လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, December 24, 2012

၁၉ လမ်းနဲ့ ခိုင်ထူး

 
၁၉ လမ်း ခိုင်ထူးလို့ အများက တညီတညွတ်တည်း နာမည်ပေးထားတဲ့သူကို သောကြာနေ့ညက ရန်ကုန်မြို့ တရုတ်တန်း ၁၉ လမ်း စားသောက်ဆိုင်တခုမှာ  တွေ့ရပါတယ်။
သူ့ကို ဆိုင်က ဖျော်ဖြေရေးအတွက် ခေါ်ထားတာ ဟုတ်မဟုတ် စုံစမ်းကြည့်တော့ ... သူက ဒီလိုပဲ ... လမ်းထဲက ဆိုင်တွေမှာ လှည့်ပြီး သီချင်းဆိုနေတာ လို့ ဆိုင်ဝန်ထမ်းတယောက်က ရှင်းပြပါတယ်။ ဆိုင်တွေကိုရောက်လာသူတချို့က သူ့ကို ပိုက်ဆံပေးကြတယ် တဲ့။

 
ဂူဂဲလ်မှာ ရှာကြည့်တော့ ၁၉ လမ်း ခိုင်ထူးက ဒီလမ်းထဲ ဒီလို သီချင်းလိုက်ဆိုနေတာ ၁၀ နှစ် ၀န်းကျင်လောက် ရှိပြီလို့ 7Day News ဂျာနယ် ဆောင်းပါး တပုဒ်မှာ တွေ့ပါတယ်။
ရန်ကုန်နဲ့ ၁၀ နှစ် ၀န်းကျင်လောက် ဝေးကွာခဲ့တဲ့ ကျနော့်အတွက်တော့ ဂစ်တာတလက်နဲ့"၁၉ လမ်းခိုင်ထူး"က တကယ့်ကို အသစ်အဆန်း ဖြစ်နေတာပါပဲ။

ခိုင်ထူးရဲ့ ဟန်က သီချင်းတွေကို အားနဲ့မာန်နဲ့ ဆိုခြင်းပါပဲ။ ၁၉ လမ်း ခိုင်ထူးကတော့ အဆိုတော်ကြီးထက် အားမာန် ပိုထည့်ပါတယ်။

ခိုင်ထူးနှစ်ယောက်စလုံး သက်တူရွယ်တူတွေ ဖြစ်မှာပါ။ အဆိုတော်ခိုင်ထူးက ၁၉၈၀ နဲ့ ၁၉၉၀ နှစ်များမှာ အထင်ကရဖြစ်ခဲ့သူပါ။ 

 
'၁၉ လမ်း ခိုင်ထူး' ဆိုတီးနေတာကို နှစ်မိနစ် သုံးမိနစ်လောက် ရပ်ကြည့်ပြီး ပြန်ခဲ့ပါတယ်။

၁၉ လမ်း အထက်လမ်းမှာ စားသောက်ဆိုင်တွေက လမ်းရဲ့ တ၀က်နီးပါးကို ဆက်တိုက်သိမ်းပိုက်ထားတာပါ။  အနော်ရထာလမ်းမကြီးဘက်က ၀င်လိုက်တာနဲ့ ဒီဆိုင်တွေကို တွေ့ရပါတယ်။
ဆိုင်းအတွင်းပိုင်းရော ဆိုင်ရှေ့က ၀ိုင်းများမှာပါ စားသုံးသူ အများအပြားပါပဲ။ ယမကာလုလင် အများစုကတော့ ဘီယာသောက်ကြတာပါ။

ဘီယာသောက်သူတွေ ကျက်စားရာဆိုင်တွေ စုဝေးနေတာမျိုး ရန်ကုန်မြို့လယ်မှာ ဒီတနေရာပဲ ရှိမယ် ထင်ပါတယ်။

ရန်ကုန်က မခွာခင် ညပိုင်း စကားဝိုင်းဖွဲ့ဖို့ လိုအပ်လာရင် ၁၉ လမ်းထဲက တဆိုင်ဆိုင်မှာ ထိုင်ဖြစ်ကောင်း ထိုင်ဖြစ်လိမ့်မယ်လို့ တွေးမိပါတယ်။

ဧရာဝတီ မှ..

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..