တော်တော်များများ သတိမထားမိလိုက်တဲ့ အကြောင်းအရာ လေးပါ။ အများစု သိထားတာက Arnold Schwarzenegger ဟာ ရုပ်ရှင်စရိုက်မှ ငွေကြေး ချမ်းသာသွားတယ် လို့ပဲ ဖြစ်ပါတယ်။
အမှန်တော့ သူဟာ အသက် ၂၂ နှစ်ကတည်းက မီလျံနာ ဖြစ်နေပါပြီ။ အိမ်ခြံ မြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားပြီး၊ အိမ်အရောက်ပို့ ကာယဗလ သုံး ပစ္စည်း ကုမ္မဏီငယ်ပါ တွဲဖွင့်ထားပြီး နှစ်အနည်းငယ် အတွင်းကို အမေရိကန်ဒေါ်လာ သန်းချီ ချမ်းသာခဲ့ပါတယ်။ အဲ့တုန်းက ၁၉၆၉ ခုနှစ် ဖြစ်ပြီး Hercules in New York အမည်ရ ရုပ်ရှင်ကား ရိုက်ကူးဖို့ ပြင်ဆင် နေချိန် ဖြစ်ပါတယ်။
အာနိုးအနေနဲ့ စီးပွားရေးမှာအောင်မြင်သလို၊ အနုပညာမှာလည်း အောင်မြင် ပါတယ်။ တစ်ဆက်တည်း နိုင်ငံရေးမှာပါ အောင်မြင်ခဲ့တဲ့ အာနိုးဟာ ထူးချွန် ထက်မြတ်တဲ့ အမျိုးသား တစ်ဦးအဖြစ် လူသိများစေခဲ့ကြောင်း သိရပါတယ်။
-
Ref: rarefacts

No comments:
Post a Comment