လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, December 30, 2012

ရုရှားအာကာသ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့



အာကာသရေးရာနည်းပညာနဲ့ အာကာသ
ခရီးစဉ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့အတွက် ရုရှားနိုင်ငံက
 လာမယ့် ၂ဝ၁၃ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၇ဝ ခန့် အသုံးပြု
သွားမယ်လို့ ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်က
 ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြား
လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ အာကာသရေးရာနည်းပညာနဲ့ လုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြုနိုင်ဖို့နဲ့ အာကာသနည်းပညာဖွံ့ဖြိုး တိုးတက်စေဖို့အပြင် အာကာသရေးရာကာကွယ်ရေးနဲ့ လုံခြုံ ရေးရာ ကိစ္စတွေကို ဆောင်ရွက်သွားဖို့အတွက် အခုလို ငွေကြေး အမြောက်အမြားသုံးစွဲသွားဖို့ စီစဉ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတကာအာကာသစခန်းယာဉ်စီမံကိန်း၊ လေ့လာရေး စီမံကိန်းနဲ့အင်္ဂါဂြိုဟ်အပြင် အခြားကြယ်တာရာအဖွဲ့အစည်း တွေကို လေ့လာသုတေသနပြုလုပ်ဖို့ဆိုတဲ့ စီမံကိန်းတွေကို ရုရှား နိုင်ငံက အလေးအနက်ထားပြီး အောင်မြင်အောင်စွမ်းဆောင် သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ လောလောဆယ်မှာ နာဆာနဲ့ ပူးတွဲပြီး အာကာသကို လူလိုက်ပါမယ့် ခရီးစဉ်စေလွှတ်တင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အဲဒီ လူလိုက် ပါမယ့် အာကာသခရီးစဉ်အတွက်ျွီ-၁၈ဝ အင်ဂျင်ကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ျွီ-၁၈ဝ အင်ဂျင်ဟာ လူလိုက်ပါမယ့် အာကာသယာဉ်မှာ အသုံးပြုမှာဖြစ်လို့ ပြုပြင် တပ်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်ကို လာမယ့် ၂ဝ၁၄ ခုနှစ်မှာ လွှတ်တင် ဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ဒေါ်လာ ၁၁ သန်းခန့်အကုန် အကျခံတည်ဆောက်ထားတဲ့ အဲဒီအာကာသဒုံးပျံအင်ဂျင်ဟာ ရုရှားနိုင်ငံ အိုကာတီအမ်ကေအက်စ်သုတေသနဌာနက ဒီဇိုင်းပုံစံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ လူလိုက်ပါမယ့် အာကာသယာဉ်ခရီးစဉ်ဟာ နိုင်ငံတကာ အာကာသယာဉ်စခန်းမှာ ရက်ပေါင်း ၁၈ဝကြာ ချိတ်ဆက်ပြီး အာကာသယာဉ်မှူးတွေက လုပ်ငန်းတွေလုပ်ကိုင်ကြမှာဖြစ်ပါ တယ်။ ပထမအစီအစဉ်အရ လူလိုက်ပါမယ့် ရုရှားအာကာသ ယာဉ်ကို ၂ဝ၁၅ ခုနှစ်မှာ လွှတ်တင်ဖို့စီစဉ်ခဲ့ပေမယ့် အခုအခါ မှာတော့ ၂ဝ၁၄ ခုနှစ်မှာ လွှတ်တင်ဖို့ အားလုံးကသဘောတူညီ လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ရုရှားအာကာသ အေဂျင်စီရဲ့ ၂ဝ၁၃- ၂ဝ၂ဝ အာကာသရေးရာ စီမံကိန်းရဲ့ အစီအစဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ယခင် ဆိုဗီယက်ပြည်ထောင်စု လက်ထက်ကတည်းက အာကာသရေးရာ အစီအစဉ်တွေကိုဆောင်ရွက်ဖို့ ဆိုဗီယက် ပြည်ထောင်စု အာကာသအေဂျင်စီကို ၁၉၂၂ ခုနှစ်ကနေပြီး ၁၉၉၁ ခုနှစ်အထိ ထူထောင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကစတင်ပြီး ရုရှားအာကာသ အေဂျင်စီအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကာ အခုအချိန်အထိ အာကာသရေးရာလုပ်ငန်းတွေကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီဟာ မော်စကိုမြို့ရှက်ချက် ကင်လမ်းမှာတည်ရှိပြီး ဘိုင်ကိုနော့စခန်းနဲ့ ပလီဆက်အာကာသ ယာဉ် လွှတ်တင်ရေးစခန်းတို့ကနေပြီး အာကာသယာဉ်တွေ၊ ဒုံးပျံတွေကို လွှတ်တင်နေခြင်းပဲဖြစ်ပါတယ်။ ဗလာဒီမာပိုပေါဗ် ကင်ဦးစီးတဲ့ ရုရှားအာကာသအေဂျင်စီဟာ ၂ဝ၁၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ငွေကြေးသုံးစွဲခွင့်ရ ထားပါတယ်။ အာကာသခရီးစဉ်မှာလိုက်ပါမယ့်အာကာသယာဉ်မှူးတွေ ဟာ ကိုရိုလက်ဗ်မြို့အနီးမှာရှိတဲ့အာကာသယာဉ်လေ့ကျင့်ပျံ သန်းရေးစခန်းမှာ လက်တွေ့လေ့ကျင့်ကြရပြီး စတားစီးတီးမှာ ကြိုတင်လေ့ ကျင့်မှုတွေပြုလုပ်ကြရပါတယ်။ ရုရှားနိုင်ငံဟာ ဆိုယုဇ်နဲ့ပရို ဂရက်အာကာသ ယာဉ်ခရီးစဉ်တွေကို ဆက်လက် ပျံသန်းဖို့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပြီးလာမယ့်နှစ်အနည်း ငယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ရုရှားအာကာသအေဂျင်စီအနေနဲ့ အာကာသရေးရာလုပ်ငန်း တွေ ဆောင်ရွက်ဖို့ ၂ဝ၁၂ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၇ ဘီလီယံသုံးစွဲခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့် သုံးစွဲဖို့ခွင့်ပြုပေးမှာဖြစ်သလို ၂ဝ၁၄ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံကို သုံးစွဲခွင့်ပြုထားပါတယ်။ လောလောဆယ်မှာတော့ အာကာသမှနေပြီး ကမ္ဘာမြေ လေ့လာရေးအာကာသယာဉ်တွေ၊ အာကာသဒုံးပျံယာဉ်လွှတ်တင် မှုတွေ၊ နိုင်ငံတကာ အာကာသစခန်းယာဉ်သို့ စေလွှတ်မယ့် ခရီးစဉ်တွေ၊ အင်္ဂါဂြိုဟ်နဲ့လကို လေ့လာရေးစေလွှတ်မယ့် အာကာသခရီးစဉ်တွေဆောင်ရွက်နေပြီး ရုရှားနိုင်ငံရဲ့ အာကာသ ရေးရာလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 
(ရိုက်တာ)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..