လက်နက်ထိန်းချုပ်ရေး ဆွေးနွေးငြင်းခုံနေချိန်မှာပဲ အိမ်ဖြူတော်က သမ္မတအိုဘားမား အပျော်သေနတ်ပစ်နေတဲ့ ဓာတ်ပုံကို ထုတ်ပြန်လိုက်ပါတယ်။
ပျံဝဲထွက်လာတဲ့ မြေပြားဝိုင်းကို လိုက်ပစ်ရတဲ့ သေနတ်ပစ် အားကစားနည်း တရပ်ပါ။ သမ္မတအပန်းဖြေရာ Camp David ရောက်တိုင်း ပစ်လေ့ရှိပါတယ် လို့ သမ္မတ အိုဘားမားက အင်တာဗျူးတခုမှာ ပြောပါတယ်။
သမ္မတအိုဘားမားကို သေနတ်ပစ်ဖူးသလားဆိုတဲ့ The New Republic မဂ္ဂဇင်းရဲ့ မေးခွန်းကို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။
လက်နက်ထိန်းချုပ်ကန့်သတ်မှုအဆိုကို အမေရိကန်
ရိုင်ဖယ်အသင်းက
ပြင်းပြင်းထန်ထန် ကန့်ကွက်နေချိန်မှာ အိုဘားမားရဲ့ အခုလို
သေနတ်ပစ်နေတဲ့ ဓာတ်ပုံတပုံက သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းဘူးလို့ ရိုင်ဖယ်အသင်းက ဆိုပါတယ်။
အိုဘားမားက သူ့အနေနဲ့ အမေရိကန်နိုင်ငံရဲ့ သေနတ်နဲ့ အမဲလိုက်တဲ့ ဓလေ့ကို လစ်လျူရှု ဆန့်ကျင်တာမဟုတ်တဲ့အကြောင်း ပြောပါတယ်။ သူ့အနေနဲ့ လက်နက်ကိုင်ဆောင်မှု ပိုင်ဆိုင်မှုတွေကို နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအနေနဲ့ လေးစားကြောင်း၊ တဘက်နဲ့ တဘက် သဘောထားတွေကို အပြန်အလှန် နားထောင်ကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံတွင်း စစ်ပွဲသုံးလက်နက်တွေ၊ လူအများအပြားကို ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတွေကို ပိတ်ပင် ကန့်သတ်ဖို့နဲ့ ၀ယ်သူရဲ့ နောက်ကြောင်း ရာဇ၀င်စစ်ဆေးဖို့ အိုဘားမားက ကွန်ကရက်ကို အဆိုပြုထားတာ ဖြစ်ပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး လက်နက်ကိုင်ဆောင် ပိုင်ဆိုင်သူတွေက လက်နက်ပြန်လည် အပ်နှံရမှာကို စိုးရိမ်နေကြတဲ့အတွက် ကန့်ကွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ M
(Please Share, do not copy, Thank you)
Source: AP

No comments:
Post a Comment