လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, December 18, 2012

အမြန်နှုန်း မြင့်တင် ပေးမယ့် အားကစား ၀တ်စုံသစ်


အမြန်နှုန်း မြင့်တင် ပေးမယ့် အားကစား ၀တ်စုံသစ် 

  အားကစား ပစ္စည်း ကုမ္ပဏီ Nike ဟာ အားကစား သားတွေရဲ့ အမြန်နှုန်းကို အနည်းငယ် မြှင့်တင် ပေးနိုင်မယ့် Turbo Speed လို့ အမည် ပေးထားတဲ့ အားကစား ၀တ်စုံ သစ်ကို ထုတ်လုပ် ခဲ့ပါတယ်။ ဒီဝတ်စုံကို အလွန် ပေါ့ပါးတဲ့ ပိုလီ စတာနဲ့ ပြုလုပ် ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ ထူးခြားချက် ကတော့ ၀တ်စုံရဲ့ မျက်နှာပြင်မှာ အချိုင့်လေးတွေ ပါဝင်ပြီး ဂေါက်သီး မျက်နှာပြင်က အချိုင့် လေးတွေကို နမူနာ ဖန်တီး ထားတာလို့ ဆိုပါတယ်။ ဒီအချိုင့် လေးတွေဟာ ပြေးလွှား လှုပ်ရှာတဲ့ အချိန်မှာ ၀တ်စုံရဲ့ မျက်နှာပြင်မှာ လေထု အလွှာပါး တစ်ခု ဖြစ်ပေါ်စေပြီး
ခန္ဓာကိုယ်ရဲ့ နောက်ဘက်မှာ လေ ဟာ နယ်ဆွဲအား ဖြစ်ပေါ်မှုကို လျှော့ကျစေမှာ ဖြစ်ပါတယ်။ Nike ရဲ့ အဆိုအရတော့ ဒီဝတ်စုံကို ၀တ်ဆင်ထားတဲ့ အပြေးသမား တစ်ယောက်ဟာ မီတာ ၁၀၀ အပြေး ပြိုင်ပွဲမှာ 0.23 စက္ကန့် ပိုမြန် လာတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန် နည်းပါးတဲ့ ပမာဏ ဖြစ်ပေမယ့် ကမ္ဘာ့အဆင့် မီတာ ၁၀၀ ပြေးပွဲတွေ မှာတော့ အဆင့်များစွာ ပြောင်းလဲ စေနိုငတဲ့ အချိန် ပမာဏ ဖြစ် ပါတယ်။ Nike က ဒီ Turbo Speed အားကစား ၀တ်စုံကို ၂၀၁၂ လန်ဒန် အိုလံပစ် ပွဲတော် အတွက် ရည်ရွယ် ထုတ်လုပ် ခဲ့တာလို့ ဆိုပါတယ်။

Ref : Techspacejournal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..