လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 4, 2012

ဖရန့်လမ်းပတ် ပရီးမီးယားလိဂ်ကိုစွန့်ခွာ၍ စီးရီးအေသို့ပြောင်းရွှေ့တော့မည်လား

Photo: ဖရန့်လမ်းပတ် ပရီးမီးယားလိဂ်ကိုစွန့်ခွာ၍ စီးရီးအေသို့ပြောင်းရွှေ့တော့မည်လား

အနာဂတ် မရေမရာဖြစ်နေသည့် ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစား သမား ဖရန့်လမ်းပတ်အား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူနိုင်ရန် အတွက် စီးရီးအေ ချန်ပီယံ အသင်းကြီး ဖြစ်သည့် ဂျူဗင်တပ် အသင်းက ဆန္ဒရှိနေသည်။

အင်္ဂလန် လက်ရွေးစင် ကစားသမားလမ်းပတ်၏ စတန်းဖို့ဒ်ဘရစ်ခ်ျနှင့် ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ ယခုအခါ ခုနစ်လပင် မကျန်တော့ ပေ။ အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ချိန်တွင်လည်း ချယ်လ်ဆီးတွင် ၎င်း၏ အနာဂတ်မရှိတော့ကြောင်း နည်းပြ ဘင်နီတက်ဇ်က လမ်းပတ်အား ပြောကြား ထားပြီးဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် လမ်းပတ်သည် အခြားပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် မန်ယူသို့ ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက အတည်ပြုထား ခြင်းမရှိပေ။

ဝါရင့် ကစားသမား တစ်ဦးဖြစ်သည့် လမ်းပတ်သည် ယခုအခါ အသက် ၃၄ နှစ်ရှိပြီဖြစ်သော်လည်း ၎င်းအား ခေါ်ယူလိုသည့် အသင်းများစွာ ရှိနေပြီး ချယ်လ်ဆီးနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးပါက ၎င်းအနေ ဖြင့် အင်္ဂလန်မြေမှ ထွက်ခွာ၍ အခြားကလပ် အသင်းကြီး တစ်သင်းသို့ ထွက်ခွာ မည့်အလားအလာ ရှိနေသည်။

MLS အသင်းများဖြစ်သည့် အယ်လ်အေဂလက်ဆီအသင်းနှင့် နယူးယော့ခ် ရက်ဘူး အသင်းတို့ကလည်း လမ်းပတ်အား ခေါ်ယူရန် ဆက်သွယ်ထား လျက် ရှိသော်လည်း ဂျူဗင်တပ်အသင်းက ၎င်းကိုခေါ်ယူရန် အခွင့်အရေး ပိုမိုသာလျက်ရှိသည်။ လမ်းပတ်အနေဖြင့် အီတလီသို့ ပြောင်းရွှေ့ကစားမည် ဆိုပါက ချန်ပီယံလိဂ်တွင် ဆက်လက်၍ ခြေစွမ်းပြနိုင်ခွင့် ရရှိမည်ဖြစ်သည်။

လမ်းပတ်သည် ယခုဘောလုံးရာသီကို ပရီးမီးယားလိဂ်တွင်သာ ကုန်ဆုံးရန် စိတ်အားထက်သန် လျက်ရှိပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်း၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

လမ်းပတ်သည် ချယ်လ်ဆီးအသင်းသို့ ၂ဝဝ၁ ခုနှစ်တွင် ဝက်စ်ဟမ်းအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၃၈၁ ပွဲကစားထားရာတွင် စုစုပေါင်း ၁၂၉ ဂိုးသွင်းယူ ထားပေးပြီးဖြစ်သည်။

အနာဂတ် မရေမရာဖြစ်နေသည့် ချယ်လ်ဆီး အသင်းမှ ကွင်းလယ်ကစား သမား ဖရန့်လမ်းပတ်အား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူနိုင်ရန် အတွက် စီးရီးအေ ချန်ပီယံ အသင်းကြီး ဖြစ်
သည့် ဂျူဗင်တပ် အသင်းက ဆန္ဒရှိနေသည်။

အင်္ဂလန် လက်ရွေးစင် ကစားသမားလမ်းပတ်၏ စတန်းဖို့ဒ်ဘရစ်ခ်ျနှင့် ချုပ်ဆိုထားသည့် စာချုပ် သက်တမ်းမှာ ယခုအခါ ခုနစ်လပင် မကျန်တော့ ပေ။ အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးပြီး ချိန်တွင်လည်း ချယ်လ်ဆီးတွင် ၎င်း၏ အနာဂတ်မရှိတော့ကြောင်း နည်းပြ ဘင်နီတက်ဇ်က လမ်းပတ်အား ပြောကြား ထားပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် လမ်းပတ်သည် အခြားပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် မန်ယူသို့ ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက အတည်ပြုထား ခြင်းမရှိပေ။

ဝါရင့် ကစားသမား တစ်ဦးဖြစ်သည့် လမ်းပတ်သည် ယခုအခါ အသက် ၃၄ နှစ်ရှိပြီဖြစ်သော်လည်း ၎င်းအား ခေါ်ယူလိုသည့် အသင်းများစွာ ရှိနေပြီး ချယ်လ်ဆီးနှင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း ကုန်ဆုံးပါက ၎င်းအနေ ဖြင့် အင်္ဂလန်မြေမှ ထွက်ခွာ၍ အခြားကလပ် အသင်းကြီး တစ်သင်းသို့ ထွက်ခွာ မည့်အလားအလာ ရှိနေသည်။

MLS အသင်းများဖြစ်သည့် အယ်လ်အေဂလက်ဆီအသင်းနှင့် နယူးယော့ခ် ရက်ဘူး အသင်းတို့ကလည်း လမ်းပတ်အား ခေါ်ယူရန် ဆက်သွယ်ထား လျက် ရှိသော်လည်း ဂျူဗင်တပ်အသင်းက ၎င်းကိုခေါ်ယူရန် အခွင့်အရေး ပိုမိုသာလျက်ရှိသည်။ လမ်းပတ်အနေဖြင့် အီတလီသို့ ပြောင်းရွှေ့ကစားမည် ဆိုပါက ချန်ပီယံလိဂ်တွင် ဆက်လက်၍ ခြေစွမ်းပြနိုင်ခွင့် ရရှိမည်ဖြစ်သည်။

လမ်းပတ်သည် ယခုဘောလုံးရာသီကို ပရီးမီးယားလိဂ်တွင်သာ ကုန်ဆုံးရန် စိတ်အားထက်သန် လျက်ရှိပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်း၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ဖွယ်ရှိသည်ဟု သိရသည်။

လမ်းပတ်သည် ချယ်လ်ဆီးအသင်းသို့ ၂ဝဝ၁ ခုနှစ်တွင် ဝက်စ်ဟမ်းအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၃၈၁ ပွဲကစားထားရာတွင် စုစုပေါင်း ၁၂၉ ဂိုးသွင်းယူ ထားပေးပြီးဖြစ်သည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..