လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 15, 2012

သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်


Photo: သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်

သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ  ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအား ယခုအခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဂျိုဟန်သည် အဆိုပါ လှေကြီးကို တည်ဆောက်ရန် အတွက် နှစ်ပေါင်း ၂ဝ ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ် ခဲ့ရကြောင်း သိရသည်။ ၎င်းစူးစမ်း လေ့လာမှုများ ပြုလုပ်ရာတွင် ကမ္ဘာဦး ကျမ်းစာများကို မှီငြမ်းခဲ့ ရကြောင်း သိရသည်။

၎င်းလှေကြီးသည် ၄၂၇ ပေ အရှည်ရှိပြီး အကျယ်  ၉၅ ပေနှင့် အမြင့် ၇၅ ပေရှိကြောင်း၊ ၎င်းလှေကြီးကို သမ္မာ ကျမ်းစာအရ အချိုးအစား ညီညီ တည်ဆောက် ထားကြောင်း သိရသည်။ ထိုလှေကြီးသည် သမ္မာ ကျမ်းစာတွင် ဖော်ပြထား သကဲ့သို့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ် အများအပြားကို တင်ဆောင်နိုင်ခြင်း မရှိသော်လည်း  ဆင်နှစ်ကောင် ကနိုင်လောက်သည့် နေရာ အကျယ်အဝန်း ရှိကြောင်း သိရသည်။

ထို့ပြင် လှေကြီး၏ ထိုင်ခုံတန်း များကို ထင်းရှူးသား များနှင့် ပြု လုပ်ထားပြီး ထိုလှေကြီး ပေါ်သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ ကြည့်ရှုနိုင်ရန် အတွက် ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် ကျွဲ၊ မြင်း၊ ကျား၊ မျောက်ဝံ၊ ခြင်္သေ့၊  ဝက်ဝံ အရုပ်များကို ၎င်းလှေပေါ်တွင် ခင်းကျင်း ပြသထားပြီး အန္တရာယ် မပေးနိုင်သော အခြားသက်ရှိ သတ္တဝါများ ကိုလည်း သင်္ဘောပေါ်တွင် ထည့်သွင်း ထားရှိကြောင်း သိရသည်။ ထိုလှေကြီးသည်  အလွန်ပင်အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းလှေသို့ လာရောက် လည်ပတ်သည့် တောင်အာဖရိကမှ ဧည့်သည် တစ်ဦးက ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/1780-2012-12-14-09-19-46
သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအာယခုအခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ဂျိုဟန်သည် အဆိုပါ လှေကြီးကို တည်ဆောက်ရန် အတွက် နှစ်ပေါင်း ၂ဝ ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ် ခဲ့ရကြောင်း သိရသည်။ ၎င်းစူးစမ်း လေ့လာမှုများ ပြုလုပ်ရာတွင် ကမ္ဘာဦး ကျမ်းစာများကို မှီငြမ်းခဲ့ ရကြောင်း သိရသည်။

၎င်းလှေကြီးသည် ၄၂၇ ပေ အရှည်ရှိပြီး အကျယ် ၉၅ ပေနှင့် အမြင့် ၇၅ ပေရှိကြောင်း၊ ၎င်းလှေကြီးကို သမ္မာ ကျမ်းစာအရ အချိုးအစား ညီညီ တည်ဆောက် ထားကြောင်း သိရသည်။ ထိုလှေကြီးသည် သမ္မာ ကျမ်းစာတွင် ဖော်ပြထား သကဲ့သို့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ် အများအပြားကို တင်ဆောင်နိုင်ခြင်း မရှိသော်လည်း ဆင်နှစ်ကောင် ကနိုင်လောက်သည့် နေရာ အကျယ်အဝန်း ရှိကြောင်း သိရသည်။

ထို့ပြင် လှေကြီး၏ ထိုင်ခုံတန်း များကို ထင်းရှူးသား များနှင့် ပြု လုပ်ထားပြီး ထိုလှေကြီး ပေါ်သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ ကြည့်ရှုနိုင်ရန် အတွက် ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် ကျွဲ၊ မြင်း၊ ကျား၊ မျောက်ဝံ၊ ခြင်္သေ့၊ ဝက်ဝံ အရုပ်များကို ၎င်းလှေပေါ်တွင် ခင်းကျင်း ပြသထားပြီး အန္တရာယ် မပေးနိုင်သော အခြားသက်ရှိ သတ္တဝါများ ကိုလည်း သင်္ဘောပေါ်တွင် ထည့်သွင်း ထားရှိကြောင်း သိရသည်။ ထိုလှေကြီးသည် အလွန်ပင်အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းလှေသို့ လာရောက် လည်ပတ်သည့် တောင်အာဖရိကမှ ဧည့်သည် တစ်ဦးက ပြောကြားခဲ့သည်။

.myawady.

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..