အခုလတ်တလော မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတွေတောင် အကြမ်းဖက်မှုတွေမှာ ပါဝင် ပတ်သက်နေကြပါတယ်၊ ဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာရဟန်းတွေ ဗုဒ္ဓရှင်တော်ရဲ့ မျက်နှာတော်ကို အာရုံပြုနိုင်ကြပါစေ၊ နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊ ဘာသာရေးအတွက် ပါဏာတိပါတာကံကို ကျူးလွန်တယ်ဆိုတာ ဘယ်လိုမှစဉ်းစားလို့မရတဲ့ကိစ္စပါလို့ ဒလိုင်းလားမား က ပြောကြားခဲ့တာပါ။ မေရီလဲန်းတက္ကသိုလ်မှာ တက်ရောက်လာသူ ပရိသတ်ကို သြ၀ါဒစကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓအဆုံးအမ နဲ့ မေတ္တာတရားအကြောင်း ဒလိုင်လားမားက ဟောကြားခဲ့ပါတယ်။ အဲဒီနောက် အမေးအဖြေအစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံးအမ အကြောင်းမေးခွန်း ကို ဖြေဆိုရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်းလားမားက ထည့်သွင်းဟောကြား ခဲ့တာဖြစ်ပါတယ်။
.RFA

No comments:
Post a Comment