လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 18, 2012

ပရိသတ်တစ်ယောက်အတွက် စာနာပေးပြီး ပွဲစဉ်ဖျက်ပေးခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဆယ်ကျော်သက် ပရိသတ် တစ်ယောက်ရဲ့ အဖြစ် အပျက်ကြောင့် ဘေဘီစတား ဂျက်စတင်ဘီဘာ က နောက်ထပ် ပွဲစဉ်တွေကို ဖျက် သိမ်းပေး ခဲ့တယ်လို့ သိရပါတယ်။
ဂျက်စတင်ရဲ့ မွန်မြတ်တဲ့ လုပ်ရပ် ကြောင့် ကမ္ဘာအရပ်ရပ်ရှိဂျက်စတင်ရဲ့ပရိသတ်တွေအပြင် လူအများ ရဲ့ချီးမွှမ်းစကားများကို ဂျက်စတင်ရဲ့လူမှုဝက်ဘ်ဆိုဒ် စာမျက်နှာများမှာ တွေ့မြင်နေရပါတယ်။ ကနေဒါမှာလုပ်တဲ့ပွဲတုန်းကJustin ပွဲကိုလာ ကြည့်တဲ့ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ Show ပွဲပြီး အပြန်မှာမုဒိမ်းကျင့်ခံခဲ့ရပါတယ်။

နောက်တော့ကောင်မလေးဟာ စိတ်ဓာတ်ကျလာပြီး ကိုယ့်ဟာကိုယ်သက်သေဖို့အထိ လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကိုသိသွားတဲ့ Justin တစ်ယောက်ဟာ သူ့ရဲ့နောက်လုပ် မယ့်ပွဲစဉ်တစ်ခုကိုချက်ခြင်းဆိုသလိုဖျက်ခဲ့ပါတယ်။
(အဲဒီအတွက်လည်း မန်နေဂျာနဲ့ရန်ဖြစ်ကြပြီးပွဲလက်မှတ်ဖိုးတွေလည်းပြန်အပ်ခဲ့ပါတယ်) Justin တစ်ယောက် အဲဒီ ကောင်မလေးကို ပြန်တွေ့တော့ မောင်နှမသဖွယ် အားပေးခဲ့ပြီး အတူတူငိုခဲ့ကြပါတယ်။ ခုတော့ကောင်မလေး လည်း Justin ရဲ့ ဖေးမမှုနဲ့ အတူ ကျောင်းပြန် တက်နေပြီလို့ သိရ ပါတယ်။
SHADE Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..