လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, May 28, 2013

တရုတ်ကမ္ဘာလှည့်ခ၇ီးသွား အီဂျစ်ဘုရားကျောင်းပေါ် ရေးခြစ်ဖျက်ဆီး

Photo: တရုတ်ကမ္ဘာလှည့်ခ၇ီးသွား အီဂျစ်ဘုရားကျောင်းပေါ် ရေးခြစ်ဖျက်ဆီး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားမှုများပြားလာတာနဲ့အမျှ သူတို့နဲ့ ပတ်သက်လို့ အဆင်မပြေမှုတွေကိုလည်း မကြာခဏကြားလာရ ပါတယ်။

နောက်ဆုံးဖြစ်ရပ်ကတော့ အီဂျစ်က နှစ်ပေါင်း ၃၅၀၀ ကျော်က
ရှေးဟောင်း ဘုရားကျောင်း နံရံက ရုပ်ကြွပေါ်မှာ တရုတ်ခရီးသွားက စာရေးခြစ်ခဲ့လို့ ပျက်ဆီးသွားခဲ့ရတာပါပဲ။ 

မေလ ၂၄ ရက်နေ့ကတော့ ဒီရေးသားမှုကို မြင်တဲ့ တရုတ်ခရီးသွား တယောက်က ဓာတ်ပုံရိုက်ပြီး တရုတ်ပြည်က ဝေဘောင်ခေါ် ဘလောက်ပေါ်တင်လိုက်ပါတယ်။ သူက ဒီဖြစ်ရပ်ကိုမြင်ရတဲ့အတွက် အင်မတန် ရှက်မိကြောင်း။ မျက်နှာကို ဖွက်ထားချင်တဲ့အထိ ဖြစ်ခဲ့ရကြောင်း၊ အီဂျစ်တိုးဂိုက်ကို တောင်းပန်ခဲ့ကြောင်း ဘလောက်ပေါ်တင်လိုက်ပါတယ်။
ရေးထားတဲ့ စာက- ဒင်ဂျင်ဟောင် ဒီနေရာကိုရောက်ခဲ့တယ် - လို့ ဆိုပါတယ်။ ဘလောက်ပေါ်ကလူတွေကလည်း စိတ်ဆိုးဆိုးနဲ့ ဒီနာမယ်ကို
ခြေရာခံရာမှာ နန်ဂျင်းမှာ ရှာတွေ့ခဲ့၇ပါတယ်။ ဒီလိုရေးခြစ်ခဲ့သူက အသက် ၁၅ နှစ်သားဖြစ်ပြီး လူမှုရေးစာမျက်နှာတွေပေါ်မှာ ၀ိုင်းပြီး ရှုတ်ချကြတဲ့ အတွက် နောက်ဆုံး သူ့မိဘတွေက မီဒီယာကို တွေ့ပြီး တရားဝင်တောင်းပန် ခဲ့ရပါတယ်။ 

ပြဿနာက တရုတ်ပြည်မက လူတွေ ငွေကြေးပြည့်စုံလာတာနဲ့ အမျှ ကမ္ဘာတ၀ှမ်းကို သွားရောက်မှု များလာတာပါ။ အမေရိကန်နဲ့ ဂျာမန်တွေက အရင်က ကမ္ဘာ့ခရီးအသွားဆုံးဖြစ်ခဲ့ပေမဲ့ အခု တရုတ်က ပိုများသွားပါပြီ။ ဒါပေမဲ့ ခရီးသွားလေ့မရှိတော့ ဘယ်နိုင်ငံရောက်ရောက် စည်းကမ်းမရှိပဲ လူတွေနဲ့ ဆက်ဆံရာမှာ ရိုင်းပြတယ်ဆိုတဲ့ နာမယ်ဆိုးရနေကြပါတယ်။ ဒီအတွက် မကြာသေးခင်ကပဲ တရုတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဝန်ကြီးချုပ် ၀န်ရန်းက နိုင်ငံရဲ့ဂုဏ်သိက္ခာဆယ်ဖို့ သူ့နိုင်ငံသားတွေ ပြည်ပမှာ ယဉ်ကျေးကြဖို့ သတိပေးခဲ့ရတဲ့ အထိပါပဲ။ 

ငွေပေးရင်ဘာမဆိုရတယ်ဆိုတဲ့ သဘောထားမျိုးနဲ့ ကမ္ဘာ့တခွင်မှာ လှည့်လည်နေတဲ့သဘောတွေ့ရတယ်လို့ ကမ္ဘာ့ခရီးသွားလုပ်ငန်း
လေ့လာသူတွေက ပြောပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးအပြီး အလျင်အမြန် ကြွယ်ဝလာတဲ့ တရုတ်ပြည်မသားတွေဟာ နိုင်ငံတကာက သူတို့ကို ဖိနှိပ်ဆက်ဆံတယ်ဆိုတဲ့ သံသယမျိုးအမြဲရှိနေတဲ့အတွက် သွားလေရာမှာလည်း အမြဲပြဿနာဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၁၀၂ သုံးစွဲခဲ့တဲ့ တရုတ်ကို ကမ္ဘာ့ခရီးသွားဈေးကွက်ကလည်း လက်လွှတ်လို့ မရပါဘူး။ တရုတ်တွေအတွက် ဟိုတယ်အပြင်အဆင်ပြောင်းတာ၊ တရုတ်အစားအစာကို ထည့်သွင်းရတာတွေ၊ အာရှ၇ိုးရာကို ကြိုဆိုတဲ့နေရာတွေမှာ ထည့်သွင်း အသုံးပြုတာတွေ လုပ်လာရပါတယ်။ ဟောင်ကောင်က ကမ္ဘာ့ခရီးသွား လုပ်ငန်း ကုမ္ပဏီကြီးကတော့ ပြည်မက တရုတ်တွေ ခရီးသွားလေ့မရှိခဲ့တဲ့ အတွက် အခုလို ဖြစ်ရတာ ဖြစ်ပေမဲ့ ကမ္ဘာ့ယဉ်ကျေးမှုနဲ့ အထိအတွေ့ များလာရင် သင်လာကြပါလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..