လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, May 28, 2013

ဘာသီချင်းမဆို သီချင်းဖြစ်ရင်ပြီးရော အကုန်ဆိုမယ်ဆိုတဲ့ အာဇာနည်

သီချင်း အတွက် လေ့လာမှုက တော့ အစ်ကို သီချင်း နားထောင် တယ်။ နိုင်ငံခြားက သီချင်း ခွေတွေ နားထောင်တယ်။ စင်္ကာပူမှာ One Man Show လုပ်ခဲ့ တာက အတိုင်း အတာ တစ်ခုအရ အဆင်ပြေပါ တယ်။ ဘာတွေ ရခဲ့လဲ ဆိုရင်တော့ အားပေးမှု တွေနဲ့ ချစ်ခင်မှုတွေ ရခဲ့တယ်။ စင်္ကာပူမှာ လုပ်တဲ့ပွဲက ပရိ သတ်အများကြီး သောင်းနဲ့ချီပြီး ဆန့်တဲ့ နေရာမျိုးမှာ လုပ်တာမဟုတ် ဘူး။ အမျိုးသား ကဇာတ်ရုံလို ပုံစံမျိုး မှာလုပ်တာ ဆိုတော့ နည်းနည်း တော့ ကွာတာပေါ့။

မူပိုင်ခွင့်နဲ့ပတ် သက်ပြီး အစ်ကို ပြောချင်တာက မူပိုင်ခွင့် ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ခေါင်းစဉ်နဲ့ လိုက်အောင် မူပိုင်ဆိုတာ ဖြစ်သင့် တယ်လို့ ထင်ပါတယ်။ အစ်ကို့ သီချင်း တွေရဲ့မူပိုင်ခွင့် အတွက် တရားစွဲဆိုမှု တွေကတော့ သူ့လမ်းကြောင်း အတိုင်းပဲ သွားမှာ ပါ။ အစ်ကိုတို့ ဒီလောက်ကြီး မသိ ဘူး။ အစ်ကိုတို့ ကိစ္စအားလုံး ရှေ့နေ တွေနဲ့ တိုင်တိုင် ပင်ပင် လုပ်ပြီးတော့ပဲ သွားမယ်လို့ စဉ်းစား ထားပါတယ်။ အစ်ကို ကတော့ ဆိုလို့ ကောင်းတဲ့ သီချင်းတွေ အကုန်လုံး ဆိုမယ်။ copy တွေလည်းဆိုတယ်။ own tune တွေလည်း ဆိုပါတယ်။
copy ဆိုတယ်ဆိုတာကလည်း တစ်ကမ္ဘာ လုံးမှာရှိတယ်။ တစ်ကမ္ဘာလုံးမှာ cover song ဆိုတာရှိတယ်။ သူတို့ တွေ ပြန်ဆို တာလေးတွေ အဲဒါတွေ က ဟိုးရှေ့ ခေတ်ကတည်းက ရှိခဲ့ဖူး တာတွေလေ။ အဲဒီတော့ အစ်ကိုတို့ တိုင်းပြည်အနေ အထားနဲ့ကျတော့ အင်္ဂလိပ် သီချင်း တစ်ပုဒ်ကို အင်္ဂလိပ် လိုမဆိုဘဲနဲ့ မြန်မာလို ပြန်ဆိုတာ ကိုတော့ ကိုယ့်အပြစ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေကသူ များ သီချင်းကို ဟိုးရှေး ခေတ်က တည်းက အဘိုးကြီး တစ်ယောက်ဆို ထားတဲ့ not cannot having ဆိုတဲ့ သီချင်းကို GUNN Roses ပြန်ဆို ထားတာ။ ဒါ တောင် အစ်ကိုတို့ ငယ်ငယ်က တည်းကပါ။ ပြောရ မယ်ဆို လို့ရှိရင် ဒီလိုပဲ ဒီဘက်ခေတ်မှာ ဆိုရင်လည်း fun ရဲ့ we are young ဆိုတဲ့ သီချင်းကို ချာတိတ်မ တွေအဖွဲ့က ပြန်ဆို တာတွေ၊ ဒါမျိုးတွေရှိတဲ့ အတွက် ဘာသီချင်းမဆို သီချင်းဖြစ် ရင်ပြီးရော အစ်ကိုတို့ကတော့ ဆိုမှာ ပေါ့။
မိုးထက်ကျော်
8 Days 

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..