ဖိလစ်ပိုင်အသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအသင်းရှုံးနိမ့်ခဲ့သော်လည်း
လေးနှစ်အတွင်း အကောင်းဆုံး ခြေစွမ်းဖြင့် ကစားခဲ့ခြင်း
ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ချီးကျူး ပြောကြားသည်။
“အဆုံးသတ်ပိုင်းတွေ အားနည်းခဲ့လို့ ရှုံးခဲ့တာပါ။ တကယ်ဆိုရင်
၎ ဂိုးလောက်ပြတ်နိုင်တယ်” ဟု ဦးဇော်ဇော်က ပြောကြားသည်။
ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က ချစ်ကြည်ရေး ခြေစမ်းပွဲအဖြစ် ကစားသည့်ပွဲစဉ်တွင်
မြန်မာ့လက်ရွေးစင်အသင်း သည် ဖိလစ်ပိုင်လက်ရွေးစင်
အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။
မြန်မာအသင်းသည် ဂိုးရရှိရန် အခွင့်အရေး အမြောက်အများ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ် သည်။
ကွင်းလယ်ကစားသမားများဖြစ်သော ကြည်လင်းနှင့်
ဒေးဗစ်ထန်းတို့ ဒါဏ်ရာကြောင့် မပါဝင်နိုင်သော်လည်း
ကျော်ကိုကို၊ ရာဇာဝင်းသိန်း၊ စိုးမင်းဦး အစရှိသော တိုက်စစ်မှူး
၃ ဦး အပါအ၀င် အဓိက ကစားသမား အစုံအလင်ဖြင့် ဖိလစ်ပိုင်
အသင်းကို ရင်ဆိုင်ကစားခဲ့သည်။
မြန်မာအသင်းသည် အကောင်းဆုံး ကစားကွက်ဖြင့်
ဖိလစ်ပိုင်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း
ပွဲချိန် ၇၇ မိနစ်တွင် ဖိလစ်ပိုင် ကွင်းလယ်ကစားသမား
ပေါ်တာရီယာက ဂိုးသမား သီဟစည်သူ ဘယ်ဘက်ထောင့်ထဲ
လှလှပပ ကန်သွင်းကာ အနိုင်ဂိုး ရယူသွားခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ပတ်ဆောင်ဝါက ကစားသမားများ
အဆုံးသတ်ပိုင်း အားနည်းခဲ့ခြင်းနှင့် မိမိအမှားကြောင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံသွားခဲ့သည်။
“ကျွန်တော်တို့ အသင်းရဲ့ ကွင်းလယ်ပိုင်းက သူတို့အသင်း
ကွင်းလယ်ထက် စုစည်းမှု အားနည်းတယ်။ အဲဒါကို အခွင့်
ကောင်းယူပြီး ဖိလစ်ပိုင် အသင်းက အနိုင်ရအောင် ကစား
သွားခဲ့တယ်” ဟု တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဝါက ပြောကြားသည်။
မြန်မာလက်ရွေးစင်အသင်းသည် လာမည့် ဖေဖော်ဝါရီလ
၂၂ ရက်နေ့တွင် မလေးရှား ယူ-၂၃ အသင်းနှင့် ချစ်ကြည်ရေး
ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့
ချုပ်မှ သိရသည်။
ဟိန်းသူ

No comments:
Post a Comment