လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, December 20, 2012

ဖူဆယ် ဂိုးသမား ရဲမြတ်မင်းအား ရာသက်ပန် ပွဲပယ်



ပြိုင်ဘက် ကစားသမားအား ရည်ရွယ်ချက်ဖြင့် နှစ်ချက်ဆင့် ကန်ခဲ့သော Royal Land အသင်းမှ ဂိုးသမားရဲမြတ်မင်းအား ဖူဆယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေးကော် မတီက ရာသက်ပန် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။
ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ၂၀၁၂ ဖူဆယ်လိဂ်အမှတ်ပေးပြိုင်ပွဲ MFF AYA Fustal League နောက်ဆုံးပွဲစဉ်ဖြစ်သည့် ACE အသင်းနှင့် Royal Land ပွဲစဉ်တွင် ပွဲကစားချိန် ၃၃ မိနစ်၌ Royal Land အသင်းဂိုးသမား (ကျောနံပါတ် ၁၆)နှင့် ACE ကစားသမားတို့ ဘောလုံးယှဉ်လုရင်း နှစ်ဦးစလုံး လဲကျသွားခဲ့သည်။ ထိုအချိန်တွင် Royal Land အသင်းမှ ဂိုးသမားက လဲနေရာမှထကာ
ပြိုင်ဘက်ကစားသမားအား နှစ်ချက်ဆင့် ကန်ကျောက်ခဲ့ သည့်အတွက် ACE အသင်းကစားသမားမှာ ဘယ်ဘက်မျက်ခုံး အနည်းငယ်ကွဲသွားခဲ့သည်။
ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ၎င်းအား အနီကတ်ပြသကာ ထုတ်ပယ်ခဲ့သည်။ ဖူဆယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဒီဇင်ဘာ ၁၇ တွင် အစည်းအဝေးပြုလုပ်ကာ ၎င်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ခံရသော ကစားသမားအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မည်သည့်ပြိုင်ပွဲတွင်မှ ၀င်ရောက်ကစားခွင့်ရှိမည်မဟုတ်ဘဲ ဖူဆယ်ကစားသမားတစ်ဦးအနေဖြင့် ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဓာတ်ပုံ- ကြည်စိုး

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..