လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 15, 2012

အသက်ကယ် ဘောလုံး တရုတ် လယ်သမား တစ်ဦး တည်ဆောက်

Photo: အသက်ကယ် ဘောလုံး တရုတ် လယ်သမား တစ်ဦး တည်ဆောက်

တရုတ်နိုင်ငံ ပေကျင်းမြို့ တောင်ပိုင်း ဟူဘေပြည်နယ် ချင်တန်ရွာရှိ လယ်သမား တစ်ဦးဖြစ်သူ လျိုချီယွမ် ဆိုသူသည် ၎င်း၏ နေအိမ် ခြံဝင်းထဲတွင် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနိုင်သော အသက် ကယ် ဘောလုံး ခုနစ်လုံးကို တည်ဆောက် လျက်ရှိသည်ဟု သိရသည်။ လျိုသည်၎င်းအသက်ကယ် ဘောလုံးအားသင်္ဘော၏ကိုယ်ထည်ဖြင့်
ဆောက်လုပ် ထားပြီး စတီးများ အသုံးပြု ထားသည်ဟု သိရသည်။

အဆိုပါ အသက်ကယ် ဘောလုံးများအား အနာဂတ်တွင် ဆူနာမီ၊ ငလျင်၊ ဟာရီကိန်း မုန်တိုင်း အစရှိသည့် သဘာဝဘေး အန္တရာယ်များ ကျရောက် လာပါက အစိုးရ ဌာနများနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ အသုံးပြု နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ယင်းအသက်ကယ် ဘောလုံး တည်ဆောက်ရန် စိတ်ကူးအား ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်ကား "2012" ကို ကြည့်ရှုပြီးနောက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု လျိုက ပြောကြားခဲ့သည်။

ထိုအသက်ကယ် ဘောလုံးများ အတွင်း၌  အောက်ဆီဂျင် ဘူးများပါဝင်ပြီး လူ ၁၄ ဦးခန့် ဝင်ရောက် နေထိုင် နိုင်ကြောင်း၊ ထို့အပြင် ၎င်းတို့ အတွက် ခိုင်ခံ့သော ထိုင်ခုံ ခါးပတ်များ ပါဝင်ကြောင်း သိရသည်။ 

၎င်းဘောလုံးကို ရေထဲတွင် မတ်မတ် တည်ရှိနိုင်ရန် ဒီဇိုင်းထွင် တည်ဆောက် ထားခြင်းကြောင့် ရေပေါ်တွင် ပေါလောပေါ် နိုင်ပြီး ခရီးနှင် နိုင်ကြောင်း သိရသည်။ 

၎င်းအသက်ကယ် ဘောလုံးသည် အလွန်ကြီး မားသောကြောင့် လျို၏ ခြံထဲတွင် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနိုင်ရန် စက်သီး အသုံးပြု၍ လူလေးဦးက ဆွဲရကြောင်း သိရသည်။ အဆိုပါ အသက်ကယ် ဘောလုံး တစ်လုံး၏ တန်ဖိုးမှာ  စတာလင်ပေါင် ၁၅ဝဝဝဝ  ရှိကြောင်း၊ ၎င်းဘောလုံးအတွင်း မိသားစုဝင် သုံးဦး ၁ဝ လကြာ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ကြောင်း တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ရန်းကျိုဖုက ယခုနှစ် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/1781-2012-12-14-09-21-47

တရုတ်နိုင်ငံ ပေကျင်းမြို့ တောင်ပိုင်း ဟူဘေပြည်နယ် ချင်တန်ရွာရှိ လယ်သမား တစ်ဦးဖြစ်သူ လျိုချီယွမ် ဆိုသူသည် ၎င်း၏ နေအိမ် ခြံဝင်းထဲတွင် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနိုင်သော အသက် ကယ် ဘောလုံး ခုနစ်လုံးကို တည်
ဆောက် လျက်ရှိသည်ဟု သိရသည်။ လျိုသည်၎င်းအသက်ကယ် ဘောလုံးအားသင်္ဘော၏ကိုယ်ထည်ဖြင့်
ဆောက်လုပ် ထားပြီး စတီးများ အသုံးပြု ထားသည်ဟု သိရသည်။

အဆိုပါ အသက်ကယ် ဘောလုံးများအား အနာဂတ်တွင် ဆူနာမီ၊ ငလျင်၊ ဟာရီကိန်း မုန်တိုင်း အစရှိသည့် သဘာဝဘေး အန္တရာယ်များ ကျရောက် လာပါက အစိုးရ ဌာနများနှင့် နိုင်ငံတကာမှ အဖွဲ့အစည်းများ အသုံးပြု နိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ယင်းအသက်ကယ် ဘောလုံး တည်ဆောက်ရန် စိတ်ကူးအား ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်ကား "2012" ကို ကြည့်ရှုပြီးနောက် ရရှိခဲ့ခြင်း ဖြစ်သည်ဟု လျိုက ပြောကြားခဲ့သည်။

ထိုအသက်ကယ် ဘောလုံးများ အတွင်း၌ အောက်ဆီဂျင် ဘူးများပါဝင်ပြီး လူ ၁၄ ဦးခန့် ဝင်ရောက် နေထိုင် နိုင်ကြောင်း၊ ထို့အပြင် ၎င်းတို့ အတွက် ခိုင်ခံ့သော ထိုင်ခုံ ခါးပတ်များ ပါဝင်ကြောင်း သိရသည်။

၎င်းဘောလုံးကို ရေထဲတွင် မတ်မတ် တည်ရှိနိုင်ရန် ဒီဇိုင်းထွင် တည်ဆောက် ထားခြင်းကြောင့် ရေပေါ်တွင် ပေါလောပေါ် နိုင်ပြီး ခရီးနှင် နိုင်ကြောင်း သိရသည်။

၎င်းအသက်ကယ် ဘောလုံးသည် အလွန်ကြီး မားသောကြောင့် လျို၏ ခြံထဲတွင် တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားနိုင်ရန် စက်သီး အသုံးပြု၍ လူလေးဦးက ဆွဲရကြောင်း သိရသည်။ အဆိုပါ အသက်ကယ် ဘောလုံး တစ်လုံး၏ တန်ဖိုးမှာ စတာလင်ပေါင် ၁၅ဝဝဝဝ ရှိကြောင်း၊ ၎င်းဘောလုံးအတွင်း မိသားစုဝင် သုံးဦး ၁ဝ လကြာ ဘေးအန္တရာယ် ကင်းရှင်းစွာ နေထိုင်နိုင်ကြောင်း တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ရန်းကျိုဖုက ယခုနှစ် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။

.myawady

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..