သူသည် မွေးဖွားစဉ်ကပင် (ခြေထောက်သေးသေးလေး တစ်ဖက်သာပါရှိ သဖြင့်)ခြေ၊လက်အင်္ဂါမပါရှိသော ကိုယ်အင်္ဂါချို့တဲ့သူဟု ဆိုနိုင်သည်။ သို့သော် သူသည် ရေးကူးသည်၊ ရေလွှာစကိတ်စီး သည်။ ဂေါက်သီးရိုက် သည်။
သာမန်လူကဲ့သို့ပင် မကြီးထွားသော ခြေထောက်သေး နှစ်ဖက်ဖြင့် ခန္ဓာကိုယ်မျှခြေထိမ်းပေးခြင်း၊ ဘောလုံး ကန်ခြင်း၊ စာရေးခြင်း၊ ပစ္စည်းဆုပ်ကိုင်ခြင်း တို့အပြင် ကွန်ပျူတာကို ကောင်း စွာအသုံးချနိုင်စေသည်။ Nick သည်အသက် ၁၀ နှစ်အရွယ်တွင် ရေချိုးခန်း တွင်း၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချသက်သေရန် ကြိုးပမ်းခဲ့သည်။ သို့သော်သူ ၏ ကြိုးပမ်းချက် မအောင်မြင်ခဲ့ချေ။
နောင်သောအခါ ဘာသာရေးစာပေ၊ မိသားစုနှင့် အပေါင်းအသင်းမိတ်ဆွေ များ၏ အကူအညီဖြင့် အသက်ရှင်ရုန်းကန်ရင်း ဘဝတွင် အနေပျော်လာခဲ့ သည်။ ယခုအခါ Nick သည် ကိုယ်အင်္ဂါချို့တဲ့ သူတို့အတွက် စံပြတစ်ဦး ဖြစ် ခဲ့ပြီး ခြေ လက်ချို့တဲ့သူများ အဖွဲ့ချုပ်၏ ဒါရိုက်တာတစ်ဦး ဖြစ်လာခဲ့သည်။
Ref:rare-facts

No comments:
Post a Comment