လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 3, 2013

ဒါကတော့ အထူးအဆန်းလေးပါ....


Photo: ဒါကတော့ အထူးအဆန်းလေးပါ....
အင်္ဂလန်နိုင်ငံရဲ့  ကျေးလက်ဒေသဖြစ်တဲ့ ဒါဘီရှိုင်းယား လို့ ခေါ်တဲ့တောရွာလေးမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ညဘက်တွေမှာဆိုရင် တစ်ခါတစ်လေ Fairy လေးတွေကိုတွေ့ တတ်တယ်လို့ ပြောပါတယ်။ ဒါဘီရှိုင်းယားရဲ့ မြစ်နားတစ်ဝိုက်နဲ့ သစ်ပင်ကြီးတွေမှာတစ်ခါတစ်ရံ တွေ့ ပါတယ်။ သူတို့ ရဲ့ ခန္ဓာကိုယ်ကနေ အလင်းရောင်တွေထွက်ပါတယ်။ သူတို့ ရှိတဲ့နေရာကို လူတွေသွားရင် သူတို့ ရဲ့ အလင်းရောင်ကတဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတယ်လို့ ပြောပါတယ်။ ပုံထဲမှာပြထားတဲ့ အကောင်လေးကို ဒေသခံတစ်ယောက်က သူ့ ရဲ့ လယ်ကွင်းထဲက တောင်ပို့ နားလေးမှာတွေ့ တာပါ။ သူကတွေ့ တွေ့ ချင်း ကလေး အသေလေး ထင်ပြီးရဲ ကိုအမြန်ဆုံးခေါ်လိုက်ပါတယ်။ ရဲမလာခင် သူက အကောင်လေးကို သေသေချာချာကြည့်မိတော့မှ ကလေးတစ်ယောက်ထက် အများကြီးသေးနေပြီး သစ်ရွက်နဲ့ တူတဲ့တောင်ပံလေးတွေပါတာကို သတိထားမိပါတယ်။
ရဲရောက်လာတော့ ရဲကအဲ့အကောင်လေးကို ဓာတ်ခွဲခန်းပို့ လိုက်ပါတယ်။ ဓာတ်ခွဲခန်းမှာ X-ray နဲ့ စစ်ကြည့်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ် တည်ဆောက်ပုံအကုန်လုံးက လူနဲ့ တူနေပါတယ်။ဒါ့အပြင်လူလိုပဲ ခြေလက်တွေမှာ ခြေချောင်း လက်ချောင်း ငါးချောင်းဆီပါပါတယ်။ခေါင်းမှာလည်း ရွှေရောင်ဆံပင်တွေပေါက်နေပါတယ်။ DNA ကလည်းလူနဲ့ တူတူပါပဲ။
အဲ့ဒါကြောင့် သိပ္ပံပညာရှင်တွေက အဲ့ဒီသတ္တဝါလေးနဲ့ ပတ်သက်ပြီးဘယ်လိုမှတ်ချက်ချရမလဲဆိုတာ ခေါင်းစားနေတုန်းပါပဲ။
ရှေးခေတ်ဒဏ္ဏာရီ ပုံပြင်တွေထဲကလို လေထဲပျံနေတဲ့လူသေးသေးလေးတွေ(Fairy) တွေအပြင်မှာတကယ်ရှိသလားဆိုတာ?????

Credit > ဟာသမုဆိုး(Funny and Amazing pics)
---------------------------------------------------
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
By Admin Team[NOM]
(email:newsofburma.myanmar@gmail.com) 
ဒါကတော့ အထူးအဆန်းလေးပါ....
အင်္ဂလန်နိုင်ငံရဲ့  ကျေးလက်ဒေသဖြစ်တဲ့ ဒါဘီရှိုင်းယား လို့ ခေါ်တဲ့တောရွာလေးမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ဒေသခံတွေက ညဘက်တွေမှာဆိုရင် တစ်ခါတစ်လေ Fairy လေးတွေကိုတွေ့ တတ်တယ်လို့ ပြောပါတယ်။ ဒါဘီရှိုင်းယားရဲ့ မြစ်နားတစ်ဝိုက်နဲ့ သစ်ပင်ကြီးတွေမှာတစ်ခါတစ်ရံ တွေ့ ပါတယ်။ သူတို့ ရဲ့ ခန္ဓာကိုယ်ကနေ အလင်းရောင်တွေထွက်ပါတယ်။ သူတို့ ရှိတဲ့နေရာကို လူတွေသွားရင် သူတို့ ရဲ့ အလင်းရောင်ကတဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတယ်လို့ ပြောပါတယ်။ ပုံထဲမှာပြထားတဲ့ အကောင်လေးကို ဒေသခံတစ်ယောက်က သူ့ ရဲ့ လယ်ကွင်းထဲက တောင်ပို့ နားလေးမှာတွေ့ တာပါ။ သူကတွေ့ တွေ့ ချင်း ကလေး အသေလေး
ထင်ပြီးရဲ ကိုအမြန်ဆုံးခေါ်လိုက်ပါတယ်။ ရဲမလာခင် သူက အကောင်လေးကို သေသေချာချာကြည့်မိတော့မှ ကလေးတစ်ယောက်ထက် အများကြီးသေးနေပြီး သစ်ရွက်နဲ့ တူတဲ့တောင်ပံလေးတွေပါတာကို သတိထားမိပါတယ်။
ရဲရောက်လာတော့ ရဲကအဲ့အကောင်လေးကို ဓာတ်ခွဲခန်းပို့ လိုက်ပါတယ်။ ဓာတ်ခွဲခန်းမှာ X-ray နဲ့ စစ်ကြည့်လိုက်တဲ့ အခါမှာ ခန္ဓာကိုယ် တည်ဆောက်ပုံအကုန်လုံးက လူနဲ့ တူနေပါတယ်။ဒါ့အပြင်လူလိုပဲ ခြေလက်တွေမှာ ခြေချောင်း လက်ချောင်း ငါးချောင်းဆီပါပါတယ်။ခေါင်းမှာလည်း ရွှေရောင်ဆံပင်တွေပေါက်နေပါတယ်။ DNA ကလည်းလူနဲ့ တူတူပါပဲ။
အဲ့ဒါကြောင့် သိပ္ပံပညာရှင်တွေက အဲ့ဒီသတ္တဝါလေးနဲ့ ပတ်သက်ပြီးဘယ်လိုမှတ်ချက်ချရမလဲဆိုတာ ခေါင်းစားနေတုန်းပါပဲ။
ရှေးခေတ်ဒဏ္ဏာရီ ပုံပြင်တွေထဲကလို လေထဲပျံနေတဲ့လူသေးသေးလေးတွေ(Fairy) တွေအပြင်မှာတကယ်ရှိသလားဆိုတာ?????

Credit > ဟာသမုဆိုး(Funny and Amazing pics)
---------------------------------------------------
Post by Admin Kyalsin 2mz(နည်းပညာစုစည်းမှု)လူမှုကွန်ယက်
By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..