AlfieHallဆိုတဲ့
နှစ်နှစ်အရွယ်သားငယ်ဟာ ပန်းခြံအတွင်း ကစားနေစဉ် လင်းယုန်ငှက်ရဲ့
တောင်ပံနဲ့ တိုက်ခိုက်ခံရတာကြောင့် မျက်စိကန်းမလို ဖြစ်သွားတယ်လို့
သိရပါတယ်။ လင်းယုန်ငှက်ရဲ့ ချွန်ထက်တဲ့တောင်ပံတွေက သူ့ရဲ့မျက်နှာပြင်ကို
ဘလိတ်ဓားပမာ လှီးဖြတ်သလို ပြုလုပ်လိုက်ပြီး ဘယ်ဘက်နားရွက်မှာလည်း
စုတ်ပြဲသွားကာ မျက်လုံးတွေလည်း ထိခိုက်သွားတာကြောင့် ဆေးရုံတက်ပြီး
မေ့ဆေးနဲ့အချက်ပေါင်းများစွာ ချုပ်ရတယ်လို့သိရပါတယ်။
လင်းယုန်ငှက်ပိုင်ရှင်ဖြစ်တဲ့ အသက်၁၈နှစ်အရွယ်ScottBrewerအနေနဲ့ Alfieအပါအဝင် ကလေးအယောက် ၃ဝပါဝင်တဲ့အုပ်စုကို သူ့လင်းယုန်ငှက်ကို အစာကျွေးနေစဉ်အတွင်း ငှက်ကိုစိတ်ဆိုးအောင် မလုပ်ဖို့နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့လင်းယုန်ငှက်ဟာ ၁၆ပတ်အရွယ်ရှိပြီး တောင်ပံရဲ့အလျားက ၃ဒဿမ၅ပေကျယ်ကာ တစ်နာရီကို၄၅မိုင်အထိ ပျံသန်းနိုင်ကာ ယခင်က ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူးဘူးလို့ ပြောပါတယ်။ မိဘတွေအနေနဲ့ ဒီနမူနာကို အတုယူပြီး မိမိကလေးငယ်တွေကို တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ်မကစားစေသင့်ကြောင်း အကြံပေးလိုက်ရပါတယ်။
SMG မှ..
No comments:
Post a Comment