နောက်တပတ်ထဲမှာ
2012 DA 14 အမည်ပေးထားတဲ့ ဂြိုဟ်မွှားလေးတစ်ခုဟာ ကမ္ဘာနဲ့ အလွန်နီးကပ်စွာ
ဖြတ်သန်းသွားမယ်လို့ သိရပြီး စိုးရိမ်စရာမရှိကြောင်း NASA
ကထုတ်ပြန်ထားပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ဆူမာထရားကျွန်း အနီး
အိန္ဒိယသမုဒ္ဒရာ အထက်ကနေ အချင်း ပေ ၁၅၀ ရှိတဲ့ အဆိုပါဂြိုဟ်မွှားလေးဟာ ကမ္ဘာမြေပြင်အထက် မိုင် ၁၇၁၀၀ လောက်မှာ ဖြတ်သန်းသွားမှာဖြစ်ပြီး မြေပေါ်သို့ကျလာစရာ မရှိကြောင်း သိရပါတယ်။
ကမ္ဘာနဲ့နီးကပ်စွာ ဖြတ်သွားနိုင်တဲ့ 2012 DA 14 အရွယ်လို ဂြိုလ်မွှားမျိုးက နှစ်ပေါင်း ၄၀ မှာတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ပေါင်း ၁၂၀၀ မှာ တစ်ကြိမ်လောက်သာ ကမ္ဘာမြေပေါ်ကို ကျရောက်နိုင်တယ်လို့ NASA က ပြောပါတယ်။ နောက်ဆုံးတကြိမ် ကမ္ဘာမြေကိုကျခဲ့တဲ့ ဂြိုဟ်မွှားက နှစ်ပေါင်း ၁၀၀ ကျော်လောက်သာရှိသေးလို့ ကမ္ဘာမြေအတွက် အချိန်တော်တော်ကြာ အန္တရာယ်ကင်းနေအုံးမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီဂြိုဟ်မွှားက ကမ္ဘာမြေပေါ်ကို ထိခိုက်ကျရောက်ခဲ့ပါက ၂.၄ မက်ဂါတန် ဗုံးတစ်လုံးနဲ့ ညီမျှပြီး အလွန်ကြီးမားတဲ့ မြေနေရာတခုစာကို ပျက်စီးစေနိုင်ပါတယ်။ သို့ပေမယ့် ကမ္ဘာကြီးပျက်စီးလောက်တဲ့ အခြေအနေထိ မဖြစ်နိုင်ပါဘူး။

Myanmar one

No comments:
Post a Comment