သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို အခမဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ခြောက်သောင်းနီးပါးခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရှိရသည်။
အဆိုတော် စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စိုးသူ၏ ထင်ရှားခဲ့သည့်
တေးသီချင်းများ သီဆိုမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး Plus Three တီးဝိုင်းနှင့် တွဲဖက်ကာ တေးသီချင်းများစွာကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဖျော်ဖြေမှု
များကို အပိုင်းလိုက်ခွဲ၍ တင်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ခေတ္တနားချိန်များအတွင်း သရုပ်ဆောင် အကယ်ဒမီ နေအောင်နှင့် ခင်သန်းနုတို့က စိုးသူ၏ ငယ်ဘ၀ အမှတ်တရများနှင့် အနုပညာဘ၀ စတင်ခဲ့ပုံများကို ပြောပြပေးခဲ့သည်။
ထို့နောက် သရုပ်ဆောင်အဆိုတော် စိုးသူက dancer များနှင့် တွဲဖက်ကာ ထင်ရှားခဲ့သည့် တေးသီချင်းများစွာကို ပါဖောမန့်စ်များဖြင့် တင်ဆက်ခဲ့သည်။ ဆက်လက်၍ သရုပ်ဆောင် အဆိုတော်စိုးသူနှင့် ခေတ်ပြိုင် အနုပညာရှင်
များ ဖြစ်ကြသည့် သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်ခင်ဦး စသူတို့ကလည်း စိုးသူနှင့်ပတ်သက်၍ အမှတ်တရ စကားများ ပြောကြားပေးခဲ့ပါသည်။
ထို့နောက် စိုးသူက ဆိုင်ကယ်စီး၍ ပရိသတ်များကြားသို့ ရောက်ရှိလာ
ပြီးနောက် တေးသီချင်းများဖြင့် ထပ်မံသီဆို ဖျော်ဖြေပေးခဲ့သည်။ စိုးသူ ထွက်ရှိခဲ့သည့် တစ်ကိုယ်တော် တေးစီးရီးများမှ တေးသီချင်းများဖြင့်ရော၊ ရုပ်ရှင်တေးသီချင်းများဖြင့
များ အားလုံးကို တစ်ကိုယ်တော်အဖြစ် သီဆိုဖျော်ဖြေပြခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့် ပရိသတ်ကို ကျွန်တော် အားပါးတရ ဖျော်ဖြေချင်တာကြောင့် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။ အခုလို ပရိသတ်တွေအများကြီးက လာအားပေးတဲ့အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်။ ကျွန်တော် သီချင်းတွေ အများကြီး ဆိုပြချင်ပါတယ်။ ဒီတစ်ပွဲတင် မဟုတ်ပါဘူး။
နောက်ပွဲတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါ
တယ်" ဟု သရုပ်ဆောင် အဆိုတော် စိုးသူက အမှတ်တရစကား ပြောကြား
ခဲ့ပါသည်။ စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲသို့ အနုပညာရှင် အများ
အပြားလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ လာရောက်ကြည့်ရှု အားပေးခဲ့သူ တစ်ဦးဖြစ်သည့် သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်က "မမို့တို့ သူငယ်ချင်းရဲ့ တစ်ကိုယ်တော်ပွဲလေး အခုလို
အောင်မြင်တာကို ဂုဏ်ယူပါတယ်။ သူ့ပရိသတ်တွေနဲ့ သူ့ကြားမှာရှိတဲ့ အားပေးမှု ချစ်ခြင်းမေတ္တာကို တွေ့ရတာလည်း တကယ့်ကို ကြည်နူးစရာပါ။
နောက်ထပ်အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့လည်
ဆုတောင်းပါတယ်" ဟု ပြောပြခဲ့ပါသည်။
ဖျော်ဖြေပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် မေသန်းနုတို့ကလည်း သင်္ကြန်အမှတ်
တရ ဖျော်ဖြေမှုဖြင့် အားဖြည့်တင်ဆက်ခဲ့ပါသည်။ ထို့နောက် စိုးသူ၏ အထင်ရှားဆုံး တေးသီချင်းများဖြစ်သော "ကြည်ဖြူပါ"၊ "သိပ်ချစ်တာ သူသိပါကွယ်"၊ "မင်းအကြောင်းသီချင်း" စသည့် တေးသီချင်းများကို စိုးသူက သီဆိုဖျော်ဖြေပေးခဲ့သည်။
စိုးသူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအား
ဖြစ်ပြီး အခမဲ့ လက်မှတ်များဖြင့် ကြည့်ရှု အားပေးစေခဲ့ခြင်း ဖြစ်သည်။ လက်မှတ်များတွင် ထိုင်ခုံလက်မှတ်နှင့် မတ်တပ်ရပ် လက်မှတ်နှစ်မျိုး ခွဲခြားထားပြီး ပရိသတ်ခြောက်သောင်းနီးပါးခန
သရုပ်ဆောင် အဆိုတော် အကယ်ဒမီစိုးသူသည် အနုပညာလုပ်ငန်းများအား ရပ်နားကာ အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခဲ့သည်မှာ ၁၁ နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို့
ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးချိန်၌ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ရာတွင် ပထမဆုံး ဖျော်ဖြေပွဲ
အဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခမဲ့အနေဖြင့် ရန်ကုန်မြို့ မိုင်ဒါကွင်း
၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် အဆိုတော် စိုးသူသည် ဇာတ်ကား
များကိုလည်း မကြာမီလက်ခံရိုက်ကူးနိုင်ရန
Eleven Media Group
No comments:
Post a Comment