လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 2, 2013

၂၀၁၃ ဇန်နဝါရီလ အတွက် ရိုးရာလေး ဟောစာတမ်း

၂၀၁၃ ဇန်နဝါရီလ အတွက် ရိုးရာလေး  ဟောစာတမ်း


  
   


  




တနင်္ဂနွေ သားသမီးများ
အလုပ်အကိုင်မဆိုးပါ ။မိတ်ဆွေ ချင်း ကတောက်ကဆဖြစ်တတ်သည်။ ခရီးသွားလျှင်အကျိုးရှိမည် ။မမျှော်လင့်ပဲငွေကြေးနှင့်ပတ်သက်ပြီး စိတ်ညစ်တတ်သည် ။ ကျမ္မာရေးမဆိုးပါ ။ ယတြာ ။ မိမိ အိမ်ကဘုရားတွင် အုန်းယို ( ၆ ) ခုလှုပေးပါ ။
တနင်္လာ သားသမီးများ
မိမိထက် ငယ်ရွယ်သူနှင့် စီးပွားရေးတွဲမလုပ်ပါနှင့် စီစဉ်ထားသော လုပ်ငန်းများ ဖြစ်ခါနီးမှ
ပျက်လိမ့်မည်။ ငွေလိမ်ခံရတတ်သည် ။ အထားမှားပြီး ငွေပျောက် တတ်သည် ။ ဘယ်ခြေထောက် ထိခိုက် ဒဏ်ရာ ရတတ်သည် ။ ငယ်ရွယ်သူများအချစ်ရေးကံမကေါင်းသေးပါ ။ ယတြာ ။ မွေးနံ ဘုရားထောင့်တွင် ကျောက်ကျော (၁၅) တုံး ကံ့ကော် (၁၅)ခက် လှုပေးပါ ။ ခိုစာငါးစာ ကြွေးပါ ။
အင်္ဂါ သားသမီးများ
အလုပ်ထဲတွင်အချင်းချင်းစိတ်ဝမ်းကွဲပြီးစကားများရတတ်သည်။ အထက်လူကြီး၏ ဆုပူုခြင်းခံရမည်။ အောက်လက်ငယ်သားတော်လှန်မည် ။ မိမိကျွေးထားသောသူက သစ္စာဖောက်လိမ့်မည် ။ ငွေကြေးကိစ္စစကားများရမည် ကျမ္မာရေးမဆိုးပါ ။ ယတြာ ။ မိမိ အိမ်ကဘုရားတွင် ဇီးယိုလှုပေးပါ ။
ဗုဒ္မဟူး သားသမီးများ
အလုပ်အကိုင်များ အဆင်ပြေသော်လည်း မိန်းမ တစ်ယောက်ကြောင့် စိတ်ညစ်စရာကြုံမည် ။ ယခုလအတွင်း ခရီးထွက်လျှင်ငွေကုန်လူပမ်းဖြစ်မည် ။ အိမ်ထောင်ဖက်နှင့်စကားများရတတ်သည် ။ ၀မ်းဗိုက်နှင့် ပတ်သက်ပြီးရောဂါဝေဒနာ ခံစားရလိမ့်မည် ။။ ယတြာ ။ မွေးနံဘုရားထောင့်တွင် ရွက်လှ (၁၇)ရွက် အစိမ်းရောင် စက္ကူယပ်တစ်ချောင်းလှုပေးပါ ။
ကြာသပတေး သားသမီးများ
လုပ်ငန်းအသစ်များမစွန့် စားသင့်ပါ ။ ရေလမ်းခရီးမသွားသင့်ပါ ။ ပိုက်ဆံ အခိုးခံ ရတတ်သည်။ သတိထားပါ ။ ချစ်သူက သစ္စာဖောက် လိမ့်မည်။ ရွှေပျောက်တတ်သည် ။ မိန်းကလေးဖြစ်ပါက မျက်နှာများတတ်သော ချစ်သူနှင့်ဆုံမည် ။ ယတြာ ။ ပြောင်းဖူး (၁၅) ဖူးပြုတ်ပြီး ကလေးများကိုဝေပေးပါ ။
သောကြာ သားသမီးများ
ဘာလုပ်လုပ် အဆင်ပြေသောလဖြစ်သည ။်အလုပ်ကိစ္စနှင့် ခရီးသွားလျှင်အဆင်ပြေမည် ။ မမျှော်လင့်ပဲ ငွေဝင်လာလျှင် ထီထိုးပါ ။ ၁ ၇ ၂ ၆ ဂဏန်းများပါအောင်ထိုးပါ ။ ယောကျာင်္းလေးများ မိန်းမကိစ္စ သတိထားပါ စွပ်စွဲခံရခြင်း အထင်လွဲခံရခြင်းများဖြစ်မည်။ ယတြာ ။ မိမိ အိမ်ကဘုရားတွင် သီဟိုစေ့ ( ၂၁ ) စေကိုသံပုဂံပြားတွင်ထည့်ပြီ့းလှုပေးပါ ။
စနေ သားသမီးများ
မိတ်ဆွေသစ်များနှင့်စီးပွားရေးလုပ်ပါ အကျိုးပေးမည် ။ မမျှော်လင့်ပဲ ရွှေဝင်လာလိမ့်မည် ။ အထက်လူကြီး၏ အရေးပေးခြင်းခံရမည် ။ လစာတိုးခြင်း ရာထူးတိုးခြင်း များကြုံရမည် ။ အစားမှားပြီး ၀မ်းနှင့်ပတ်သက်သော ရောဂါဝေဒနာ ခံစားရတတ်သည် ။ ယတြာ မွေးနံဘုရားထောင့်တွင် ထီးအနီ တစ်လက်လှုပေးပါ

Home မှ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..