လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 3, 2013

(၇) ရက် သားသမီး ဟောစာတမ်း (ဖေဖေါ်ဝါရီလ)

၁ ။ တနင်္ဂနွေ သားသမီးများ
လုပ်မြဲံ အလုပ်သာ ဆက်လုပ်နေပါ။ လုပ်ငန်း အသစ်များ မစွန့်စားပါနှင့်။  အိမ်တွင်းရေး စိတ်ညစ်ရမည်။ ၀င်ငွေနှင့် ထွက်ငွေ မမျှပဲဖြစ်ေ နမည်။ မြေကိစ္စ အမွေကိစ္စ စကားများရကိန်းရှိသည်။ ငယ်ရွယ်သူများ ချစ်သူနှင့် အကြီးအကျယ် စကားများရကိန်းရှိသည်။

ယတြာ ။ ။ အုန်းသီး အခွံချွတ်တစ်လုံးကို သီလရှင်တစ်ပါးပါး အားလှုပေးပါ။

၂ ။ တနင်္လာ သားသမီးများ
ယခုလအတွင်း စီစဉ်ထားသော လုပ်ငန်း များ
အဆင် မပြေဖြစ်မည်။ ငွေကြေး အကြပ်အတည်းကြုံမည်။ ခရီး လုံးဝ မသွားသင့်ပါ။
ကြီးဒေါ် ( သို့ ) ဆွေမျိုး တစ်ဦးဦးကြောင့် စိတ်ညစ်ရမည်။ ချစ်သူနင့် ခဏခဏ စိတ်ကောက်နေသော လဖြစ်သည်။ ခွေးကိုက်ခံရတတ်သည် သတိထားပါ။

ယတြာ ။ ။ ငါးအရှင် ( ၁၅ )ကောင်လွှတ်ပေးပါ ။ ခိုစာကြွေးပါ ။

၃ ။ အင်္ဂါ ။ သားသမီးများ
စပ်တူလုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေးပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးရှိမည် ။ ဆွေမျိုးသားချင်းမှ ကူညီမစခြင်း ခံရမည် ။ အောက်လက်ငယ်သား ( သို့ ) မိမိထက် ငယ်ရွယ်သူကြောင့် စိတ်ညစ်စရာကြုံမည်။ မမျှော်လင့်ပဲ ငွေဝင်လာခဲ့သော် ၃ ၂ ၄ ၁ ပါသောဂဏန်းများနှင့် ထီထိုးပါ။

ယတြာ ။ ။ မိမိမွေးနေ့ အိမ်ကဘုရားတွင် ဇီးယိုလှုပေးပါ ။

၎ ။ ဗုဒ္မဟူး သားသမီးများ
အလုပ်ထဲတွင် စိတ်ရှည်ပါ ။ စိတ်မ၇ှည်ဒေါသ ထွက်ခြင်းကြောင့် လုပ်ငန်းများ လက်လွှတ်ရခြင်း အထက်လူကြီး၏ ဆူပူ ခြင်း ခံရတတ်သည် ။ သို့ သော် သီးခံတတ်လျှင် သင်အောင်မြင်မည်။ ခရီးသွားလျှင် သင်ငွေဝင်မည်။ ယခုလအတွင်း တနင်္ဂနွေ သားသမီးနှင့် သတိထား ဆက်ဆံ ပါ။ ပတွင်းလူ ဒုက္ခပေးတတ်သည်။

ယတြာ ။ ။ အိုးတစ်လုံးထဲသို့  အုတ်ခဲ ၆ လုံး အုန်းရေ အုန်းရွက် ၆ ရံက်ထည့်ပြီ ငါ့ကိုယ်စား နင်ခံဟုပြောပြီး ရေထဲသို့ စွန့်ပေးပါ ။

၅ ။ ကြာသပတေး သားသမီးများ
သတိထားပြီးလုပ်ရမည့်လဖြစ်သည် ။ မြေ ။ အမွေ ။ ပညာရေးကိစ္စများ ကြောင့် စိတ်သောကရောက်ရတတ်သည်။ ခရီးလုံးဝမသွားသင့်ပါ။ ရွှေပျောက်တတ်သည်။ သားသမီးဆိုးတဦးဦး ကြောင့် ပြသနာများ ဖြေရှင်းရတတ်သည်။ ငယ်ရွယ်သူများ
ချစ်သူများနေ့ မတိုင်ခင် မုန်းသူများနေ့ နှင့် ရင်ဆိုင်ရမည်။ ၀မ်းဗိုက်နှင့်ပတ်သက်ပြီး ရောဂါခံစားရတတ်သည်။

ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ပျဉ်းမ ၁၉ ခက် မြေပဲပြုတ် တစ်ပုဂံ လှုပေးပါ

၆ ။ သောကြာ
ခရီးသွားလုပ်ငန်း လူမှုရေးလုပ်ငန်းများ လုပ်လျှင် အဆင်ပြေမည်။ မိတ်ဆွေကောင်းများ၏ ကူီာခြင်းခံရမည်။ စပ်တူလုပ်ငန်းများ အကျိုးပေးမည် ငွေရေးကြေးရေး အနည်းငယ်အကြပ်အတည်း ဖြစ်နိုင်သည်။ ငယ်ရွယ်သူများ ချစ်သူနှင့် ပျော်ရွှင်သော ခရီးသွားရတတ်သည်။ မမျှော်လင့်ပဲ ခရီးသွားရင်း ချစ်သူရတတ်သည်။

ယတြာ ။ ။ သက်ကြီးရွယ်အို ၆ ယောက်ကို ၁၀၀ တန် တစ်ရွက်စီလှုပြီး လိုရာဆုတောင်းပါ

ရ ။ စနေ သားသမီးများ
အတိုက်အခံများကြားမှ လုပ်ငန်းများအောင်မြင်မည်။ လုပ်ငန်းအသစ်များမလုပ်သင့်သေးပါ ထူးထူးခြားခြား ငွေဝင်လာလျှင် ကျောက်ကျော ကျို ပြီးကလေးများကို ဝေပေးပါ။ စိတ်ကောက်တတ်သော ချစ်သူကို ခဏခဏ ချော့နေရမည့်လဖြစ်သည်။
ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရတတ် သည်။

ယတြာ ။ ။ မွေးနံဘုရားထောင့်တွင် ထီးအနီတစ်လက်လှုဒါန်းပြီး နမောတေ ဂါထာ ၁၀ ခေါက်ရွတ်ပြီး လိုရာဆုတောင်းပါ။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..