ယခုသုတေသန စစ်တမ်းကို (၂)နှစ်မျှ အချိန်ယူ ကောက်ခံရန် အိန္ဒိယ ဆေးဝါးသုတေသန ကောင်စီက စီစဉ်ခဲ့သည်။ ကူးစက်ရောဂါများ တားဆီးရေး ရည်ရွယ်ချက်ဖြင့် ကွန်ဒုံးအသုံးပြုမှုကို မြှင့်တင်ရန် လုပ်ဆောင်သော စစ်တမ်း ကောက်ခံမှုတွင် အဆီအငေါ် မတည့်သည့် သဘောထား ရလဒ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သုတေသီများက စစ်တမ်းကို အခြေခံ ကောက်ချက်ဆွဲပါက အိန္ဒိယ အမျိုးသား (၆၀)ရာခိုင်နှုန်းမျှ၏ ဖိုအင်္ဂါသည် နိုင်ငံတကာ စံနှုန်းများဖြင့် သတ်မှတ်ထုတ်လုပ်သော ကွန်ဒုံးများ အသုံးပြုရန် (၃)စင်တီမီတာမှ (၅)စင်တီမီတာထိ တိုနေကြောင်း ပြောကြားခဲ့သည်။
ဆေးဝါးသုတေသန ကောင်စီမှ ဒေါက်တာ ချန်ဒါပူရီက အမျိုးသားများ ကွန်ဒုံးကို အသုံးပြုလုပ်စိတ် နည်းပါးခြင်းသည် နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအတွက် အလားအလာ မကောင်းလှဟု မှတ်ချက်ပြုခဲ့သည်။ အိန္ဒိယသည် လက်ရှိ အချိန်တွင်ပင် ကမ္ဘာပေါ်တွင် HIVပိုး ကူးစက်မှု အများဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသည်။ ဒေါက်တာ ပူရီက "ကွန်ဒုံး အသုံးပြုမှုက အိန္ဒိယမှာ တော်တော် နည်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမပြုမိတဲ့ အချက်တစ်ခုကို ခုချိန်မှာ ဖော်ထုတ်လာနိုင်တာပါ။ ကွန်ဒုံး ဝယ်ချင်စိတ် ရှိရင်တောင် အရွယ်အစားမှာ ပြဿနာ ရှိနိုင်တယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါပြီ။ ပြဿနာ တစ်ခုက အမျိုးသားတွေ ကိုယ်တိုင်က စတိုးဆိုင်တွေမှာ ကွန်ဒုံး Sizeအသေး မေးဝယ်ရမှာ ရှက်နေတတ်တာပါပဲ"ဟုလည်း ပြောကြားသွားခဲ့သည်။
BBC

No comments:
Post a Comment