လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 18, 2012

Hua Shan တောင်ကမ်းပါးယံက ဘုံကျောင်းများ


တရုတ်နိုင်ငံ၏ အနောက်မြောက် ပိုင်း Shaanxi ပြည်နယ် ၊ Huayin မြို့အနီးက Hua Shan
အမည်ရ တောင် ဖြစ်ပါတယ်။ အမြင့်ပေ ၇၀၇၀ ပေရှိတဲ့တောင်ရဲ့ နံရံတွေမှာ တရုတ် ဘုန်းကြီးကျောင်း၊ ဘုံကျောင်းများ၊ အများအပြား တည်ဆောက် ထားပါတယ်။

တောင်ခြေ၊တောင်နံရံ၊ တောင်ထိပ် နေရာ တော်တော် များများမှာ ဘုံကျောင်းများရှိနေပါတယ်။ ရှေးယခင် ကတည်းက ယုံကြည် လာတဲ့ ဘာသာရေး အစွဲအလမ်း အရလည်း ယင်းတောင်မှာ အောက်ဘုံက ဘုရား၊နတ်ဆိုးတို့ နေထိုင်တယ်လို့ ဆိုပါတယ်။

ဘုံကျောင်းအချို့ ဆိုရင် ၂ရာစု ခေတ်တွေကတည်းကတည်ရှိခဲ့တာဖြစ်ပါတယ်။ ပုံမှာ ဆိုရင်လည်း တောင်နံရံမှာတည်ဆောက် ထားတဲ့ ဘုံကျောင်းကို တွေ့မြင်နိုင်ပြီး ရှေးယခင်ကတည်းက တည်ရှိတဲ့ ကျောင်းဖြစ်ပါ တယ်။
ကျောင်းပေါ်ရောက် ဖို့ ဖောက်ထားတဲ့ လမ်းက ကြောက်စရာကောင်းပေမယ့် ကမ္ဘာလှည့်ခရီးသည်များအတွက်တော့ စိတ်ဝင်စားစရာနေရာဒေသတစ်ခုအဖြစ်တည်ရှိနေကြောင်း သိရပါတယ်။
SHADE Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..