လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, December 30, 2012

ပါကစ္စတန် ပြန်ပေးဆွဲ သတ်ဖြတ်မှု ၂၁ ဦးသေ


ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့နားမှာ
 ကြာသပတေးနေ့က စစ်သွေးကြွတွေရဲ့
 ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတဲ့ လူမျိုး
စုတွေရဲ့ ပြည်သူ့စစ် ၂၁ ယောက်ဟာ

 သေနတ်နဲ့ ပစ်သတ်ခံထားရပြီး သေဆုံးနေတာ တွေ့ခဲ့ရတယ် လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ပက်ရှ်ဝါမြို့နားက Jabai ဒေသမှာ အဲဒီသေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပါကစ္စတန် အာဏာပိုင်တွေ က တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီဒေသအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Naveed Akbar Khan က ပြောပါတယ်။

အဲဒီလူတွေဟာ ကြာသပတေးနေ့ ပျောက်ဆုံးသွားခဲ့တဲ့ ပြည်သူ့စစ် ၂၃ ယောက်ထဲက လူတွေဖြစ်တယ် လို့ ပြောပါတယ်။ အဲဒီလူတွေဟာ ခိုင်ဘာပတွန်ခွာ ပြည်နယ်က ကင်းစခန်းကို လက်နက်ကိုင်တွေက တိုက်ခိုက်ခဲ့စဉ်အတွင်း ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ဘယ်သူကမှတော့ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ မပြောသေးပါဘူး။ ဒါပေမဲ့ ဒါဟာ အယ်လ်ခိုင်းတွေနဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အဲဒီ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။

 VOA (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..