုံးပုံအစုံ(၃၀)”ကို ဆင် အစီး(၃၀)ဖြင့် ပင့်ဆောင်ကာ“အရိမဒ္ဒန”(ပုဂံပြည်)သို့
ပင့်ဆောင်ခဲ့တော့သည်။
ထိုသို့ ပင့်ဆောင်ခဲ့သည့်နှစ်ကား ကောဇာသက္ကရာဇ်(၄၁၉) ခုနှစ်၊သာသနာနှစ်
(၁၆၀၁) နှစ် ပင်ဖြစ်ပေသည်။ထို့ပြင် အရိယာသံဃာ(၁၀၀၀)ကိုလည်းပင့်ဆောင်လာခဲ့သဖြင့် ဘုရား၊တရား၊သံဃာဟူသော ရတနာသုံးပါးဖြင့်ပြည့်စုံသောကြောင့်“ပုဏ္ဏာဂါမ”ဟုအမည်တွင်
သည်။ထိုအချိန်မှစတင်ကာ “ပုဂံရွှေပြည်”ကြီး၌“ဗုဒ္ဓသာသနာတော်”သည် တစ်စတစ်စစည်ပင်
ထွန်းလင်းခဲ့ပေတော့သည်။
အရှင်အရဟံမထေရ်မြတ်ကြီးသည် သက်တော်(၈၁)၊သာသနာတော်နှစ်(၁၆၅၈)၊
ကောဇာသက္ကရာဇ်(၄၇၆)ခုနှစ်၊အလောင်းစည်သူမင်း နန်းစံ(၂)နှစ် တွင် ပရိနိဗ္ဗာန်ပြုတော်မူ
ခဲ့ပါသည်။
အလောင်းစည်သူမင်းကြီးက အရှင်အရဟံမထေရ်မြတ်ကြီး၏ဓာတ်တော်၊မွေတော်များ
ကိုဌာပနာကာ“ပုဂံမြို့၊တုရင်တောင်ခြေ၊တောင်ပရွာ..တွင်“အရှင်အရဟံစေတီတော်”
(ထီးတစ်ဆောင်စေတီ)တည်ထားကိုးကွယ်ခဲ့သည်။
အရှင်အရဟံမထေရ်မြတ်ကြီးသီတင်းသုံးတော်မူခဲ့သော အုတ်ကျောင်းတော်ကြီး မှာ
“ညောင်ဦးမြို့အရှေ့တောင်ဘက်ပိုင်း၊မဟာငှက်ပစ်တောင်ဘုရားဝင်း၊ငှက်ပစ်တောင်ဘုရားနှစ်ဆူ၏ အနောက်ဖက်တွင် တည်ရှိပါသည်။

မှီခိုရာကျမ်းကိုး-
“မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိလာပုံ”(ရဝေထွန်း)
(မင်္ဂလာဗျူဟာအသင်းချုပ်ရွှေရတုစာစောင်-၁၉၅၆-၂၀၀၆)
-“မြန်မာနိုင်ငံတွင်ထေရ၀ါဒဗုဒ္ဓသာသနာထွန်းလင်းစေခဲ့သူ ရဟန္တာအရှင်မြတ် အရှင်အရဟံ(၁၀၃၂-၁၁၁၃) ”(ကြည်လွင်)(၂၀၁၀ ပြည့်နှစ်၊ဇန်န၀ါရ်ီလ၊အပ္ပမာဒ မဂ္ဂဇင်း၊စာ-၉၉)

M Sai Mon Thar
ရဟန္တာအရှင်သူမြတ်“အရှင်အရဟံ”သည် “အနော်ရထာမင်း”တည်ထောင်တော်မူသော ပထမမြန်မာနိုင်ငံ (ပုဂံပြည်)သို့သက်တော်(၂၀)ကျော်အရွယ်တွင်ကြွရောက်တော်မူကာဘုရင်မင်းမြတ်မှအစပြည်သူများ ကိုးကွယ်သော“မိစ္ဆာဋ္ဌိအရည်းကြီးများ”ကိုဖယ်ရှား၍“ထေရ၀ါဒဗုဒ္ဓသာသနာတော်”ကိုထွန်းလင်းစေခဲ့ပါသည်။ အရှင်အရဟံမထေရ်မြတ်သည် “အနော်ရထာမင်း၊စောလူးမင်း၊ကျန်စစ်သားမင်း၊အလောင်းစည်သူမင်း၊” စသော မင်း(၄)ဆက်တိုင်တိုင်နှစ်ပေါင်း(၆၀)တိုင်အောင်
ပုဂံပြည်တွင်သာသနာပြုသွားသောမထေရ်မြတ်ကြီးဖြစ်ပါသည်။ ယနေ့ “ထေရ၀ါဒဗုဒ္ဓဘာသာ(၅)နိုင်ငံ” တွင် “ထေရ၀ါဒဗုဒ္ဓသာသနာအထွန်းလင်းဆုံး”နိုင်ငံအဖြစ်“မြန်မာနိုင်ငံ” ဂုဏ်ယူဝင့်ကြွားနိုင်ခြင်းမှာ မြန်မာနိုင်ငံမှမိစ္ဆာအယူကိုဖယ်ရှားပြီးထေရ၀ါဒဗုဒ္ဓသာသနကိုတည်ထောင်ပေး သွားသော ဤ မထေရ်မြတ်ကြီး၏ကျေးဇူးကြောင့်ပင်ဖြစ်လေသည်။ သထုံပြည်ကျေးရွာတစ်ရွာ၌သီတင်းသုံးလျက်ရှိသော“အရှင်သီလဗုဒ္ဓိ”အမည်ရှိမထေရ်ကြီးတစ်ပါးသည် “သုနာပရန္တတိုင်း၊တမ္ပဒီပတိုင်း”ဟူသော မြန်မာတိုင်းဌာနတို့တွင် ဗုဒ္ဓသာသနာ တော် ခိုင်ခံ့စွာ မတည်ဆောက်နိုင်သေးသည်ကို သိမြင်တော်မူသဖြင့်တာဝတိံသာနတ်ပြည်၊သိကြားမင်းထံကြွရောက်လျက်သာသနာတော်ကိုချီးမြှင့် စွမ်းနိုင်သော“နတ်သား”တစ်ပါးကိုတောင်းခံ၍ လူ့ပြည် ၌ ပဋိသန္ဓေယူစေခဲ့ပါသည်။ အရှင်သီလဗုဒ္ဓိမထေရ်ကြီးသည်အရှင်အရဟံအားကြီးပြင်းလာသည်အထိစောင့်ရှောက်တော်မူပြီးနောက်ရှင်ရ ဟန်းပြုချိန်တန်သော်ရှင်ရဟန်းပြုပေးတော်မူပါသည်။ရှင်အရဟံသည်ထူးခြားမြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ပေရာ ဘုရားစကား တော်ပိဋကတ်သုံးပုံကိုအလွန်လျင်မြန်စွာလိမ္မာတတ်ကျွမ်းတော်မူ၏။ရဟန္တာအဖြစ်သို့
လည်းရောက်တော် မူ၏၊“အရဟန္တအရဟံ”ဟု ကျော်စောထင်ရှားတော်မူ၏။ အရှင်အရဟံသည်“သထုံပြည်”မှ“အရိမဒ္ဒနပုဂံပြည်”သို့ကြွတော်မူကာဒေသအရပ်ရပ်၌သာသနာပြုတော်မူ၏။ အရှင်အရဟံ သည် ဦးစွာ ပုဂံပြည်ရှိ“တော”တစ်တော၌သီတင်းသုံးနေထိုင်တော်မူစဉ် “မုဆိုး”တစ်ဦးနှင့်တွေ့၏။မုဆိုးသည် အရှင်အရဟံလိုပုဂ္ဂိုလ်မျိုးကိုမမြင်ဖူးသဖြင့်“ဤသူကားလူမဟုတ်တန်ရာ၊ဘီလူးသာဖြစ်တန်ရာ၏၊ လူဆိုလျင်လည်းတကယ့်လူရိုင်းမျိုးသာ ဖြစ်တန်ရာ၏”ဟုတွေးကာ ဘုရင်မင်းမြတ်ထံသို့ခေါ်ဆောင်သွား၏။ ဘုရင်မင်းမြတ်နှင့်တွေ့သောအခါ……. “ငါသည် လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်းတို့၏ပူဇော်အထူးကိုခံယူတော်မူသော သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ တပည့်သာဝက ရဟန်းတစ်ပါးဖြစ်ပေသည်“ ဟူ၍မြွက်ကြားတော်မူသည်။ ထိုအခါ အနော်ရထာမင်းသည် ကြည်ညိုစိတ်များဖြစ်ပေါ်လျက်… “အရှင်ဘုရား၏ဆရာ သမ္မာသမ္ဗုဒ္ဓဟောတော်မူသောတရားတော်ကို အကျွန်ုပ်အား ဟောတော်မူပါ” ဟုလျှောက်ထားတောင်းပန်သည်။ အရှင်အရဟံ က မင်းတို့နှင့်သင့်တော်သော.. “အပ္ပမာဒသုတ္တန်”ဒေသနာတော်ကိုဟောကြားတော်မူသောအခါ အလွန့်အလွန်ကြည်ညို၍.. “အရှင်၏ဆရာ မြတ်စွာဘုရားသည် အဘယ်၌သီတင်းသုံးနေထိုင်တော်မူပါသနည်း၊ ထိုဘုရားရှင်ဟောကြားတော်မူသောတရားကား အဘယ်မျှလောက်ရှိပါသနည်း၊ထိုမြတ်စွာ ဘုရား၏တပည့်သာဝကတွေ အဘယ်မျှလောက်ရှိပါသနည်း၊အရှင်ဘုရားတစ်ပါးတည်းပဲလား။ အခြားရှိသေးလား” ဟု ဆက်လက်လျှောက်ထားပြန်သည်။ ထိုအခါ အရှင်အရဟံမထေရ်က ဤသို့ပြန်လည်အမိန့်ရှိတော်မူသည်။ “မြတ်သောမင်းကြီး… ငါ၏ဆရာမြတ်စွာဘုရားကား ယခုသက်တော်ထင်ရှားမရှိတော့၊ပရိနိဗ္ဗာန်စံတော်မူပြီ.. ထိုမြတ်စွာဘုရား အသွေးတော်၊အသားတော် စသည်တို့မှဖြစ်သော “ဓာတ်တော်”တို့ သာလျင်ရှိတော့၏။ ထိုမြတ်စွာဘုရား ဟောကြားအပ်သောတရားတော်တို့ကား“ရှစ်သောင်းလေးထောင်” ပမာဏ ရှိ၏။ထိုတရားတော်တို့လည်း ထင်ရှားရှိပါသေး၏။ တပည့်သာဝကအနေဖြင့်လည်း ငါမှတစ်ပါး ပရမတ္ထသံဃာ၊သမုတိသံဃာအားဖြင့် တပည့်သာဝကရဟန်းသံဃာတို့များစွာရှိနေပါသေးသည်” အရှင်အရဟံမထေရ်က ထိုသို့မြွက်ကြားသော် မင်းကြီး က သဒ္ဓါတရားပိုမိုဖြစ်ထွန်း လာလျှက်..“အရှင်ဘုရား၊ဤပုဂံပြည်၌အရှင်ဘုရားမှတစ်ပါး တပည့်တော်၏ယုံကြည်ကိုးကွယ် အားထားရာမရှိတော့ပါဘုရား၊ယနေ့မှစ၍ အသက်ထက်ဆုံးတိုင်တပည့်တော်၏ကိုးကွယ် ဆည်းကပ်ရာဖြစ်တော်မူပါဘုရား။အရှင်ဘုရားသည် တပည့်တော်အားဆုံးမသည့် ဆရာ ဖြစ် တော်မူပါဘုရား” ဟု လျှောက်၏။ အနော်ရထာမင်းသည် အရှင်အရဟံအား သင့်လျော်သောအရပ်၌ ကျောင်းသင်္ခမ်း ဆောက်လုပ်ကိုးကွယ်သည်။ထို့နောက် ပုဂံပြည်၌ “ဗုဒ္ဓသာသနာတော်”ထွန်းကားစေခြင်းငှာ ရှေးမင်း အဆက်ဆက်တို့ ကိုးကွယ်ခဲ့သော ရဟန်းတု၊ရဟန်းယောင်၊ရှင်တု၊ရှင်ယောင် များဖြစ် သော(အရည်းကြီး)တို့အား သုတ်သင်ရှင်းလင်း၏။ဗုဒ္ဓသာသနာ၌ သက်ဝင်ကြည်ညိုသူတို့အား ရှင်၊ရဟန်းပြုစေ၍ သာသနာတော်ကိုချီးမြှောက်တော်မူ၏။ ထိုစဉ်က ပုဂံပြည်၌ ပရိယတ္တိသာသနာဖြစ်သော ပိဋကတ်သုံးပုံလည်းမရှိသေးချေ။ ဘုရားရှင်၏ဓာတ်တော်၊မွေတော်များလည်းမရှိသေးချေ။ထို ပိဋကတ်တော်များနှင့်ဘုရားရှင်၏ ဓာတ်တော်၊မွေတော်များမှာ“သုဝဏ္ဏဘုမ္မိပြည်”၌ရှိသည်။ထို့ကြောင့်“သထုံမနူဟာမင်း”ထံ လက်ဆောင်ပဏ္ဏာများ ဆက်သလျက် ပိဋကတ်သုံးပုံနှင့်တကွဓာတ်တော်၊မွေတော်များကို “ပုဂံပြည်”သို့ပင့်ရန် “အရှင်အရဟံ”က“အနော်ရထာမင်း”အားမိန့်တော်မူ၏။ “သထုံပြည်”မှ မင်းအဆက်ဆက်တို့ကိုးကွယ်ခဲ့ကြသော“ဓာတ်တော်”များနှင့်တကွ “ပိဋကတ်သုံးပုံအစုံ(၃၀)”ကို ဆင် အစီး(၃၀)ဖြင့် ပင့်ဆောင်ကာ“အရိမဒ္ဒန”(ပုဂံပြည်)သို့ ပင့်ဆောင်ခဲ့တော့သည်။ ထိုသို့ ပင့်ဆောင်ခဲ့သည့်နှစ်ကား ကောဇာသက္ကရာဇ်(၄၁၉) ခုနှစ်၊သာသနာနှစ် (၁၆၀၁) နှစ် ပင်ဖြစ်ပေသည်။ထို့ပြင် အရိယာသံဃာ(၁၀၀၀)ကိုလည်းပင့်ဆောင်လာခဲ့သဖြင့် ဘုရား၊တရား၊သံဃာဟူသော ရတနာသုံးပါးဖြင့်ပြည့်စုံသောကြောင့်“ပုဏ္ဏာဂါမ”ဟုအမည်တွင် သည်။ထိုအချိန်မှစတင်ကာ “ပုဂံရွှေပြည်”ကြီး၌“ဗုဒ္ဓသာသနာတော်”သည် တစ်စတစ်စစည်ပင် ထွန်းလင်းခဲ့ပေတော့သည်။ အရှင်အရဟံမထေရ်မြတ်ကြီးသည် သက်တော်(၈၁)၊သာသနာတော်နှစ်(၁၆၅၈)၊ ကောဇာသက္ကရာဇ်(၄၇၆)ခုနှစ်၊အလောင်းစည်သူမင်း နန်းစံ(၂)နှစ် တွင် ပရိနိဗ္ဗာန်ပြုတော်မူ ခဲ့ပါသည်။ အလောင်းစည်သူမင်းကြီးက အရှင်အရဟံမထေရ်မြတ်ကြီး၏ဓာတ်တော်၊မွေတော်များ ကိုဌာပနာကာ“ပုဂံမြို့၊တုရင်တောင်ခြေ၊တောင်ပရွာ..တွင်“အရှင်အရဟံစေတီတော်” (ထီးတစ်ဆောင်စေတီ)တည်ထားကိုးကွယ်ခဲ့သည်။ အရှင်အရဟံမထေရ်မြတ်ကြီးသီတင်းသုံးတော်မူခဲ့သော အုတ်ကျောင်းတော်ကြီး မှာ “ညောင်ဦးမြို့အရှေ့တောင်ဘက်ပိုင်း၊မဟာငှက်ပစ်တောင်ဘုရားဝင်း၊ငှက်ပစ်တောင်ဘုရားနှစ်ဆူ၏ အနောက်ဖက်တွင် တည်ရှိပါသည်။ မှီခိုရာကျမ်းကိုး- “မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာရောက်ရှိလာပုံ”(ရဝေထွန်း) (မင်္ဂလာဗျူဟာအသင်းချုပ်ရွှေရတုစာစောင်-၁၉၅၆-၂၀၀၆) -“မြန်မာနိုင်ငံတွင်ထေရ၀ါဒဗုဒ္ဓသာသနာထွန်းလင်းစေခဲ့သူ ရဟန္တာအရှင်မြတ် အရှင်အရဟံ(၁၀၃၂-၁၁၁၃) ”(ကြည်လွင်)(၂၀၁၀ ပြည့်နှစ်၊ဇန်န၀ါရ်ီလ၊အပ္ပမာဒ မဂ္ဂဇင်း၊စာ-၉၉)


M Sai Mon Thar


No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..