Imogen ဆိုတဲ့ ကလေးငယ်ဟာ အသက်ကိုးပတ် အရွယ်ခန့်မှစပြီး Biliary Atresia ရောဂါရှိတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ သည်းခြွေပန်မပါဘဲ မွေးလာတဲ့ ကလေးဖြစ်ပြီး အစာထဲမှ အဆီကို ဖြိုခွဲဖို့ မဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကြောင့် အသည်းက အလုပ် အလွန်လုပ်ရပြီး အသည်းမှာ သည်းခြေရည်တွေ စုဆောင်းမှု ရှိနေကာ သေဆုံးနိုင်တာကြောင့် အသည်းအစားထိုး ကုသမှုခံယူဖို့ ငါးလခန့် စောင့်ဆိုင်းနေစဉ်အတွင်း အသက်ကယ်ဖို့ အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အတွက် မိခင်ဖြစ်သူက သူမရဲ့ အသည်းတစ်ဝက်ကို အစားထိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အင်မိုဂန် ၁၁ လအရွယ်မှာ အသည်းအစားထိုးဖို့ မိခင်နဲ့ကလေးဟာ ဆေးရုံ တစ်ခုစီမှာ ခွဲစိတ်မှု ခံယူတယ်လို့ သိရပါတယ်။ မိခင် ချဲလော့ရဲ့ အသည်းအစိတ်အပိုင်း တချို့ကို Queen Elizabeth ဆေးရုံမှာ ကိုးနာရီကြာအောင် ခွဲစိတ်ပြီး ထုတ်ယူကာ ဘာမင်ဟန် ကလေးဆေးရုံမှ အင်မိုဂန်ကို အစားထိုး ကုသဖို့ ပေးခဲ့ပါတယ်။ အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းကြောင့် သမီးငယ်ကို ပေးခဲ့တဲ့ ချဲလော့ရဲ့ အသည်း ဘယ်ဘက်ခြမ်းဟာ ပုံမှန်အရွယ်အတိုင်း ကြီးထွားလာပြီး မိခင်မှာ ကျန်ရစ်ခဲ့တဲ့ ညာဘက် ခြမ်းမှာလည်း ပုံမှန်အသည်း အရွယ်အစားအတိုင်း ပြန်လည်ကောင်း မွန်သွားပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီး ခြောက်ရက်အကြာမှာမှ မိခင်ဟာ သူမရဲ့သမီးကို တွေ့ခွင့်ရရှိတယ်လို့ သိရပါတယ်။
yoyarlay
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment