လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 18, 2012

မရှိသည့်ကင်မရာကိုFacebook ပေါ်တင်ရောင်းမှ ထောင်ကျခဲ့ရ

သူသည် Lovely Paradise နှင့် RedsnowCloset ဆိုသည့်အမည်များဖြင့် Facebook
 ပေါ်တွင် account ဖွင့်ထားကာကင်မရာနှင့် အပိုပစ္စည်းများရောင်းချ
သည့် အလုပ်ကို လုပ်နေသည်။
ပိုလာရိုက် ကင်မတလုံးကို ပစ္စည်းလိုချင် သူများက ငွေပို့လိုက်သည်နှင့် ပိုက်ဆံယူပြီး သူပျောက်သွားလိမ့်မည်။ သူ့အမည်က ဂယ်ရီ ဆင်မ် ကိုင်ဖန်းဖြစ်သည်။ ပြီးခဲ့သည့်အပတ်က သူ့ကို လိမ်လည်မှုပေါင်း ၅၃ မှုဖြင့် ထောင်ဒဏ် ၁၄ လ ချလိုက်သည်။ သူ သုံးလ အတွင်း လိမ်လည်ရယူခဲ့သည့် ငွေပမာဏပေါင်းမှာ ဒေါ်လာ ၂၁၀၀၀ ခန့်ဖြစ်သည်။

ဆင်မ်သည် သူ့ယခင် ရည်းစားဟောင်း၏ Facebook account ကိုလည်းအသုံးပြပြီး လိမ်လည်မှုများကို ကျူးလွန်ခဲ့သည်။ သူက ထို account ကို password များပြောင်းကာ သူ့ရည်းစား စာရင်းမှ ထောင်ပေါင်းများစွာသော မိတ်ဆွေများကိုလည်း မရှိသည့်ပစ္စည်းစာရင်းများပို့ကာ ရောင်းမည်ဟု လိမ်ညာခဲ့သည်။

အသက် ၂၂ အရွယ်ရှိ စင်ကာပူနိုင်ငံသား ဆင်မ်သည် လိမ်လည်မှုပေါင်း ၁၀ မှုကို ၀န်ခံလိုက်ကြောင်း၊ သူ့အလုပ်ရှင် MACulture ကွန်ပျူတာဆိုင်မှ ဒေါ်လာ ၁၀၆၉၉ ကိုလည်း ခိုးယူခဲ့ကြောင်း၊ ထို့ပြင် ကျောင်း သားတစ်ဦးထံမှလည်း ATM ကတ်ကို ခိုးယူခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။

ဆင်းမ်သည် ခိုးထားသော ATM ကတ်ဖြင့် ဘဏ်တစ်ခုတွင် ငွေစာရင်းဖွင့်ထားပြီး၊ ထိုငွေစာရင်းထဲသို့ Facebook ပေါ်တွင် မရှိသော ပစ္စည်းများ၏ အရောင်းငွေများကို သွင်းခိုင်းလေ့ရှိသူဖြစ်သည်။

ကြော်ငြာထားသည့် ပစ္စည်းကို စိတ်ဝင်စားသူများအား ဆင်မ်က ပစ္စည်းအမျိုးအစားအပြည့်အစုံ၊ ၀ရမ်တီကာလနှင့် အသေးစိတ်အချက်အလက်များကို ပေးပို့ကာ အယုံသွင်းလေ့ရှိသည်။

သူက ထိုသို့ ၀ယ်သူများကို ဆက်သွယ်ရာတွင် အများသုံး အင်တာနက်ဆိုင်များမှတစ်ဆင့် ဆက်သွယ်လေ့ရှိပြီး၊ တစ်ဆိုင် တည်းကိုလည်း စွဲမြဲစွာ အသုံးမပြုဘဲ ဆိုင်ပေါင်းများစွာကို ပြောင်းရွှေ့တတ်သည်ဟုဆိုသည်။

သူ့ကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကိုတောင်းလျှင် ပေးလေ့မရှိဘဲ၊ သူက အချိန်ပိုင်းဝန်ထမ်းအဖြစ် လုပ်နေသူ ဖြစ်သောကြောင့် မိမိဖုန်းနံပါတ်နှင့် လိပ်စာကို မပေးနိုင်ကြောင်း ပြောလေ့ရှိသည်။

ပစ္စည်းမှာသူတိုင်းကို သူ ပစ္စည်းပေးပို့ခြင်းမရှိဘဲ ပျောက်သွားလေ့ရှိကြောင်း သိရသည်။ သူ့ကို Facebook မှတစ်ဆင့် ပြန်ဆက်သွယ်ရန် ခြေရာခံလျှင် သူက account ကို ပိတ်သွားးလေ့ရှိသည်။

ယခုအခါ ဆင်မ်ကို လိမ်လည်မှု၊ ခိုးမှုများဖြင့် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း၊ လက်ရှိ စစ်ဆေးရရှိသည့် အမှုအတွက် ထောင်ချခြင်းဖြစ်ကြောင်း၊ ဆင်မ်အမှုသည် အင်တာနက်ပေါ်ရှိ လူမှုရေးကွန်ရက်၏ အားနည်း ချက်များကို ထောက်ပြနေကြောင်း၊ ၂၀၀၃ ခုနှစ်တွင် သတိထားစရာ အွန်လိုင်းလိမ်လည်မှုကြီးဖြစ်သဖြင့် ပစ္စည်း ဈေး ပေါချောင်ကောင်းနောက်လိုက်ပြီး အယုံမလွယ်ကြရန် သတိပေးထားသည်။

မောက္ခပညာရေးမဂ္ဂဇင်း

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..