မန်ချက်စတာ
ယူနိုက်တက်အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး ဆာ အဲလက် ဖာဂူ ဆန်က
ဒီနှစ်ဘောလုံးရာသီအကုန်မှာ နည်းပြဘ၀ကနေ အနားယူတော့မယ်လို့ ကြေညာ
လိုက်ပါတယ်။
အသက် ၇၁ နှစ်အရွယ် ရှိနေတဲ့ နည်းပြ ဖာဂူဆန်က အနားယူတော့မှာ ဖြစ်တဲ့အကြောင်းကို မန်ယူအသင်းရဲ့ ၀က်ဆိုက်ကနေ မေလ ၈ ရက်နေ့မှာ ထုတ်ပြန် လိုက်တာပါ။
ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆ နှစ်ကြာ တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖ လား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ် အပါအ၀င် ဆုဖလားပေါင်း ၃၈ ခု ရယူ ပေးနိုင်ခဲ့ပါတယ်။
အနားယူဖို့ ဆုံးဖြတ်လိုက်တာက ကျနော့်အတွက် အကောင်းဆုံး စဉ်းစားမှု တခုပါ။ အခု အချိန်က အနားယူဖို့အတွက် အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ ဖာဂူဆန်က မန်ယူအ သင်းပိုင် ၀က်ဆိုက်ကနေ ပြောဆိုလိုက်ပါတယ်။
ဖာဂူဆန်ဟာ နည်းပြဘ၀ကနေ အနားယူလိုက်ပေမယ့် မန်ယူအသင်းမှာ ဒါရိုက်တာနဲ့ သံအမတ်အဖြစ် ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပွဲစဉ် မကုန်ခင်မှာပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စောစောစီးစီး သိမ်းပိုက်ထားပါတယ်။ လောလောဆယ် မန်ယူအသင်း နည်းပြ ရာထူးနေရာအတွက် အဲဗာတန် နည်းပြ ဒေးဗစ် မိုရက်စ်နဲ့ ရီရဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ညင်ဟိုတို့က ထိပ်ဆုံးက ရေပန်းစား နေပါတယ်။

DVB

No comments:
Post a Comment