လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, December 15, 2012

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာကုသနိုင်ခဲ့

HIV ပိုးကို အသုံးပြု၍ သွေးကင်ဆာရောဂါ အောင်မြင်စွာကုသနိုင်ခဲ့

အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

အမ်မာဝိုက်ဟက်ဒ်အမည်ရှိ အဆိုပါ မိန်းကလေးငယ်သည် သွေးကင်ဆာ ရောဂါကို ဓာတုကုထုံး များဖြင့် နှစ်နှစ်နီးပါး ကြာကုသပြီးနောက် ဖေဖော်ဝါရီလ အတွင်း၌ ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ ဆရာဝန်များ က HIV ပိုးကို အသုံးပြု၍ ကုသမှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန် တစ်ဦးဖြစ်သူ စတီဖင်ဂရပ်က ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် သွေးကင်ဆာ ရောဂါ ခံစားနေရသော လူနာများကို အောင်မြင်စွာ ကုသနိုင်သည့် ကုသမှုတစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ T-cells များကို အမှန်တကယ် ဖန်တီးနိုင်ပြီဖြစ်သည့် အပြင် ယင်း T-cells များသည် လူနာ၏ ခန္ဓာကိုယ်အတွက် ဆက်လက်ရှင် သန်ကြီးထွားပြီး ကင်ဆာ ဆဲလ်များ ကို တိုက်ဖျက်နိုင်သည့် ခုခံအားစနစ်ကိုထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CTLO19 အမည်ရှိ အဆိုပါကုထုံးကို ပင်ဆယ်ပေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် အဆိုပါ ကုထုံးကို အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု ဌာနက ထောက်ခံခဲ့ပြီး အခြားဆေးရုံများတွင်လည်း ကုသနိုင် ပြီဖြစ်ကြောင်း ဒေါက်တာဂရပ်ကပြော ကြားခဲ့သည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များသည် အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကို အသုံးပြု၍ သွေးကင်ဆာ ရောဂါ ခံစားနေရသော ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ဦးအား အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။ အမ်မာဝိုက်ဟက်ဒ်အမည်ရှိအဆိုပါမိန်းကလေးငယ်သည် သွေးကင်ဆာ ရောဂါကိုဓာတုကုထုံးများဖြင့် နှစ်နှစ် နီးပါး ကြာကုသပြီးနောက် ဖေဖော်ဝါရီလအတွင်း၌ဖီလာဒဲလ်ဖီးယားကလေးဆေးရုံမှဆရာဝန်များကHIVပိုး ကို အသုံးပြု၍ ကုသမှု တစ်ရပ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဆေးရုံမှ
ဆရာဝန်တစ်ဦးဖြစ်သူစတီဖင်ဂရပ်က ပြောကြားခဲ့သည်။ မိမိတို့ အနေဖြင့် သွေးကင်ဆာ ရောဂါ ခံစားနေရသော လူနာများကို အောင်မြင်စွာ ကုသနိုင်သည့် ကုသမှု တစ်ရပ်ကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ T-cells များကို အမှန်တကယ် ဖန်တီးနိုင်ပြီဖြစ်သည့် အပြင် ယင်း T-cells များ သည်လူနာ၏ခန္ဓာကိုယ်အတွက်ဆက်လက်ရှင်သန်ကြီးထွားပြီးကင်ဆာဆဲလ်များကိုတိုက်ဖျက်နိုင်သည့်ခုခံ အားစနစ်ကိုထုတ်လုပ်ပေးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ CTLO19 အမည်ရှိ အဆိုပါကုထုံးကို ပင်ဆယ်ပေးနီးယား တက္ကသိုလ်မှ သုတေသန ပညာရှင်များက တွေ့ရှိ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် အဆိုပါ ကုထုံးကို အစားအစာနှင့် ဆေးဝါးစီ မံခန့်ခွဲမှု ဌာနက ထောက်ခံခဲ့ပြီးအခြားဆေးရုံများတွင်လည်းကုသနိုင် ပြီဖြစ်ကြောင်း ဒေါက်တာဂရပ်ကပြော ကြားခဲ့သည်။


မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..