ကားကအဟောင်း တွေများတယ်။ မှန်မပါတာတို့၊ ကူ ရှင်တွေ မရှိတော့တာတို့၊ ထိုင်ခုံတွေ ကျိုးနေတာတို့ ရှိတယ်။ ၁၇၇ ပါရမီ ကားကတော့ မြို့ထဲတိုက်ရိုက်ရောက် တယ်။ ယာဉ်စီးခပုံသေ ၂ဝဝ ကောက်တယ်။ သူကလည်း ထွက် တဲ့အချိန်ပုံမှန်မရှိဘဲ တစ်နာရီ တစ်စီးလောက် ပဲ ထွက်လေ့ရှိတယ်။ ကျွန်တော်တို့ တစ်ခါတလေ မြို့ထဲသွားရင် ဟိုင်းလတ်ကားတွေ စီးပြီး အင်းစိန်ပန်းခြံ အရင် သွားရတယ်။ ပြီးမှ နောက်တစ်ဆင့် ပြောင်းစီးရတယ်။ ကားခက နှစ်ခါကုန် တာပေါ့။ တစ်နေ့ကို ခရီးစရိတ် ၈ဝဝ ကုန်တယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။ ထို့ပြင် ဒေသခံ တစ်ဦးဖြစ်သူ ဦးစိုးမင်းကလည်း “၁၇၇ ယာဉ် လိုင်းက ကားတွေက တရုတ်က လုပ်တဲ့ကားတွေ ဆိုတော့ ဒီမှာရှိတဲ့ လမ်းတွေနဲ့မကိုက်ဘူး။ အကုန် ပျက်စီးကုန်ပြီ။ အန္တရာယ်လည်း များတယ်။ ဘယ်လောက် မောင်းမောင်း နှေးနှေးလေးပဲ ရတော့တယ်” ဟု ပြောသည်။ ရွှေပြည်သာမြို့၊ ၁၉ ရပ်ကွက် နေ ပြည်သူတစ်ဦးကလည်း “ဟိုင်းလတ်ကားလေးတွေစီးရတာ မလွယ်ပါဘူးဗျာ။ ဘုရား တရားပဲ တနေရတယ်။ တစ်စီးနဲ့ တစ်စီး လုယက် ကျော်တက်ပြီး အပြိုင်ဖိုက်နေကြတာ နဲ့ အသက် အန္တရာယ်တွေ စိုးရိမ်ဖို့ အရမ်းကောင်းတယ်။ ခရီးသည် တင်ရင်လည်း အတွင်းထဲမှာ အပြည့်အကျပ် တင်ပြီး နောက်တွယ် ဘေးတွယ် အပြည့်၊ အမိုးပေါ်မှာလည်း အယောက် ၂ဝ လောက်ပါတယ်။ မယုံရင် လာကြည့်လို့ ရပါတယ်။ ပြီးတော့ ဟိုင်းလတ်တွေက မနက် ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်ဆိုရင် ၁၅ဝ တန် ခရီးကို ၂ဝဝ၊ ၃ဝဝ ကောက်တယ်။ ကျွန်တော်တို့လည်း အခြား ရွေးချယ်စရာမရှိတော့ ဒါပဲ သည်းခံပြီး စီးနေရတယ်”ဟု သူ၏ ခံစားချက်ကို ရင်ဖွင့်ပြောပြသည်။ ထို့ပြင် ယင်းမြို့နယ်မှ ကိုမြင့် ကျော်ဦးကလည်း “ဘတ်စ်ကား အခက်အခဲကြောင့် မြို့ထဲမှာ အလုပ်လုပ်နေရ တဲ့ ပြည်သူတွေ ခရီးစရိတ် ပိုကုန်မယ်။ ရတဲ့လစာကို ခရီးစရိတ် ပြန်သုံးနေရတော့ စားဝတ်နေရေး ကျပ်တည်း လာတယ်။ အလုပ်လက်မဲ့တွေ ပေါလာတယ်။ ဒီမှာရှိတဲ့ စက်ရုံတွေမှာ မဖြစ်စလောက် လစာလေးနဲ့ ပင်ပင် ပန်းပန်း ဝင်လုပ်ရတယ်။ အဲဒီတော့ ဆင်းရဲတွင်းကနေ တက်ဖို့ဆိုတာ မလွယ်ပါဘူး”ဟု မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။ ယင်းက ဆက်လက်ပြောကြား ရာတွင် “သမ္မတကြီးလုပ်နေတဲ့ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စီမံချက် တွေက ဒီအခက် အခဲတွေကို အရင် မဖြေရှင်းဘဲနဲ့ မအောင်မြင်နိုင်ပါဘူး။ တကယ် ဆင်းရဲနွမ်းပါးမှုလျော့ကျချင်တယ် ဆိုရင် ပြည်သူတွေကြားမှာ ကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို မြန်မြန် ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ဆိုသည်။ ရွှေပြည်သာမြို့သည် ဒဂုံမြို့သစ်၊ လှိုင်သာယာမြို့သစ်တို့နှင့်အတူ လွန် ခဲ့သော နှစ် ၂ဝ ကျော်ကမှ စတင် တည်ထောင် ခဲ့သော မြို့ဖြစ်ပြီး လက်လုပ်လက်စားနှင့် ဝန်ထမ်းများ အများအပြား နေထိုင်လျက်ရှိသော မြို့လည်း ဖြစ်သည်။
MIJ INDEPENDENT
No comments:
Post a Comment