မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့တပတ်က ပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး လူပေါင်းသောင်းနဲ့ချီ မြို့တော် ကွာလာလမ်ပူမှာ ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိဝန်ကြီးချုပ် Najib Razak အနိုင်ရရှိသွားတာဟာ မဲတွေကိုခိုးယူပြီး အနိုင်ရသွားတာ ဖြစ်တယ်လို့ အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim က ဆန္ဒပြပွဲမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘဲ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဥပမာအားဖြင့် နိုင်ငံခြားသားတွေကိုပါ မဲပေးခွင့်ပေးတာတွေ၊ အစိုးရအတွက် အဓိကကျတဲ့ မဲဆန္ဒနယ်မြေတွေကို အစိုးရစရိတ်နဲ့ လေယာဉ်ပို့ဆောင်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီစွပ်စွဲချက်တွေကို မလေးရှားအစိုးရက မဟုတ်မမှန်ဘူးလို့ ငြင်းဆိုထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်က ဆန္ဒပြပွဲကြီးဟာ ကားအသွားအလာ လမ်းတွေကို ပိတ်ဆို့စေ ခဲ့ပါတယ်။
ABC Radio Australia

No comments:
Post a Comment