လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, January 3, 2013

ရင်သားကင်ဆာ မသေသင့်ပါ




ဘာကြောင့်မသေသင့်တာလဲ။ ။
-ရောဂါကို မျှော်မှန်း ကာကွယ်နိုင်တယ်။ အရေပြားအောက်ကလေးမှာတင် ရောဂါကရှိတယ်။ အလွယ်တကူစမ်းသပ်နိုင်တယ်။ ထိရောက်စွာကုသပေးနိုင်တယ်။
လက်ရှိအခြေအနေက ဘယ်လိုလဲ။
... -အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။ အမျိုးသမီးများစွာ မသေသင့်ပါဘဲသေဆုံးနေကြသည်။
ဘာကြောင့်လဲ။
-ရောဂါအကြောင်းကောင်းကောင်းမသိကြလို့။
သိအောင်ဘာလုပ်ကြမလဲ။
-အသိနဲ့သတိရှိကြ၇န် လိုက်နာကြရန်။ ကျန်းမာရေးပညာပေးရန်။
ဘာတွေသိသင့်သလဲ။
-ရင်သားအကြိတ်များဒုက္ခပေးနိုင်ကြောင်း။
-၉၀-၉၅% မှာ အန္တရာယ် မများကြောင်း။
-ရောဂါနုစဉ်သိ၇န် ကိုယ်တိုင်စမ်းသပ်သိရှိနိုင်ကြောင်း။
-ရောရါကို စောစီးစွားအတိအကျ သိရှိရန်၊ အသားစစစ်ဆေးရန်လိုကြောင်း။
-ရောဂါနုစဉ်ပျောက်ကင်းအောင် ကုသနိုင်ကြောင်။
-တတ်ယောင်ကားတွေနဲ့ အချိန်မဖြုန်းသင့်ကြောင်း။
ကျန်းမာရေး အသိပညာမရှိတော့..............။
-ရောဂါကိုမကြောက်ကြဘူး။
-တတ်ရောင်ကားတွေနဲ့ ကုသကြတယ်။
-ထိရောက်တဲ့ ကုမှု မရှိကြဘူး
-တတ်ကျွမ်းတဲ့ သမားတော်ထံသွားရန်ကြောက်ကြတယ်။
-သွားပြန်တော့လဲရောဂါလွန်မှသွားတယ်
-မှားယွင်းတဲ့ ယုံကြည်ခံယူချက်တွေရှိကြတယ်
ဘယ်လိုမှားယွင်းတဲ့ ယုံကြည်ခံယူချက်တွေလဲ။
-ရောပါရဲ့သဘောသဘာဝနဲ့ ပတ်သတ်ပြီး။ ။၇င်သားအကြိတ်အဖုတိုင်း ကင်ဆာဖြစ်တတ်တယ်လို့၊ အကြိတ်တွေဟာအလိုလိုပျောက်မှာပါလို့၊ နို့သီးခေါင်းမှ သွေး၊ သားငံရည်ကြည်ထွက်တာ ကို ကိစ္စမရှိပါဘူးလို့၊ ဆေးလိမ်းရုံ မန်းမှုတ်ရုံနဲ့ အကြိတ်ပျောက်နိုင်တယ်လို့။ နှိပ်နည်ချေဖျက်လို့ရတယ်လို့၊ ဆေးထိုးပြီး အကျိတ်ကိုချေဖျက်နိုင်တယ်လို့ မှားယွင်းစွာ ယူဆကြတယ်
-ခွဲစိတ်ကုသမှုနဲ့ပတ်သတ်လို့။ ။ မေ့ဆေးက အန္တ`ရာယ်ကြီးတယ်။ ခွဲစိတ်ရုံနဲ့ မလုံလောက်ဘူး။ ခွဲစိတ်ပြီးအနာ မကျက်ဘဲ ဖြစ်တယ်။ ခွဲစိတ်တာနာတယ်ကြောက်တယ်။ ငွေကုန်များတယ် လို့မှားယွင်းစွာ ယူဆကြတယ်။
-ဓာတ်ရောင်ခြည်ကုသမှုနဲ့ပတ်သတ်လို့။ ။ရောဂါကိုပိုဆိုးစေတယ်။ အရေပြားကိုလောင်စေတယ်။ ဓာတ်ကင်ပြီးရင် အသေမြန်တယ်။ အော့အန်တာ ပင်ပန်းတယ်။လို့ မှားယွင်းစွာ ယူဆကြတယ်
-ကင်ဆာကုဆေးများနဲ့ ပတ်သတ်ပြီးတော့။ ။ အကျိုးမထူးပါဘူး။ ပျို့တယ်အန်တယ်။ မစားနိုင်ဘူး။ ဆံပင်တွေကျွတ်တယ်။ အန္တရာယ်များတယ်။ မြန်မြန် နိဗ္ဗာန်သွားတယ်။ လို့ မှားယွင်းစွာ ယူဆကြတယ်။
-အခြားကုသမှုများနှင့်ပတ်သတ်ပြီးတော့။ ။ မန်းမှုတ်၇င်ပျောက်နိုင်တယ်။ ဆေးလိမ်းရုံနဲ့တင်ပျောက်နိုင်တယ်။ အကြတ်ထဲဆေးထိုးလိုက်ရင်ပျောက်မှာပဲ။ လို့ မှားယွင်းစွာ ယူဆကြတယ်။
အဲဒီတော့ဘာဖြစ်ကြသလဲ။
-တချို့ကရောဂါကို ဒီအတိုင်းမကုဘဲထားတယ်။
-တတ်ကျွမ်းနားလည်တဲ့သမားတော်တွေဆီမသွားဘူး။
-အခြားတတ်ယောင်ကားတွေဆီမှာ သွားပြီးကုသမှုခံတယ်။
-ေ၇ာဂါ က ပိုဆိုးလာပြီး မပျောက်နိုင်တော့တဲပ အခြေအနေရောက်လာတယ်။
ဘယ်လို ကိုယ့်ဘာသာကိုယ်စမ်းသပ်နိုင်မလဲ။
-လက်ဖ၀ါးနဲ့ရင်သားကို အပေါ် မှအောက်သို့ ဘေးမှ အတွင်းဘက် သို့ စမ်းသပ်နိုင်ပါတယ်။
ဘယ်ဘက်ရင်သားအတွက် ညာလက်ဖ၀ါးကို အသုံးပြုပြီး ညာဘကရင်သားအတွက် ဘယ်လက်ဖ၀ါးကို အသုံးပြုပါတယ်။
-အကျိတ်တစ်ခုခုကို စမ်းမိ၇င်တတ်ကျွမ်းနားလည်တဲ့ သမားတော်ထံသွားပြပါ။
-ဟိုယောင်ယောင်ဒီယောင်ယောင် တတ်ကားယောင်တွေနဲ့ အချိန်မဖြုန်းပါနဲ့တော့။
သမားတော်ကဘာလုပ်မှာလဲ။
-၇င်သားအကြိတ်ဟာ ကင်ဆာဟုတ်၊ မဟုတ်။
-ေ၇ာဂါနဲ့ ပတ်သတ်တဲ့ ရာဇ၀င်
-အကြီတ်ကိုစမ်းသပ်စစ်ဆေးခြင်း။
-ဓာတ်ခွဲစမ်းသပ်ခြင်းများပြုလုပ်ပြီး ရောဂါကို သတ်မှတ်ပါတယ်။
-သမားတော်ရဲ့ အတွေ့အကြုံ စေတနာ ကျွမ်းကျင်မှု မှန်ကန်မှုဟာ အရေးကြီးပါတယ်။
ဘယ်လိုလူတွေဟာ ပိုပြီးရောဂါဖြစ်တတ်သလဲ။
-ဆွေမျိုးထဲမှာ ကင်ဆာဖြစ်တတ်သူများ။
-ရင်သား အဖုအကြိတ်ရှိသူများ
-အသက်ငယ်ငယ်နဲ့ ရသီပေါ်ပြီး အသက်ကြီးမှ သွေးဆုံးသူများ။
-မဟိုမုန်းဓာတ် များသူများ။
-အသက် ၅၀ အထက် ကြီးသူများမှာ ပိုဖြစ်တတ်ကြပါတယ်။
ရင်သားကင်ဆာကို စောစီးစွာ ဖြစ်စမှာ ဘယ်လို သိနိုင်မှာလဲ။
-ရောဂါသဘာဝကို သိရှိသတိထားရန်
-ရင်သားအကြိတ်တိုင်းကို ကင်ဆာဖြစ်နိုင်တယ်လို့ မှတ်ယူထားရန်။ (ဖြစ်တယ်မဟုတ်ပါ)
-အကြိတ်စမ်းမိတာနဲ့ ကင်ဆာဟုတ်မဟုတ် စနစ်တကျ စမ်းသပ်၇န်.
-မသေချာပါက ဆက်လက်ပြီး မကြာခဏ စမ်းသပ်ခံရန်
-ဒီရောဂါပိုပြီး ဖြစ်တတ်တဲ့ အသက် ၅၀ နှင့်အထက် အမျိုးသမီးများ ၇င်သားဓါတ်မှန် ရိုက်ကြည့်က မစမ်းမိခင် ရောဂါ ကို သိနိုင်ပါတယ်။
ရင်သား အဖုအကြိတ်တစ်ခုမှာ ကင်ဆာဖြစ်နိုင်ကြောင်းဘယ်လိုစမ်းသပ် သိနိုင်မှာလဲ။
ဖြစ်စမှာ.............
-များသောအားဖြင့် မာခဲသော အကြိတ်ဖြစ်သည်။
-ပုံသဏ္ဍာန် မညီမညာဖြစ်ပြီး အနားသတ်များ သေချာစွာ စမ်းသတ်လို့ မရပါ။
ရောဂါရင့်လာပါက.....................
-အရေပြားထိခိုက်ပြီး လိမ္မော်သီးခွံ ပုံ သဏ္ဍာန်ဖြစ်လာမယ်
-ရင်သားအောက်ရှိ ကြွက်သားများသို့ထိုးဖောက်ကပ်တွယ်ခြင်း။
-ချိုင်းအကြိတ်များထွက်လာခြင်း။
-နို့သီးခေါင်း ကျုံ့ဝင်သွားခြင်းများ ဖြစ်တတ်ပါတယ်။
 
ချိုးငှက် မှ....

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..