နောက်ဆုံးပွဲစဉ်တွေကိုဒီဇင်ဘာ ၅ ရက်နဲ့ ၆ ရက် နံနက်တွေမှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်တာမို့ ပွဲကြီးပွဲကောင်းတွေအဖြစ် ပရိသတ်တွေအားပေးကြရ မှာဖြစ်ပါတယ်။ အုပ်စုအလိုက်ကြည့်ရင် အသင်းကြီးအချို့ အခြေအနေကောင်းနေသလို
ပြတ်သားဖို့လိုအပ်နေတဲ့အုပ်စုတွေအတွက်ကလည်း ရင်ပွင့် မတတ်ကစားရမယ့် အခြေအနေမျိုးရှိနေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပွဲရလဒ်ကောင်းဖို့ အသင်း တိုင်းကြိုးစားကြမှာဖြစ်တာမို့ ပရိသတ်တွေရော ကစားသမားတွေပါ ရတက်မအေးနိုင်ဘဲ စိုးရိမ်စိတ်တွေ ဆူဝေစွာနဲ့ ယှဉ်ပြိုင်ကြရမယ့်ပွဲတွေဖြစ်နေပါတယ်။ အုပ်စုအလိုက် အခြေ အနေတွေကို သုံးသပ်ကြည့်ရင်-----
အုပ်စု (A) ပီအက်စ်ဂျီနဲ့ ပေါ်တိုပွဲကတော့အုပ်စုဗိုလ်အဖြစ် လုကြရမှာဖြစ်တာမို့ ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားရှိပေမယ့် စိတ်ဓာတ်နဲ့ခြေစွမ်းအရ အိမ်ရှင် ကိုအားပေးရမယ့် အနေအထားပါပဲ။ဒါပေမယ့် ပေါ်တိုကလည်း စိတ်ဓာတ်ပြင်း ပြင်းနဲ့ ကစားမှာမို့ အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပါတယ်။ ဒိုင်နမိုဇာဂရက်နဲ့ ဒိုင်နမို ကိဗ်အသင်းတို့ပွဲကတော့ ပွဲရလဒ်ကအရေးမပါတော့ပေမယ့် ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစွမ်းပြသရမယ့်ပွဲဖြစ်ပါတယ်။ ပထမအကျော့မှာ နှစ်ဂိုး ပြတ်နဲ့အနိုင်ယူထားတဲ့ ဒိုင်နမိုဇာဂရက်တို့က အိမ်ကွင်းအားသာချက်နဲ့ အကောင်း ဆုံးပုံဖော်သွားနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။
အုပ်စု (B) မောင့်ပယ်လီယာနဲ့ ရှော်လ်ကေးတို့ပွဲကတော့ ပထမအကျော့မှာ နှစ်ဂိုး စီသရေပွဲဖြစ်ထားပါတယ်။ အိမ်ရှင်မောင့်ပယ်လီယာဟာဒီပွဲမှာ ရှုံးရှုံး၊ နိုင်နိုင် အုပ်စုကထွက်ရမှာဖြစ်ပေမယ့်ရှော်လ်ကေးအတွက်ကတော့ အုပ်စုဗိုလ်ဖြစ်ဖို့နိုင်ပွဲ လိုအပ်နေတာမို့ နောက်ဆုံး ပွဲချိန်အထိအားထည့်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အိုလံပီယာကို့စ်နဲ့ အာဆင်နယ်တို့ပွဲကလည်း ပထမအကျော့ အာဆင်နယ်ကွင်းမှာ အာဆင်နယ်တို့ကသုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူထားပါတယ်။ ဒီပွဲရလဒ်က အိုလံပီယာကို့စ်အတွက်ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ပွဲကထွက်ရတော့ မှာမို့ အာဆင်နယ်ရဲ့ ရုန်းကန်အားကအုပ်စုဗိုလ်ဖြစ် မဖြစ် စောင့်ကြည့်ရမှာပါ။
အုပ်စု (C) အေစီမီလန်ကွင်းမှာ ကစားရမှာဖြစ်ပြီး အိမ်ရှင်အေစီမီလန်တို့က ကြိုး စားအားထုတ်မှုကောင်းကောင်းနဲ့ ယှဉ်ပြိုင်ပါလိမ့်မယ်။ ပထမအကျော့ပွဲစဉ်မှာ အေစီမီလန်တို့က အဝေးကွင်းမှာ သုံးဂိုး-နှစ်ဂိုးနဲ့ ဇင်းနစ်ကို အနိုင်ယူထားတာ ဖြစ်ပါတယ်။ ဇင်းနစ်တို့က ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် အရေးမပါတော့ဘဲ ပြိုင်ပွဲက ထွက်ရမှာမို့ အေစီမီလန်တို့ အောင်ပွဲခံနိုင်ဖို့ အားပေးရမှာ ဖြစ်ပါတယ်။ မာလာဂါနဲ့ အန်ဒါလက်ခ်ျတို့ပွဲကလည်း အုပ်စု (c)မှာ မာလာဂါတို့ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်တင်ထားပြီး အုပ်စုဗိုလ်စုအဖြစ်ပြတ်ပြတ်သားသားနဲ့ နောက်တစ်ဆင့် တက်ဖို့ကြိုးစားမှာ သေချာတာမို့ မာလာဂါကိုပဲ နှစ်သက်စရာအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။
အုပ်စု (D) ရီးရဲမက်ဒရစ်နဲ့ အေဂျက်တို့ပထမအကျော့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်တို့ က အဝေးကွင်းမှာ လေးဂိုး-တစ်ဂိုးနဲ့အနိုင်ယူထားပါတယ်။ ဒီပွဲရလဒ်ဟာ အေဂျက်အတွက် အကျိုးသက်ရောက်မှုမရှိတော့ပေမယ့် အုပ်စုဗိုလ်အတွက်တော့ ရီးရဲမက်ဒရစ်တို့ လူစုံထုတ်ပြီး အားကုန်နွှဲရမယ့်ပွဲဖြစ်တာမို့ ဒီပွဲမှာ ရီးရဲမက်ဒရစ် ဘက်ကပဲ ခြေစုံရပ်အားပေးရမှာပါ။ဒေါ့မွန်နဲ့ မန်စီးတီးပွဲကတော့ ပထမအကျော့မှာ တစ်ဂိုးစီသရေပွဲဖြစ်ထားပေမယ့် မန်စီးတီးတို့အနေနဲ့ ပွဲရလဒ်က အရေးမပါတော့ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲက သိက္ခာရှိရှိနဲ့ ထွက်တဲ့အနေနဲ့ စွမ်း ဆောင်ရည်ဘယ်လောက်ရှိတယ်ဆိုတာပြသနိုင်မလား ကြည့်ရမယ့်ပွဲဖြစ်ပါ တယ်။
အုပ်စု(E) ရင်ခုန်စရာကောင်းတဲ့ အုပ်စုပါပဲ။ ရှက်တာဒိုးနက်နဲ့ ဂျူဗင်တပ်စ်တို့ပွဲက တော့ ပထမအကျော့ ဂျူဗင်တပ်စ်ကွင်းမှာ တစ်ဂိုးစီသရေပွဲ ဖြစ်ထားပါတယ်။ အားထုတ်မှုကောင်းတဲ့ ဂျူဗင်တပ်စ်ဟာဒီပွဲမှာ အနိုင်ကစားပြီးအခြေအနေ ကောင်းအောင် ခြေကုန်ထုတ်ပါလိမ့်မယ်။ချယ်လ်ဆီးနဲ့နော့ဂျေလန်းတို့ပွဲက တော့ ချယ်လ်ဆီးတို့က ပထမအကျော့မှာ လေးဂိုးပြတ်အနိုင်ယူထားပါတယ်။ အခုပွဲမှာလည်း အိမ်ကွင်းမှာ ချယ်လ်ဆီးတို့ အနိုင်ရအောင်ကစားမှာဖြစ်ပြီး ဂိုး ပြတ် မပြတ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကျဆင်းနေတဲ့ ချယ်လ်ဆီးကို နည်းပြ ဘင်နီတက်ဇ်ဘယ်လိုဗျူဟာခင်းကျင်းမလဲ ကြည့်ရှုရင်း အားပေးရမှာပါ။
အုပ်စု (F) ဘိုင်ယန်မြူးနစ်နဲ့ ဘိုရီဆော့ဗ်တို့ပွဲကတော့ ပထမအကျော့မှာ ဘိုင်ယန် မြူးနစ်တို့ အဝေးကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးထားတာမို့ ဒီပွဲရလဒ်ဟာ အရေး မကြီးပေမယ့် ဘိုင်ယန်မြူးနစ်တို့ အရှုံးကြွေးကို အပြည့်အဝပြန်ဆပ်ဖို့ ကြိုးစား မယ့်ပွဲပါပဲ။ အုပ်စုပထမနေရာအတွက်ဘိုင်ယန်မြူးနစ်တို့ အင်အားအကုန်ထုတ် သုံးမှာမို့ ဘိုင်ယန်မြူးနစ်ပရိသတ်တွေအောင်ပွဲခံနိုင်မယ့် အခြေအနေရှိပါတယ်။ လိုင်လီနဲ့ ဗလင်စီယာတို့ပွဲစဉ်ကတော့ ဗလင်စီယာရဲ့ခြေစွမ်းဟာ အုပ်စု ဗိုလ်နေရာနဲ့ ထိုက်တန်မှု ရှိ မရှိ အကဲဖြတ်ရမှာဖြစ်ပါတယ်။ ဒီပွဲရလဒ်ဟာ လိုင်လီတို့အတွက် ရသမမြောက်တော့ပါဘူး။
အုပ်စု(G) ဘာစီလိုနာနဲ့ ဘင်ဖီကာတို့ပွဲကတော့ ဘာစီလိုနာတို့အတွက် ဘယ်လို ရလဒ်ရရ နောက်တစ်ဆင့်တက်ရောက်သွားပြီဆိုပေမယ့် ဘင်ဖီကာကို အလျှော့ ပေးမှာမဟုတ်ပါဘူး။ ဘင်ဖီကာတို့အတွက်ကတော့ ဒီပွဲရလဒ်ဟာ နိုင်ပွဲဖြစ်ဖို့သာ လိုအပ်နေတာမို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ နောက်တစ်ဆင့်တက် ရောက်ရေးအတွက် အနိုင်ရလဒ်သာစိတ်အေးရမှာဖြစ်တာကြောင့် ဘင်ဖီ ကာတို့ကတော့ အသည်းပေါက်မတတ်ကြိုးစားမှာဖြစ်ပါတယ်။ ဆဲလ်တစ်နဲ့ စပါးတပ်မော်စကိုတို့ပွဲမှာတော့ နောက်တစ်ဆင့်တက်ဖို့ အတွက် နိုင်ပွဲရလဒ်ကို ဖော်ဆောင်ဖို့ဆဲလ်တစ်တို့ ကစားအားသွန်ပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အတိမ်အစောင်း၊ အမှားအယွင်းမခံတာမို့ ဆဲလ်တစ်တို့ နောက်ဆုံး စက္ကန့်အထိ စိတ်ဓာတ်ပြင်းပြင်းထန်ထန်နဲ့ကစားမှာ သေချာပါတယ်။

jACBA မှ...


No comments:
Post a Comment