Apple ရဲ့  iTunes နဲ့ သက်ဆိုင်တဲ့ ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ် စာရေး ဆရာ ၈ ဦးရဲ့  ခွင့်ပြုချက်အရပဲ သူတို့ စာအုပ်တွေကို iTunes မှတစ်ဆင့် Apple က ဖြန့်ချိခဲ့လို့ ဖြစ်ပါတယ်။
ယင်းအတွက် တရားဆွဲဆိုမှုကြောင့် ပေကျင်းမြို့  ပေါ် တရားရုံးက စီရင်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းစီရင်ချက်အရ လျော်ကြေးငွေ တရုတ် ယွမ် ၁ သန်းကျော် ပေးလျော်ရမှာ ဖြစ်ပါတယ်။ ယခုလို အလားတူ ဖြစ်ရပ်မျိုး တရုတ် ပြည်မှာ ခဏခဏ ဖြစ်ပြီး Apple နဲ့ တိုက်ရိုက် ရင်ဆိုင်ရမှုပေါင်း များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
စာရေးဆရာတို့ရဲ့  ခွင့်ပြုချက်မပါပဲ စာအုပ်များ iTunes ပေါ်က တစ်ဆင့် ရောင်းချမှုများ ဖြစ်ပေါ်ပြီး Apple တို့ တရုတ်တရားရုံးနဲ့ အသွား အပြန် ဖြစ်ခဲ့ရပါတယ်။ " စာရေးဆရာများကိုလည်း လေးစားပါတယ်။ လိုင်စင်ဗားရှင်းဖြစ်တာတွေကိုပဲ ဖြန့်ချိတယ် ဆိုပေမယ့် တစ်ခါတစ်ရံ ဒီလို မှားယွင်းတာမျိုးတွေ ဖြစ်ပါတယ်။ နောက် ဒီထက်ပိုပြီး iTunes မှာ ပြုပြင် မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" လို့ Apple ရဲ့  တရုတ်ပြည်ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
--
Ref: latimes
Aung Kham (TSJ team)

No comments:
Post a Comment