လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 2, 2013

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။
ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။
အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင် ရေး လို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။
ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ Beta pen အား အသုံးပြုပြနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/AfZ-DOCc3AE

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..