လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 31, 2013

ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို


အလုပ် အကိုင် ရှားပါး မှုကြောင့် ပြည်ပ နိုင်ငံ များသို့ သွားရောက် အလုပ် လုပ်ကိုင် ကြသူ များနှင့် ပြည်တွင်း လုပ်ကိုင် သူများအား အလုပ်သမား ရေးရာ ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာ ဌာန များမှ ထိရောက်သည့် အကာ အကွယ် ပေးရန် လိုအပ်ပြီး ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များ၏ ဖြစ်ရပ်မှ အဓိက သာဓက တစ်ခု ဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်က ပြောကြားသည်။ ဂျော်ဒန် နိုင်ငံတွင်
သွားရောက် အလုပ် လုပ်ကိုင် နေသူ များမှ လုပ်ခ လစာ နည်းပါးခြင်း၊ လူမျိုး အဆင့် အတန်း ခွဲခြား ဆက်ဆံခြင်း၊ အစာ အဟာရ နည်းပါးခြင်း စသည် တို့ကြောင့် တစ်လခွဲ ကျော်ကြာ ဆန္ဒပြ တောင်းဆို ခဲ့ကြသော်လည်း တစုံ တရာ တုံ့ပြန်မှု မရှိသည့် အပြင် အမျိုး သမီး အဆောင်များ ပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက် ရိုက်နှက်မှု များထိ ပြုလုပ်ခဲ့ မှုများကြောင့် ဆက်လက် အလုပ်လုပ် ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော အလုပ် သမား များ၏ ၎င်းတို့ ကြုံတွေ့ ခဲ့ရသည့် အခက် အခဲ များအား ရှင်းလင်းမှု ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ “အရင်ဆုံး ကာကွယ် ရမယ်၊ ပညာ ပေးရမယ်၊ သွားတဲ့ သူတွေ ကတော့ အေဂျင်စီတွေ တရား ဝင်လာ မဝင်လား ဘယ်သိ နိုင်မလဲ၊”ဟု ဂျော်ဒန်သို့ သွားရောက် ခဲ့မှုတွင် တရားမဝင် အေဂျင်စီမှန်း မသိ ခဲ့သည့် အတွက် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရားဝင် အေဂျင်စီ များကို အများ သိစေရန် ကြေငြာ သင့်ကြောင်း မသက်သက်အောင်က ပြောကြား သည်။ သံရုံး မရှိသည့် နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် မှုကို ဆင်ခြင် သင့်ပြီး၊ အခက် အခဲ ဖြစ်ပါ ကလည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက် သည့် အကာ အကွယ် ပေး သင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက် အလုပ် လုပ်ကိုင် ရခြင်းမှာ ပြည်တွင်း အလုပ် အကိုင် ရှားပါး မှုကြောင့် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ လက်ရှိ အချိန်တွင် အလုပ် အကိုင် ရှားပါး ရခြင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိ ခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ် နေသော်လည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိ သောကြောင့် ယခု ချိန်ထိ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက် ပြောကြားသည်။ မြန်မာ နိုင်ငံ၏ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိ ပက္ခများ၊ ပြဿနာ အရှုပ် အထွေး များကို ပြေလည်အောင် ဖြေရှင်း ပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ် သမား အရေးနှင့် ပတ်သက်၍ ပြည်ပတွင် သာမက ပြည်တွင်းရှိ အလုပ် သမား များမှာလည်း အခွင့် အရေး အပြည့် အဝ မရရှိသည့် အပြင် ပြည်ပ နိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်း များတွင်ပင် မြန်မာ လုပ်သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများ ရှိကြောင်းကို ဥပမာ များဖြင့် ဖြည့်စွက် ပြောကြားသည်။ “အိမ်က မိဘတွေ ကလည်း စိတ်ပူ ကြတယ် ပေါ့နော်၊ အဲချိန် မှာသာ လူကြီးတွေ ရောက်လာ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတွက် အား အရမ်း ရှိသွားပါပြီ၊ အခုကျန် ခဲ့တဲ့ လူဦးရေ ကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစု အခက် အခဲတွေ ရှိပါတယ်၊ လူကြီးတွေ ရောက်လာ မှာကို တလလောက် စောင့်ခဲ့ ပါတယ်၊ မိသားစု အခက် အခဲ တွေနဲ့ အလွှဲ သာလို့ အလုပ် ပြန်ဆင်း ကြတာပါ။”ဟု ဂျော်ဒန် နိုင်ငံတွင် ကျန်ရှိသော အလုပ် သမား များ အလုပ် ပြန်လည် ဆင်းကြ ရခြင်းနှင့် ပတ်သက်၍ ပြန်လည် ရောက်ရှိ လာသူ တစ်ဦး ဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။ မြန်မာ နိုင်ငံမှ တာဝန် ရှိသူများ လာရောက် ဖြေရှင်းမည့် အချိန်ကို တလ ကျော်ကြာ စောင့်ဆိုင်း ခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေရှင်းခြင်း မရှိ ခဲ့သောကြောင့် မိသားစု အခြေ အနေနှင့် လက်ရှိ နေထိုင် ရသော အခက် အခဲ များကြောင့် အလုပ် ပြန်ဆင်း ခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိ သူများ ဖြစ်ကြောင်း၊ အလုပ် ပြန်ဆင်း သူများ အနေဖြင့်လည်း ယခင်က ကဲ့သို့ပင် အခွင့် အရေးများ မရရှိ ကြကြောင်း၊ တာဝန် ရှိသူများ အနေဖြင့် ကျန်ရှိ မြန်မာ နိုင်ငံသား အလုပ် သမား များအား အခွင့် အရေးများ ရရှိ စေရန် ဆောင်ရွက် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ပြည်ပ နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် သူများ အနေဖြင့် မိမိ သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက် ပေးသည့် အေဂျင်စီ တို့ကို စိစစ်သင့်ပြီး အထူး သဖြင့် မိန်ကလေးများ အနေဖြင့် နိုင်ငံခြား တိုင်းပြည် များသို့ သွားရောက် ရာတွင် ဆင်ခြင် သင့်ကြောင်း၊ တတ်နိုင် သမျှ သွားရောက်ခြင်း မပြု သင့်ကြောင်း အပြင် ပြည်ပ နိုင်ငံများတွင် အလုပ် လုပ်ကိုင် နေသူ များကို လည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက်သည့် အကာ အကွယ် ပေးမှုများ ပြုလုပ် ပေး သင့်ကြောင်း၊ လက်ရှိ အချိန်ထိ အကာ အကွယ် ပေးမှု အလွန် အားနည်း နေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်လက် ပြောကြားသည်။ လုပ်ခ လစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာ လူမျိုး များနှင့် ကိုက်ညီသည့် အစား အသောက်များ ကျွေးမွေး ပေးရန်နှင့် စက်ရုံ အုပ်ချုပ်သူ များ၏ လူမျိုးရေး ခွဲခြား ဆက်ဆံ မှုများ အဆုံး သတ်ပေးရန် ဆန္ဒပြ တောင်းဆို မှုများ ဖြစ်ပွား ခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ ကတည်းက ဖြစ်ပြီး ယခု အချိန်တွင် အလုပ် သမား အများစုမှာ မြန်မာ နိုင်ငံသို့ ပြည်လည် ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရ သည်။ ယခုအခါ ဂျော်ဒန် နိုင်ငံတွင် အခြေ အနေ အရ ဆက်လက် အလုပ် လုပ်ကိုင် နေရသော အလုပ် သမား များမှာ ၉၀၀ ခန့် ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား များမှာလည်း ယခင် ကကဲ့သို့ အခက် အခဲများ ရှိနေ သေးကြောင်းနှင့် မြန်မာ အစိုးရ တာဝန် ရှိသူများ ဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ် ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိ လာသူများ ထံမှ သိရသည်။


ဝေယံ
မြန်မာ့ခေတ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..